Celebrity
Written by Ms Cele
Source – Nandar Hlaing
Credit:Cele Zone
ပြည်သူတွေ လွယ်လွယ်နဲ့ မြန်မြန်ရရှိနိုင်ဖို့အတွက် အောက်စီဂျင် Concentrator တွေကိုလည်း လှူဒါန်းပေးသွားမယ်ဆိုတဲ့ နန္ဒာလှိုင်
ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး နန္ဒာလှိုင် ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကြောင့် ကူးစက်ခံ ရသူတွေမှာ အောက်စီဂျင်တွေ လိုအပ်နေ ကိစ္စကို ကူညီဖြေရှင်းနိုင်ဖို့ အောက်စီဂျင်စက်ရုံ ဆောက်လုပ်ပြီး လှူဒါန်းပေးသွားဖို့ စီစဉ်နေတာ ပရိသတ်ကြီးတွေ သိရှိပြီးသားဖြစ်မှာပါနော်။ နန္ဒာလှိုင်က စက်ရုံဆောက်လုပ်ဖို့ အတွက်လည်း အားကြိုးမာန်တက်နဲ့ လုပ်ဆောင်နေခဲ့ပါတယ်။
သို့ပေမဲ့လည်း အောက်စီဂျင်စက်ရုံ တည်ဆောက်ဖို့က အနည်းဆုံးကြာချိန် (၄၅)ရက်အထက်ကနေ (၆)လလောက်အထိ ကြာမြင့်မှာဖြစ်တဲ့အတွက် အခုလောလောဆယ်မှာ လိုအပ်နေတဲ့ ပြည်သူတွေ လွယ်လွယ်နဲ့ မြန်မြန်ရရှိနိုင်ဖို့ အတွက် အောက်စီဂျင် Concentrator တွေကိုလည်း လှူဒါန်းပေးသွားဖို့ စီစဉ်နေခဲ့ပါသေးတတယ်။ (၁၀)လီတာဆန့်တဲ့ အောက်စီဂျင် Concentrator အလုံးရေ (၅၀)လောက် ဝယ်ယူပြီးလှူဒါန်းပေးသွားမှာပါတဲ့။
အောက်စီဂျင် စက်ရုံက တည်ဆောက်ဖို့ အချိန်ယူနေရတဲ့ ကာလမှာတောင် လိုအပ်နေတဲ့ ပြည်သူတွေအတွက် လွယ်လွယ် ရနိုင်အောင် အဆင်ပြေနိုင်အောင် စဉ်းစားစီစဉ် လှူဒါန်းပေးတဲ့ နန္ဒာလှိုင်ရဲ့ စေတနာ ကတော့ တကယ်ကို သာဓုခေါ်ဆိုထိုက် ပါပေတယ်နော်။ ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင် ဒီသတင်းလေးကိို မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။
Source – Nandar Hlaing
Credit:Cele Zone
About the author
Ms Cele
Leave a Comment