Celebrity


Written by Ms Cele





Credit:CELELUCKY

ပြည်သူတွေ ဒုက္ခရောက်နေချိန် သူငယ်ချင်းမွေးနေ့မှာ မြူးတူးပျော်ပါးနေတဲ့ နေခြည်ဦးရဲ့ ပုံရိပ်များ

ပရိသတ်ကြီးရေ နွေဦးတော်လှန်ရေး အစတွင် ခဏတစ်ဖြုတ် လမ်းထွက်ပြခဲ့ပြီး အပြင်မှာရော၊ ဆိုရှယ်မီဒီယာ ပေါ်မှာပါ ပျောက်ခြင်းမလှ ပျောက်သွားသော beauty blogger / သရုပ်ဆောင် နေခြည်ဦးဟာ မကြာသေးမီကမှ သူ့ရဲ့ Fan Group တွေထဲမှာ ပြန်လည် အသက်ဝင်လာပြီး ပရိတ်သတ်နဲ့ ပြန်လည် ထိတွေ့ခဲ့ပါတယ်နော်။

စစ်သား သားသမီး ဖြစ်တဲ့ နေခြည်ဦးဟာ နွေဦးတော်လှန်ရေး အစတွင် “ဖေဖေ သမီးဖေဖေ့ကို အရမ်းချစ်တယ်။ စစ်သားသားသမီး ဖေဖေ့သမီးဖြစ်ရတာလည်း သမီးဘယ်တော့မှ မသိမ်ငယ်ခဲ့ရဘူး။ ” အစချီတဲ့ စာတစ်စောင်ကိုဆိုရှယ်မီဒီယာပေါ် ရေးသားခဲ့ပါသေးတယ်နော်။ ဒီစာကြောင့်လည်း ပရိသတ်တွေက အတော့်ကို ဝေဖန်ဆဲဆိုခဲ့ကြပါတယ်နော်။

စာထဲမှာ နေခြည်ဦး က သူ့အနေနဲ့ စစ်တပ် ကိုရော၊ စစ်သားတွေ ကိုရော မမုန်းကြောင်း၊ အမှန်တရားနဲ့ တရားမျှတမှု ကို အမြန်ဆုံး ပေါ်ပေါက်စေချင်လို့၊ အနိုင်ကျင့်ခံတာတွေ bully လုပ်တာခံနေရတာ တွေကို ကိုယ်ချင်းစာလွန်းလို့ သူ့ရဲ့အသံကို သတ္တိရှိရှိနဲ့ ဖော်ပြလိုက်ကြောင်း ရေးသားထားပါတယ်နော်။ ယခုတလော မှာလည်း မြန်မာ ဆိုရှယ်မီဒီယာ အသုံးပြုသူများကြားမှာ နေခြည်ဦး ပါတီပွဲ တစ်ခု တက်နေတဲ့ ပုံတွေပြန့်နှံ့လာပါသေးတယ်။ အခုတက်လာတဲ့ အဆိုပါဓါတ်ပုံတွေဟာ အခုလတ် တလော ပုံတွေလား၊ ပုံဟောင်းတွေလာဆိုတာ သီးခြားအတည်မပြုနိုင် ပါဘူးနော်။ ဘယ်လိုပဲဖြစ်နေပါပစေ သူ့ကိုတော့ social punishment လုပ်ကြရမှာကတော့ အသေချာပါပဲနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment