Celebrity

ဖြူဖြူထွေးရဲ့စိတ်ထားဖြူစင်ပြီး မိဘအပေါ်သိတတ်မှုလေးကို ချီးကျူးစကားဆိုလိုက်တဲ့ ညီညီမောင်

Written by Ms Cele

ပရိသတ်ကြီးရေ မိတ်ကပ်ပညာရှင် ညီညီမောင်ဟာဆိုရင်တော့ အနုပညာလောကမှာ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ အလှဖန်တီးရှင်တစ်ဦးဖြစ်ပါတယ်။အနုပညာရှင်တော်တော်များများရဲ့အားထားရတဲ့ အလှဖန်တီးရှင်တစ်ဦးဖြစ်သလို သူကိုယ်တိုင်လည်းရုပ်ရှင်ဇာတ်ကားတွေ ကြော်ငြာလေးတွေကို ရိုက်ကူးထားပါသေးတယ်။မကြာသေးခင်ကမှ ‘ကျားကျားကြိုက်ကြိုက်’ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့လည်း မကြာခဏTit Tokလေးတွေဆော့လေ့ရှိပါသေးတယ်။

အလှူအတန်းနဲ့ပရဟိတအလုပ်တွေမှာလည်း ပါဝင်လုပ်ကိုင်ပေးပြီး သူကိုယ်တိုင်လည်း လှူတန်းမှူတွေပြုလုပ်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း ကြောငြာလေးတွေကိုLiveလွှင့် ရိုက်ကူးပြီး အနုပညာအလုပ်ကိုဖြည်းဖြည်းချင်းလုပ်ကိုင်နေသူပါ။သူရဲ့အလှဖန်တီးမှုတွေကိုလည်း သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချပြလေ့ရှိပါတယ်။

ယခုလည်းသူမက ဖြူဖြူထွေးရဲ့စိတ်ထားဖြူစင်ပြီးမိဘအပေါ်သိတတ်တဲ့ အကြောင်းကို”သူမက မိဘအပေါ်လည်းသိတတ်တယ် မရှိတဲ့သူတွေကိုလည်းလှူတယ် ချစ်ဖို့ကောင်းတဲ့ ဖြူဖြူထွေး”လို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချီးကျူးစကားဆိုထားတာပဲဖြစ်ပါတယ်။သုသုပြောသလိုပဲ ဖြူဖြူထွေးဟာလည်းတကယ်ကို ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်နော်။ဒါကြောင့်ပရိသတ်ကြီးလည်း သုသုကိုရော ဖြူဖြူထွေးကိုရော ဆက်လက်အားပေးပြီးချစ်ပေးကြပါအုံးနော်။

Source & Photo Credit:Nyi Nyi Mg’s FB account
Writer:Thin Wai

About the author

Ms Cele

Leave a Comment