Celebrity

ျပည္သူ႕အခ်စ္ေတာ္ မင္းသားႀကီး ေဒြးနဲ႕ပတ္သက္တဲ့ အေၾကာင္းေတြကို အမွတ္တရ ေျပာျပလာတဲ့ ထက္ထက္မိုးဦး

Written by Ms Cele

ျပည္သူ႕အခ်စ္ေတာ္ မင္းသားႀကီး ေဒြးနဲ႕ပတ္သက္တဲ့ အေၾကာင္းေတြကို အမွတ္တရ ေျပာျပလာတဲ့ ထက္ထက္မိုးဦး

တစ္ခ်ိန္က အနုပညာေလာကမွာ လိုက္ဖက္ အညီဆံုးနဲ့ အတြဲအညီဆံုး အနုပညာ ေမာင္နွမေတြျဖစ္ခဲ့ၾကတဲ့ ေဒြးနဲ့ ထက္ထက္မုိးဦးတို့ ကေတာ့ ရုပ္ရွင္ဇာတ္ကား ေတြမွာ ပရိသတ္ အားေပးမႈကို အမ်ားအျပားရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ေဒြးကေတာ့ ကြယ္လြန္သြား ခဲ့တာ (၁၃) နွစ္ေက်ာ္တိုင္ရိွ ခဲ့ျပီျဖစ္ေပမယ့္ ထက္ထက္မိုးဦး ကေတာ့ အနုပညာေလာကထဲမွာ ဆက္လက္ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ထက္ထက္မိုးဦးက ေဒြးနဲ့ ပက္သတ္ျပီး ရႈတင္ေပၚမွာ ခဏခဏ စိတ္ဆိုး၊ စိတ္ေကာက္ခဲ့ ရတဲ့ အခ်ိန္ေတြရိွေၾကာင္း အမွတ္တရေျပာျပလာ ခဲ့ပါတယ္။

“အစ္ကို နဲ႔ အလုပ္ေတြ အမ်ားႀကီး အတူလုပ္ခဲ့တာ ဆိုေတာ့ အမွတ္တရေတြက အမ်ားႀကီးပါပဲ။ အစ္ကိုက အၿမဲလိုလို ရႈတင္ေတြေနာက္က် တတ္တယ္ ထက္ကေတာ့ အခ်ိန္တိတိက်က် အလုပ္လုပ္တတ္ တာမို႔ ခဏခဏ စိတ္ဆိုးရတယ္ အမွတ္တရတစ္ခု ေပါ့ေနာ္။ အစ္ကိုက နဲနဲေနာက္က်တာက လြဲရင္ အလုပ္လုပ္ တဲ့ေနရာ ေစ့စပ္ေသခ်ာတယ္။ အရမ္းခင္မင္တာမ်ိဳး မဟုတ္ၾကေပမယ့္ အစ္ကိုလည္း အမွား မရွိေအာင္ ထက္ဘက္ကလည္းအမွားမရွိေအာင္ ႀကိဳးစား အလုပ္လုပ္ၾကရင္း ခ်စ္ရသူေတြရဲ႕ ရင္ထဲေရာက္ေအာင္ ႀကိဳးစားခဲ့ရတာပဲ။ စိတ္ထဲကေန တစ္ေယာက္ နဲ႔ တစ္ေယာက္ ၿပိဳင္ၿပီး ႀကိဳးစားၾကတာမ်ိဳးေပါ့ေနာ္” ဆိုျပီး အမွတ္တရ ေျပာလာ ပါတယ္။

ထက္ထက္မိုးဦးနဲ့ ေဒြးကေတာ့ အနုပညာေလာကရဲ့ ေတာက္ပတဲ့ ၾကယ္ပြင့္ နွစ္ပြင့္ျဖစ္ခဲ့သလို ဒီေန့ဒီအခ်ိန္ထိလည္း ပရိသတ္ေတြရင္ထဲ အသည္းထဲ ထိ ခ်စ္ခင္အားေပး ေနရဆဲ အနုပညာရွင္ေတြပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ၾကီးလည္း ထက္ထက္မိုးဦး ေျပာတဲ့ အမွတ္တရေလး ကို ၾကည့္ျပီး သြားေလ သူေဒြးကို ျပန္လည္ ေအာက္ေမ့သတိရသြားမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ပြည်သူ့အချစ်တော် မင်းသားကြီး ဒွေးနဲ့ပတ်သက်တဲ့ အကြောင်းတွေကို အမှတ်တရ ပြောပြလာတဲ့ ထက်ထက်မိုးဦး

တစ်ချိန်က အနုပညာလောကမှာ လိုက်ဖက် အညီဆုံးနဲ့ အတွဲအညီဆုံး အနုပညာ မောင်နှမတွေဖြစ်ခဲ့ကြတဲ့ ဒွေးနဲ့ ထက်ထက်မိုးဦးတို့ ကတော့ ရုပ်ရှင်ဇာတ်ကား တွေမှာ ပရိသတ် အားပေးမှုကို အများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒွေးကတော့ ကွယ်လွန်သွား ခဲ့တာ (၁၃) နှစ်ကျော်တိုင်ရှိ ခဲ့ပြီဖြစ်ပေမယ့် ထက်ထက်မိုးဦး ကတော့ အနုပညာလောကထဲမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက ဒွေးနဲ့ ပက်သတ်ပြီး ရှုတင်ပေါ်မှာ ခဏခဏ စိတ်ဆိုး၊ စိတ်ကောက်ခဲ့ ရတဲ့ အချိန်တွေရှိကြောင်း အမှတ်တရပြောပြလာ ခဲ့ပါတယ်။

“အစ်ကို နဲ့ အလုပ်တွေ အများကြီး အတူလုပ်ခဲ့တာ ဆိုတော့ အမှတ်တရတွေက အများကြီးပါပဲ။ အစ်ကိုက အမြဲလိုလို ရှုတင်တွေနောက်ကျ တတ်တယ် ထက်ကတော့ အချိန်တိတိကျကျ အလုပ်လုပ်တတ် တာမို့ ခဏခဏ စိတ်ဆိုးရတယ် အမှတ်တရတစ်ခု ပေါ့နော်။ အစ်ကိုက နဲနဲနောက်ကျတာက လွဲရင် အလုပ်လုပ် တဲ့နေရာ စေ့စပ်သေချာတယ်။ အရမ်းခင်မင်တာမျိုး မဟုတ်ကြပေမယ့် အစ်ကိုလည်း အမှား မရှိအောင် ထက်ဘက်ကလည်းအမှားမရှိအောင် ကြိုးစား အလုပ်လုပ်ကြရင်း ချစ်ရသူတွေရဲ့ ရင်ထဲရောက်အောင် ကြိုးစားခဲ့ရတာပဲ။ စိတ်ထဲကနေ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ပြီး ကြိုးစားကြတာမျိုးပေါ့နော်” ဆိုပြီး အမှတ်တရ ပြောလာ ပါတယ်။

ထက်ထက်မိုးဦးနဲ့ ဒွေးကတော့ အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့် နှစ်ပွင့်ဖြစ်ခဲ့သလို ဒီနေ့ဒီအချိန်ထိလည်း ပရိသတ်တွေရင်ထဲ အသည်းထဲ ထိ ချစ်ခင်အားပေး နေရဆဲ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦး ပြောတဲ့ အမှတ်တရလေး ကို ကြည့်ပြီး သွားလေ သူဒွေးကို ပြန်လည် အောက်မေ့သတိရသွားမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment