Local News


Written by Ms Cele






ပြည်သူ တွေ အတွက် အဓိက လိုအပ် နေတဲ့ အရာ (၅)သန်း ကို အခမဲ့ ဖြန့်ဝေပေး သွားမယ့် ဦးဇော် ဇော်

ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေနဲ့ လိုအပ်ချက်ရှိသူတွေ အတွက် Mask အခုရေ ငါးသန်းကို အခမဲ့ဖြန့်ဝေသွား မယ်လို့ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးဇော်ဇော်က ပြောပါ တယ်။သူရဲ့ လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် အောက်တိုဘာ(၄)ရက်နေ့မှာ ပြောခဲ့တာပါ။

ကိုဗစ်ကပ် ရောဂါကို ကာကွယ်ဖို့နဲ့ လေထုညစ်ညမ်းမှုတွေ ဆိုးလာတာကြောင့် Mask ထုတ်တဲ့စက်ကို ပြီးခဲ့တဲ့ခြောက်လလောက် ကတည်းက မှာယူခဲ့တာလို့ သိရပါတယ်။ အခုအချိန်မှာ ပြင်ပကပညာရှင် တွေဦးစီးပြီး တပ်ဆင်လည်ပတ်နေပြီးတော့

တစ်ရက်ကို Mask အခုရေ ငါးသောင်း ထုတ်လုပ်နိုင် မယ်လို့ ဆိုပါတယ်။ ကိုဗစ်ကြောင့် ပြည်သူတွေ အပြင်ထွက်တဲ့အခါ Mask ကို မပျက်မကွက်ဝတ်ဆင် သွားလာဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ(၄)ရက်နေ့ ညပိုင်း အထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ (၁၇၇၉၄)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်လည်ကောင်းမွန် လာတဲ့သူ (၅၁၉၅)ယောက်နဲ့ သေဆုံးသူ (၄၁၂)ယောက် ထိ ရှိနေပါတယ်။

About the author

Ms Cele

Leave a Comment