Celebrity

ျပည္သူ႕အခ်စ္ေတာ္မင္းသားႀကီး ေဒြးရဲ႕ေမြးေန႕အားရည္စူးကာ ဘုရားတြင္ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးေနတဲ့ ဇြဲႏိုင္၀င္း

Written by Ms Cele

ပရိသတ္ႀကီးေရ ႏိုင္ငံေက်ာ္မင္းသားႀကီး ေဒြးဟာဆိုရင္ ျပည္သူပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို မ်ားစြာရရွိပိုင္ဆိုင္ထားတဲ့ ဒိတ္ဒိတ္ႀကဲ မင္းသားတစ္လက္ျဖစ္ခဲ့ပါတယ္ေနာ္။ယခုဆိုရင္ေတာ့ ပရိသတ္ေတြနဲ႕သူခ်စ္တဲ့သူေတြ အားလံုးကို ခြဲခြာသြားခဲ့တာ ဆယ္စုႏွစ္တိုင္ခဲ့ပါၿပီ။သူ႔ကို ခ်စ္ၾကတဲ့ မိတ္ေဆြေမာင္ႏွမမ်ားကေတာ့ ေဒြးရဲ့ အမွတ္တရေန႔ ရက္တိုင္းမွာ ကုသိုလ္ေကာင္းမႈေတြ အျမဲျပဳလုပ္ေပးခဲဲ့ၾကတာ ျဖစ္ပါတယ္။

ေဒြးရဲ႕ေမြးေန႕နဲ႕အမွတ္တရေန႕ရက္တိုင္းကို မေမ့မေလ်ာ့ပဲေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးေနတဲ့ အထဲမွာ ဇြဲႏိုင္၀င္းတစ္ေယာက္လည္း ပါ၀င္ပါတယ္ေနာ္။ ဇြဲႏိုင္၀င္းဟာ ေဒြးရဲ႕ညီအရင္းလိုခ်စ္ခင္ရတဲ့သူ တစ္ေယာက္ျဖစ္ပါတယ္ေနာ္။ေဒြးနဲ႔ပတ္သက္တဲ့ အမွတ္တရအေၾကာင္းအရာေလးေတြ ကိုလည္း ဇြဲနိုင္ဝင္းရဲ့ လူမႈကြန္ယက္တြင္ အျမဲေရးသားေဝမၽွေပးေနတာ ျဖစ္ပါတယ္။

ဒီကေန႕ဟာဆိုရင္ မင္းသားႀကီးေဒြးရဲ႕အသက္(၅၅)ႏွစ္ျပည့္ေမြးေန႕ပဲျဖစ္ပါတယ္ေနာ္။ဇြဲႏိုင္၀င္းက ေဒြးရဲ့ေမြးေန႔အား ရည္စူးၿပီး ဘုရားတြင္ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ေပးခဲ့တာကို သူ႕ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာတင္ျပထားတာကိုေတြ႕ရပါတယ္။ဇြဲႏိုင္၀င္းက”ဒီေန႔ ကၽြန္ေတာ့္ ေက်းဇူးရွင္ ဆရာသမား ကိုသားႀကီး (႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီေဒြး)ရဲ့(၅၅)ႏွစ္ျပည့္ ေမြးေန႔ျဖစ္ပါတယ္။HAPPY BIRTHDAY ပါအစ္ကို 🙏 🙏🙏🙏🙏အစ္ကို႔အတြက္ရည္စူးၿပီး ကၽြန္ေတာ္ ဒီမနက္ ေရႊတိဂုံေစတီေတာ္ စေနေထာင့္မွာ ရွိခိုးၿပီးေအာင္ေျမမွာ ေမတၱာသုတ္ေတာ္ႏွင့္(၂၄)ပစၥည္း ပ႒ာန္း ေဒသနာေတာ္အက်ယ္ကို ရြတ္ဖတ္ပူေဇာ္ကန္ေတာ့ၿပီးကုသိုလ္ျပဳခဲ့ပါတယ္ခင္ဗ်ာ။အစ္ကို သာဓု ေခၚနိုင္ပါေစ 🙏🙏🙏🙏🙏

ေခ်ာင္းဝဘုန္းဘုန္းေက်ာင္း ကို သြားၿပီး အစ္ကို႔ကို သန႔္ရွင္းေရးလုပ္ေပးၿပီး ကန္ေတာ့ဖို႔အတြက္ ဖုန္းဆက္ေတာ့ဘုန္းဘုန္းႀကီးေက်ာင္းက ဝင္လို႔မရေသးလို႔ပါတဲ့။အဲ့ဒါနဲ႔ ဘုရားမွာဘဲ အစ္ကို႔အတြက္ ကုသိုလ္ျပဳခဲ့ပါတယ္။အစ္ကို ရွိေနတယ့္ေနရာကေန သာဓုေခၚနိုင္ပါေစ သာဓုေခၚေပး အစ္ကိုရယ္ ေနာ္ သာဓု သာဓု သာဓု 🙏🙏🙏🙏🙏ကိုသားႀကီးႏွင့္ေမြးေန႔ တစ္ရက္တည္းျဖစ္တဲ့ ကိုလူမင္း က်န္းမာ ခ်မ္းသာၿပီး အျမန္ဆုံး လြတ္ေျမာက္ပါေစလို႔ ဆုေတာင္းေမတၱာပို႔သပါတယ္ခင္ဗ်ာ “ဆိုၿပီးေရးသားတင္ျပထားတာကို ေတြ႕ရပါတယ္။ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source:Zwe Naing Win’s fb
TWWH(Cele Post)

ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားကြီး ဒွေးဟာဆိုရင် ပြည်သူပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရရှိပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်နော်။ယခုဆိုရင်တော့ ပရိသတ်တွေနဲ့သူချစ်တဲ့သူတွေ အားလုံးကို ခွဲခွာသွားခဲ့တာ ဆယ်စုနှစ်တိုင်ခဲ့ပါပြီ။သူ့ကို ချစ်ကြတဲ့ မိတ်ဆွေမောင်နှမများကတော့ ဒွေးရဲ့ အမှတ်တရနေ့ ရက်တိုင်းမှာ ကုသိုလ်ကောင်းမှုတွေ အမြဲပြုလုပ်ပေးခဲဲ့ကြတာ ဖြစ်ပါတယ်။

ဒွေးရဲ့မွေးနေ့နဲ့အမှတ်တရနေ့ရက်တိုင်းကို မမေ့မလျော့ပဲကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေတဲ့ အထဲမှာ ဇွဲနိုင်ဝင်းတစ်ယောက်လည်း ပါဝင်ပါတယ်နော်။ ဇွဲနိုင်ဝင်းဟာ ဒွေးရဲ့ညီအရင်းလိုချစ်ခင်ရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်နော်။ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရအကြောင်းအရာလေးတွေ ကိုလည်း ဇွဲနိုင်ဝင်းရဲ့ လူမှုကွန်ယက်တွင် အမြဲရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။

ဒီကနေ့ဟာဆိုရင် မင်းသားကြီးဒွေးရဲ့အသက်(၅၅)နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်နော်။ဇွဲနိုင်ဝင်းက ဒွေးရဲ့မွေးနေ့အား ရည်စူးပြီး ဘုရားတွင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တာကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ပြထားတာကိုတွေ့ရပါတယ်။ဇွဲနိုင်ဝင်းက”ဒီနေ့ ကျွန်တော့် ကျေးဇူးရှင် ဆရာသမား ကိုသားကြီး (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး)ရဲ့(၅၅)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။HAPPY BIRTHDAY ပါအစ်ကို 🙏 🙏🙏🙏🙏အစ်ကို့အတွက်ရည်စူးပြီး ကျွန်တော် ဒီမနက် ရွှေတိဂုံစေတီတော် စနေထောင့်မှာ ရှိခိုးပြီးအောင်မြေမှာ မေတ္တာသုတ်တော်နှင့်(၂၄)ပစ္စည်း ပဋ္ဌာန်း ဒေသနာတော်အကျယ်ကို ရွတ်ဖတ်ပူဇော်ကန်တော့ပြီးကုသိုလ်ပြုခဲ့ပါတယ်ခင်ဗျာ။အစ်ကို သာဓု ခေါ်နိုင်ပါစေ 🙏🙏🙏🙏🙏

ချောင်းဝဘုန်းဘုန်းကျောင်း ကို သွားပြီး အစ်ကို့ကို သန့်ရှင်းရေးလုပ်ပေးပြီး ကန်တော့ဖို့အတွက် ဖုန်းဆက်တော့ဘုန်းဘုန်းကြီးကျောင်းက ဝင်လို့မရသေးလို့ပါတဲ့။အဲ့ဒါနဲ့ ဘုရားမှာဘဲ အစ်ကို့အတွက် ကုသိုလ်ပြုခဲ့ပါတယ်။အစ်ကို ရှိနေတယ့်နေရာကနေ သာဓုခေါ်နိုင်ပါစေ သာဓုခေါ်ပေး အစ်ကိုရယ် နော် သာဓု သာဓု သာဓု 🙏🙏🙏🙏🙏ကိုသားကြီးနှင့်မွေးနေ့ တစ်ရက်တည်းဖြစ်တဲ့ ကိုလူမင်း ကျန်းမာ ချမ်းသာပြီး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ “ဆိုပြီးရေးသားတင်ပြထားတာကို တွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Zwe Naing Win’s fb
TWWH(Cele Post)

About the author

Ms Cele

Leave a Comment