Celebrity

ျပည္သူေတြအတြက္ စားနပ္ရိကၡာေတြ လႉဒါန္းခဲ့ၿပီး ႏွစ္သစ္ကူး အခ်ိန္အခါကို စတင္ျဖတ္သန္းခဲ့တဲ့ ပိုးၾကာျဖဴခင္

Written by Ms Cele

ျပည္သူေတြအတြက္ စားနပ္ရိကၡာေတြ လႉဒါန္းခဲ့ၿပီး ႏွစ္သစ္ကူး အခ်ိန္အခါကို စတင္ျဖတ္သန္းခဲ့တဲ့ ပိုးၾကာျဖဴခင္

ဆိုင္းမိုင္ ဆိုတဲ့ ဇာတ္႐ုပ္နဲ႔ ပရိသတ္ အခ်စ္ေတြ အခိုင္အမာ ရရွိကာ တစ္ခဲနက္ေအာင္ျမင္မႈေတြ မ်ားစြာရရွိထားတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ပိုးၾကာျဖဴခင္ကေတာ့ လတ္တေလာ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြ နဲ႔အတူ ရပ္တည္ေနသူပါပဲ..။ ၿပီးခဲ့တဲ့ လပိုင္းေတြ ကတည္းက စတင္ခဲ့တဲ့ ေႏြဦးေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ျပည္သူေတြနဲ႔အတူ လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့ၿပီး လႉဒါန္းမႈေတြ ကိုလည္း အမ်ားအျပားျပဳလုပ္ကာ အားလုံး နဲ႔ တစ္သားတည္း ပါဝင္ေန သူလည္း ျဖစ္ပါတယ္..။

ျပည္သူေတြ အတြက္ တတ္နိုင္တဲ့ ဘက္ကေန ပါဝင္အားျဖည့္ခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းသမီးပိုးၾကာျဖဴခင္ ကေတာ့ ဒီကေန႔မွာလည္း ျပည္သူေတြ အတြက္ စားနပ္ရိကၡာေတြ လႉဒါန္းခဲ့ၿပီး ႏွစ္သစ္ကူး အခ်ိန္အခါကို စတင္ျဖတ္သန္းကာ ကုသိုလ္ယူခဲ့ျပန္ပါတယ္..။ ျမန္မာ့ေႏြဦး သၾကၤန္အႀကိဳေန႔အမွီ အလႉအျဖစ္ ဆန္၊ ဆီနဲ႔ အျခားစားေသာက္ကုန္ေတြကို ျပည္သူေတြ အတြက္ လႉဒါန္းကာ မြန္မြန္ျမတ္ျမတ္ ကုသိုလ္ယူခဲ့တဲ့ ပုံရိပ္ေတြ ကိုလည္း ပိုးၾကာျဖဴခင္က ပရိသတ္ေတြကိုလည္း အသိေပးေဝမၽွထားတာ ျဖစ္ပါတယ္..။

“ျမန္မာ့ေႏြဦး သၾကၤန္အႀကိဳေန႔ အမွီ မြန္ျမတ္ေသာ အလႉဒါန အတြက္ ဝမ္းသာပီတိျဖစ္မိပါသည္.. ပါဝင္လႉဒါန္းေပးပါေသာ မိတ္ေဆြ ေရာင္းရင္းမ်ား,အနယ္နယ္အရပ္ရပ္မွ စာအုပ္ခ်စ္သူ ပရိတ္သတ္မ်ားႏွင့္ Poe Kyar Phyu Khin fans မ်ား အားလုံး အထူးေက်းဇူးတင္ရွိပါသည္.🙏🙏🙏..” ဆိုကာ အလႉပုံရိပ္ေတြကို ေဝမၽွထားတာပါ..။ အၾကၤန္အႀကိဳေန႔မွာပဲ ျပည္သူေတြနဲ႔ ေကာင္းမႈ ကုသိုလ္ေတြ ျပဳလုပ္ရင္း ျဖတ္သန္းေနၾကတဲ့ ပိုးၾကာျဖဴခင္တို႔ မိသားစုရဲ့ အလႉပုံရိပ္ေတြ ကိုလည္း အားလုံးက သာဓုေခၚကာ ဆုေတာင္းေပး ထားၾကတာလည္း ေတြ႕ရပါတယ္..။

Photo Credit – Poe Kyar Phyu Khin’s Fb Acc
Credit

ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပြီး နှစ်သစ်ကူး အချိန်အခါကို စတင်ဖြတ်သန်းခဲ့တဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင် ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ် အချစ်တွေ အခိုင်အမာ ရရှိကာ တစ်ခဲနက်အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချော ပိုးကြာဖြူခင်ကတော့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ ရပ်တည်နေသူပါပဲ..။ ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး လှူဒါန်းမှုတွေ ကိုလည်း အများအပြားပြုလုပ်ကာ အားလုံး နဲ့ တစ်သားတည်း ပါဝင်နေ သူလည်း ဖြစ်ပါတယ်..။

ပြည်သူတွေ အတွက် တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်အားဖြည့်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီးပိုးကြာဖြူခင် ကတော့ ဒီကနေ့မှာလည်း ပြည်သူတွေ အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပြီး နှစ်သစ်ကူး အချိန်အခါကို စတင်ဖြတ်သန်းကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။ မြန်မာ့နွေဦး သင်္ကြန်အကြိုနေ့အမှီ အလှူအဖြစ် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို ပြည်သူတွေ အတွက် လှူဒါန်းကာ မွန်မွန်မြတ်မြတ် ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်တွေ ကိုလည်း ပိုးကြာဖြူခင်က ပရိသတ်တွေကိုလည်း အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။

“မြန်မာ့နွေဦး သင်္ကြန်အကြိုနေ့ အမှီ မွန်မြတ်သော အလှူဒါန အတွက် ဝမ်းသာပီတိဖြစ်မိပါသည်.. ပါဝင်လှူဒါန်းပေးပါသော မိတ်ဆွေ ရောင်းရင်းများ,အနယ်နယ်အရပ်ရပ်မှ စာအုပ်ချစ်သူ ပရိတ်သတ်များနှင့် Poe Kyar Phyu Khin fans များ အားလုံး အထူးကျေးဇူးတင်ရှိပါသည်.🙏🙏🙏..” ဆိုကာ အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။ အင်္ကြန်အကြိုနေ့မှာပဲ ပြည်သူတွေနဲ့ ကောင်းမှု ကုသိုလ်တွေ ပြုလုပ်ရင်း ဖြတ်သန်းနေကြတဲ့ ပိုးကြာဖြူခင်တို့ မိသားစုရဲ့ အလှူပုံရိပ်တွေ ကိုလည်း အားလုံးက သာဓုခေါ်ကာ ဆုတောင်းပေး ထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Poe Kyar Phyu Khin’s Fb Acc
Credit

About the author

Ms Cele

Leave a Comment