Celebrity

ျပည္သူ႕တပ္ဖြဲ႕စည္းရင္ စစ္မႈထမ္းမယ္လို႕ ကတိျပဳလိုက္တဲ့ အႏုပညာရွင္မ်ား

Written by Ms Cele

ျပည္သူ႕တပ္ဖြဲ႕စည္းရင္ စစ္မႈထမ္းမယ္လို႕ ကတိျပဳလိုက္တဲ့ အႏုပညာရွင္မ်ား

စစ္အာဏာရွင္ကို ဆန္႔က်င္ ဆႏၵျပေနတဲ့ ျပည္သူ လူထုအား ပစ္ခတ္ သတ္ျဖတ္လ်က္ရွိတဲ့ စစ္အာဏာရွင္ ကို ျပန္လည္ တိုက္ခိုက္ရန္အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီCRPH မွ ျပည္သူ႔တပ္ ဖြဲ႕စည္းပါက စစ္မႈထမ္းရန္ ပါဝင္ၾကမယ္လို႔အႏုပညာရွင္မ်ားက ကတိျပဳ ထားၾကပါတယ္။က်ေနာ္ရန္ရန္ခ်န္းသည္ လိုအပ္ပါက CRPH က ဦးေဆာင္ ဖြဲ႕စည္းရမယ့္ တပ္အတြက္ စစ္မႈ ထမ္း ေပးပါမည္ဟု ကတိျပဳပါတယ္လို႔ အဆိုေတာ္ရန္ရန္ခ်န္းက ေျပာပါတယ္။အဆိုေတာ္ Rဇာနည္ကလည္း က်ေနာ္ Rဇာနည္သည္CRPH က ဦးေဆာင္ ဖြဲ႕စည္းရမယ့္ တပ္ အတြက္ စစ္မႈထမ္းပါမည္ဟု ကတိျပဳပါတယ္လို႔ ဆိုပါတယ္။

အဆိုေတာ္ ေကာင္းေကာင္းက က်ေနာ္ ေကာင္းေကာင္းသည္ ႏိုင္ငံႏွင့္ ျမန္မာျပည္တြင္ ေနထိုင္ေသာတိုင္းရင္း သားမ်ား အားလုံးအတြက္ လိုအပ္လွ်င္ စစ္မႈထမ္းေဆာင္ရန္ အသင့္ရွိပါသည္။အ စိုးရတရပ္ ဖြဲ႕စည္းရန္ တပ္ လိုအပ္ပါသည္။ထို႔ေၾကာင့္ CRPH မွ ဦးေဆာင္ ဖြဲ႕စည္းမယ့္ တပ္မေတာ္အတြက္ က်ေနာ္ အသင့္ရွိပါသည္လို႔ ေျပာထားပါတယ္။အႏုပညာရွင္မ်ားထဲမွ အမ်ိဳးသားမ်ားသာမက အမ်ိဳးသမီးမ်ားဟာလည္း စစ္မႈထမ္းဖို႔အတြက္ အသင့္ရွိေနေၾကာင္းကို ေျပာထားပါတယ္။က်မ ေမၾကည္သည္သြက္လက္ပါတယ္။ေသ န တ္ ကို ေကာင္းေကာင္း ပစ္တတ္ ပါတယ္။

ပစ္နည္းလည္းေသခ်ာသင္ ခဲ့ရပါတယ္။ Sniper Rifle Prone Stand လိုအပ္ပါက စစ္မႈထမ္း ပါမယ္။အစိုးရ ဖြဲ႕ရန္ တပ္ရွိဖို႔ လိုပါတယ္။ လိုအပ္ပါက CRPH က ဦး ေဆာင္ဖြဲ႕စည္းရမယ့္ တပ္အတြက္စစ္မႈထမ္းပါမယ္လို႔ ကတိျပဳပါတယ္လို႔ အဆိုေတာ္ ေမၾကည္က ေျပာပါတယ္။ခ်မ္းေျမ့ေမာင္ခ်ိဳကက်မ ခ်မ္းေျမ့ေမာင္ခ်ိဳသည္ လိုအပ္ပါက စစ္မႈထမ္းပါမည္။ အစိုးရဖြဲ႕ရန္ တပ္ရွိဖို႔လိုပါတယ္။ လိုအပ္ပါက CRPH က ဦးေဆာင္ဖြဲ႕စည္းရမယ့္ တပ္အတြက္ စစ္မႈထမ္းေပး ပါမည္ဟုကတိျပဳပါတယ္။ အကယ္၍ စစ္မႈထမ္းအရည္အခ်င္း မျပည့္မီခဲ့လွ်င္ ဘယ္ေနရာ ပါ ဝင္ ရ၊ ရတဲ့ေနရာက ပါဝင္ပါ့မယ္ လို႔ ေျပာထားပါတယ္။

တျခားေသာ အႏုပညာရွင္မ်ား၊ ျပည္သူမ်ား ကလည္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPHမွျပည္သူ႔တပ္ဖြဲ႕ ဖြဲ႕မယ္ဆိုလွ်င္ ပါဝင္သြားမယ့္ အေၾကာင္းကို ကတိျပဳထားပါတယ္။ အခုဆိုရင္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ စစ္မႈထမ္းရန္ အသင့္ ဆိုတဲ့ Hashtag ျဖင့္ ပို႔စ္ တင္ ထားသူ ၅၄၀၀၀ေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

crd

ပြည်သူ့တပ်ဖွဲ့စည်းရင် စစ်မှုထမ်းမယ်လို့ ကတိပြုလိုက်တဲ့ အနုပညာရှင်များ

စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ပြည်သူ လူထုအား ပစ်ခတ် သတ်ဖြတ်လျက်ရှိတဲ့ စစ်အာဏာရှင် ကို ပြန်လည် တိုက်ခိုက်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီCRPH မှ ပြည်သူ့တပ် ဖွဲ့စည်းပါက စစ်မှုထမ်းရန် ပါဝင်ကြမယ်လို့အနုပညာရှင်များက ကတိပြု ထားကြပါတယ်။ကျနော်ရန်ရန်ချန်းသည် လိုအပ်ပါက CRPH က ဦးဆောင် ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှု ထမ်း ပေးပါမည်ဟု ကတိပြုပါတယ်လို့ အဆိုတော်ရန်ရန်ချန်းက ပြောပါတယ်။အဆိုတော် Rဇာနည်ကလည်း ကျနော် Rဇာနည်သည်CRPH က ဦးဆောင် ဖွဲ့စည်းရမယ့် တပ် အတွက် စစ်မှုထမ်းပါမည်ဟု ကတိပြုပါတယ်လို့ ဆိုပါတယ်။

အဆိုတော် ကောင်းကောင်းက ကျနော် ကောင်းကောင်းသည် နိုင်ငံနှင့် မြန်မာပြည်တွင် နေထိုင်သောတိုင်းရင်း သားများ အားလုံးအတွက် လိုအပ်လျှင် စစ်မှုထမ်းဆောင်ရန် အသင့်ရှိပါသည်။အ စိုးရတရပ် ဖွဲ့စည်းရန် တပ် လိုအပ်ပါသည်။ထို့ကြောင့် CRPH မှ ဦးဆောင် ဖွဲ့စည်းမယ့် တပ်မတော်အတွက် ကျနော် အသင့်ရှိပါသည်လို့ ပြောထားပါတယ်။အနုပညာရှင်များထဲမှ အမျိုးသားများသာမက အမျိုးသမီးများဟာလည်း စစ်မှုထမ်းဖို့အတွက် အသင့်ရှိနေကြောင်းကို ပြောထားပါတယ်။ကျမ မေကြည်သည်သွက်လက်ပါတယ်။သေ န တ် ကို ကောင်းကောင်း ပစ်တတ် ပါတယ်။

ပစ်နည်းလည်းသေချာသင် ခဲ့ရပါတယ်။ Sniper Rifle Prone Stand လိုအပ်ပါက စစ်မှုထမ်း ပါမယ်။အစိုးရ ဖွဲ့ရန် တပ်ရှိဖို့ လိုပါတယ်။ လိုအပ်ပါက CRPH က ဦး ဆောင်ဖွဲ့စည်းရမယ့် တပ်အတွက်စစ်မှုထမ်းပါမယ်လို့ ကတိပြုပါတယ်လို့ အဆိုတော် မေကြည်က ပြောပါတယ်။ချမ်းမြေ့မောင်ချိုကကျမ ချမ်းမြေ့မောင်ချိုသည် လိုအပ်ပါက စစ်မှုထမ်းပါမည်။ အစိုးရဖွဲ့ရန် တပ်ရှိဖို့လိုပါတယ်။ လိုအပ်ပါက CRPH က ဦးဆောင်ဖွဲ့စည်းရမယ့် တပ်အတွက် စစ်မှုထမ်းပေး ပါမည်ဟုကတိပြုပါတယ်။ အကယ်၍ စစ်မှုထမ်းအရည်အချင်း မပြည့်မီခဲ့လျှင် ဘယ်နေရာ ပါ ဝင် ရ၊ ရတဲ့နေရာက ပါဝင်ပါ့မယ် လို့ ပြောထားပါတယ်။

တခြားသော အနုပညာရှင်များ၊ ပြည်သူများ ကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPHမှပြည်သူ့တပ်ဖွဲ့ ဖွဲ့မယ်ဆိုလျှင် ပါဝင်သွားမယ့် အကြောင်းကို ကတိပြုထားပါတယ်။ အခုဆိုရင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်မှုထမ်းရန် အသင့် ဆိုတဲ့ Hashtag ဖြင့် ပို့စ် တင် ထားသူ ၅၄ဝဝဝကျော် ရှိနေပြီ ဖြစ်ပါတယ်။

crd

About the author

Ms Cele

Leave a Comment