Celebrity
ပြည်သူ့ဝန်ထမ်းတွေကို အားပေးထောက်ပံ့မှုတွေ ပြုလုပ်နေသလို CDM မှာပါဝင်ပေးကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို နောက်အပတ်မှာလည်း ရုံးမတက်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံလိုက်တဲ့ ဖွေးဖွေး
Written by Ms Cele
ပြည်သူ့ဝန်ထမ်းတွေကို အားပေးထောက်ပံ့မှုတွေ ပြုလုပ်နေသလို CDM မှာပါဝင်ပေးကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို နောက်အပတ်မှာလည်း ရုံးမတက်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံလိုက်တဲ့ ဖွေးဖွေး
Source: Phway Phway’s fb
ပြည်သူ့့ဝန်ထမ်းတွေကို အားပေးထောက်ပံ့မှုတွေ ပြုလုပ်နေသလို CDM မှာပါဝင်ပေးကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို နောက်အပတ်မှာလည်း ရုံးမတက်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံလိုက်တဲ့ ဖွေးဖွေး
လက်ရှိ မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုအပေါ် ပြည်သူလူထုနဲ့ အတူတူ အနုပညာရှင် အချို့ကလည်း ပူးပေါင်းပါဝင်လာပြီး ဆန္ဒပြဖော်ထုတ်နေကြတာပဲ ဖြစ်ပါတယ်။ အနုပညာလောကရဲ့ အအောင်မြင်ဆုံးမင်းသမီး တစ်ယောက်ဖြစ်တဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် ဖွေးဖွေးကလည်း နိုင်ငံသားတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေလျက်ရှိပြီး CDM မှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် အားပေးကူညီဖေးမပေးနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ မှာလည်း ဖွေးဖွေးက LGBT တွေနဲ့အတူတူ ဆန္ဒဖော်ထုတ်ခဲ့ပြီး CDM မှာပါဝင်ပေးကြတဲ့ ပြည်သူ့့ ဝန်ထမ်းတွေကို နောက်အပတ် မှာလည်း ရုံးမတက်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံ လာတာကို တွေ့ရပါတယ်။ ဖွေးဖွေးက “CDMers = HEROES !!! ❤️🌹💪🏻✨နောက်တပတ်လည်း ရုံး မတက်ကြပါနဲ့ဦး ! CDM ပြည်သူ့ဝန်ထမ်းတွေဘက်မှာ ကျွန်တော်/ကျွန်မတို့ အားလုံး ရှိပါတယ် !! အခု ​ကြောက်​နေရင် ​နောက်မျိုးဆက်​တွေ ​ခေတ်အဆက် ဆက် ​ကြောက်သွားရလိမ့်မယ်!!! အရေးတော်ပုံ အောင်ရမည်!!!!!!” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေလည်း တောင်းဆိုထားပါတယ်။
ဖွေးဖွေး ကတော့ CDM မှာပါဝင်ပေးကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို နောက်အပတ် မှာလည်း ရုံးမတက်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံ လာသလို ပြည်သူ့့ဝန်ထမ်းတွေအတွက်လည်း အားပေးထောက်ပံ့မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Phway Phway’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment