Celebrity

ျမင့္ျမတ္ရဲ႕ လူသိေအာင္ေျပာမျပတဲ့ အေၾကာင္းေတြကို သူုငယ္ခ်င္းေကာင္း ပီသစြာနဲ႕ ဖြင့္ဟေျပာျပလိုက္တဲ့ Kညီနဲ႕ ယုန္ေလး

Written by Ms Cele

ျမင့္ျမတ္ရဲ႕ လူသိေအာင္ေျပာမျပတဲ့ အေၾကာင္းေတြကို သူုငယ္ခ်င္းေကာင္း ပီသစြာနဲ႕ ဖြင့္ဟေျပာျပလိုက္တဲ့ Kညီနဲ႕ ယုန္ေလး

သ႐ုပ္ေဆာင္၊ဒါ႐ိုက္တာ ယုန္ေလးနဲ႔ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အကယ္ဒမီျမင့္ျမတ္တို႔ႏွစ္ေယာက္ ကေတာ့ ညီအစ္ကိုေတြလိုမ်ိဳး ခင္မင္ရင္းႏွီးၾက တာျဖစ္ပါတယ္။ယုန္ေလးနဲ႔ျမင့္ျမတ္တို႔က တစ္ေယာက္ကို တစ္ေယာက္ ကူညီေဖးမၾကၿပီး ေပ်ာ္ေပ်ာ္ေနတတ္ၾကတဲ့ သူေတြျဖစ္ပါတယ္ေနာ္။ယုန္ေလးရဲ႕အခက္အခဲေတြ ကိုလည္း ျမင့္ျမတ္က ကိုယ္တိုင္လိုက္ၿပီး ေျဖရွင္းေပးတတ္သလို အခုဆိုရင္လည္း ျမင့္ျမတ္အေပၚ ပရိသတ္ေတြ နားလည္မႈလြဲမွားမွာစိုးလို႔ ယုန္ေလးက သူသိထားသမွ်အေၾကာင္းစုံကို ေအာက္ပါအတိုင္း ဖြင့္ဟလိုက္တာျဖစ္ပါတယ္။

ယုန္ေလးက”ဘယ္သူ ဘာျဖစ္ျဖစ္ သူကူညီတယ္ .စက္အဖြဲ႕ က အရမ္းရင္းတဲ့ လူေတြေရာ၊မရင္းတဲ့ လူေတြ ေရာ ေဆး႐ုံတက္ တာတို႔ .တစ္ခုခု အဆင္မေျပျဖစ္ တာတို႔ သူကူတယ္ .လူတိုင္း ကို အျမင္မေတာ္ရင္ ကူညီေနတဲ့ ျမင့္ျမတ္ သူအေဖ အေမ အရင္းကို ဘာမွ မလုပ္ေပး ဖူးေက်းဇူး မသိဘူးဆိုတာ ျဖစ္ႏိုင္ပါ့မလား.ေသခ်ာစဥ္းစား ေစခ်င္ပါတယ္။ေဝဖန္တာ မေစာေစခ်င္ပါဘူး ။တစ္ေလာက လုံးလည္း သူ႔စိတ္ထား သူ႔စိတ္ဓာတ္သိပါတယ္ . ခ်က္ခ်င္း ဘယ္သူမွ ဝင္မေျပာၾကတာ . မိသားစုေရးျဖစ္ေနလို႔ပါ .ကြၽန္ေတာ္ တိတိက်က် သိတာ .ကြၽန္ေတာ္နဲ႔ တြဲၿပီးကူတာေတြ အမ်ားႀကီးရွိပါတယ္ .မေျပာေတာ့ဘူး . အနီးစပ္ဆုံး Covid First waveက ေျပာမယ္ဆို PPE အစုံ1040 သိန္း ၁၆၅ သိန္း ေက်ာ္ဖိုးလႉတယ္။ေဆး႐ုံဝန္ထမ္းေတြ အတြက္ ၁၀သိန္း ကြၽန္ေတာ့္အလႉမွာ ထပ္မတည္တယ္။မရမ္းကုန္းၿမိဳ႕နယ္၊ေျမာက္ဒဂုံၿမိဳ႕နယ္ ဆန္၊ဆီ၊ဆား လိုအပ္တာ လႉတယ္.႐ုပ္ရွင္ေလာက သားမ်ား အဆင္မေျပာဘူးဆိုလည္း သူကူပါတယ္။ျမင့္ျမတ္က Fb မသုံးဘူး၊ၿပီးေတာ့ သူ႔အေဖကို ဘယ္အိမ္ဝယ္ေပး လိုက္တယ္၊အေမကို ဘယ္ကြန္ဒို ဝယ္ေပးလိုက္တယ္၊ညီမေလးေတြကို ဘာ ဆိုင္ဖြင့္ေပးလိုက္တယ္၊သူလူသိေအာင္ မေျပာျပခဲ့ဖူးေလ၊အဲ့လိုေျပာလို႔ အေဖ အေမကို အိမ္ဝယ္ေပးၿပီး Fb ေပၚပီတိ အျဖစ္နဲ႔ တင္တဲ့ သူမ်ားကိုလည္း ေစာ္ကားျခင္း မဟုတ္ပါ၊ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ ၾကည့္ၿပီး အဲ့လိုPost တိုင္းကိုၾကည္ႏူး မိပါတယ္။”

Excel မွာ အခန္းဝယ္ ေပးတယ္ ၊ေ႐ႊဂုံတိုင္မွာ ကြန္ဒိုဝယ္ေပးတယ္၊ဦးအတြက္ Crown ဝယ္ေပးတယ္၊ညီမေလးေတြ အတြက္ လုပ္ခ်င္တဲ့ အလုပ္ေလးေတြ သူလုပ္ေပးတယ္။ ရင္းႏွီးေပးတယ္။ လတိုင္း မိသားစုကို ကန္ေတာ့တာ စိတ္ထဲက မွန္းၾကည့္ ဘယ္ေလာက္ျဖစ္ႏိုင္မလဲ မွန္းၾကည့္တာ ထက္ ၃ ဆေလာက္မ်ားပါတယ္။လူတိုင္း မွာ အခက္အခဲ နဲ႔ ရင္ဆိုင္ေနရသလို Covid အခ်ိန္ကာလမွာ သူလည္း အခက္ခဲေပါင္းမ်ားစြာ ရွိပါတယ္။ စိတ္ညစ္စရာ မ်ားစြာရွိပါတယ္။အဲ့ဒါေၾကာင္ရ္႕င္ Live မလႊင့္ Fb မသုံးတဲ့လူ စိတ္ထြက္ေပါက္ အေနနဲ႔ သူသီခ်င္းေတြ ေအာ္ဆိုတယ္ ၊ကျပတယ္၊အလြတ္ ေပ်ာ္ေပ်ာ္ေနတယ္ ပရိတ္သတ္လည္း ေပ်ာ္တယ္ သူလည္းေပ်ာ္တယ္ Live မွာ ေတြ႕ရတာလည္း ဒါသူ႔ဘဝ ပုံစံပဲ။အထာမရွိဘူး ေပါ့ပါးတယ္။အႏုပညာအရည္ခ်င္း ခမ္းနားတယ္ ေနတာထိုင္တာ မခမ္းနားဘူး။ ညႇပ္ဖိနပ္ နဲ႔ ေဘာင္းဘီတိုပဲ ဒါပဲေလ၊သူ႔ဆီမွာလည္း စိတ္႐ူပ္စရာေတြ အရမ္းမ်ားပါတယ္။သူလူတိုင္းကို မေျပာတတ္ဘူး။ ကြၽန္ေတာ္ေျပာလည္း စိတ္ညစ္တာပဲ ရွိမွာပါဆိုၿပီး သူေျပာေနက်စကား (အခ်ိန္တန္ရင္ သူဟာသူျဖစ္သြားလိမ့္မယ္)ေျပာၿပီး အၿမဲတမ္းရယ္၊အဲ့ဒါေၾကာင့္ သူဖုန္းပိတ္ ထားတာ မ်ားပါတယ္၊ဘယ္မွလည္း မသြားဘူး။ အိမ္မွာပဲ ရွိပါတယ္၊ ကြၽန္ေတာ္တို႔ ေတြ႕ခ်င္လည္း အိမ္ပဲသြားတာ အေရးႀကီးတဲ့ အခ်ိန္ ဆက္မယ္ဆိုလည္း ဘယ္သူ ဆက္ဆက္ Manager နဲ႔ သူ႔ေဘးနားရွိတဲ့ ညီေလးဆီ ဆက္ရင္ ျမင့္ျမတ္ကိုယ္တိုင္ မကိုင္တာမွ မရွိတာ”

ဦး Taxi ေမာင္းတာလည္း ကားဝယ္ ကတည္းက နံပါတ္ အနီဝယ္တာ အလုပ္မရွိရင္ ပ်င္းလို႔ ဒီတိုင္း ေမာင္းေနတာ ကြၽန္ေတာ့္ကို ဦးကိုယ္တိုင္ ေျပာဖူးပါတယ္။မိသားစုေတြ နားလည္မူ႔ခဏလြဲ တယ္လို႔ပဲျမင္ပါတယ္။ သင္ခန္းစာေလး တစ္ခုကေတာ့ ဘာပဲျဖစ္ျဖစ္Media ကို သြားမေျဖရွင္းဖို႔ပါပဲ။ျမင့္ျမတ္ အေဖ ကို အကူညီေတာင္းခံတဲ့ လူအသြင္ျဖစ္ေအာင္ ေနာက္ခံတီးလုံးေတြ Edit ေတြနဲ႔ Drama ခင္းထားေတာ့ ျမင့္ျမတ္ကိုပိုၿပီး အထင္ဝိုင္းေစာင္းၾကတဲ့ အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။(အကူညီေတာင္းခံတဲ့ လူတန္းစားမ်ားကိုလည္း ေစာ္ကားခ်င္းမဟုတ္ပါ) ထင္ရာေတြ ေလွ်ာက္ေဝဖန္ ေနတဲ့ လူမ်ားကိုေတာ့ ထင္သလို မဟုတ္ပါဘူးလို႔ပဲ အတိက်ေျပာခ်င္ပါတယ္ ခင္ဗ် ကြၽန္ေတာ္လည္း ဘယ္ကိစၥမွ မပါေတာ့တာၾကာပါၿပီ ျမင့္ျမတ္ကိစၥ ကေတာ့ ဘာျဖစ္ေနေန ကြၽန္ေတာ္တို႔ သူ႔ဘက္က အျပည့္ဝ ရပ္တည္ၿပီးသားပါ တကယ္လည္း ကြၽန္ေတာ္ ေျပာတာေတြ အမွန္တရားေတြႀကီးပါပဲ အားလုံး ေက်းဇူးတင္ပါတယ္။ျမင့္ျမတ္က နာမည္နဲ႔လိုက္ေအာင္ ျမင့္ျမတ္ပါတယ္ အားလုံး Peace”ဆိုၿပီး အရွိအတိုင္း ကို ေရးသားမွ်ေဝ လာတာျဖစ္ပါတယ္ေနာ္။

သ႐ုပ္ေဆာင္ K ညီကလဲ အထင္လြဲ ခံေနရတဲ့ သူငယ္ခ်င္း ျမင့္ျမတ္ဘက္ ကေန ဝန္းရံၿပီးေျပာခဲ့ပါေသးတယ္။ K ညီ က “သူ႔ စိတ္သေဘာထား ေကာင္းတယ္ ဆိုတာ ကြၽန္ေတာ္ အပါအဝင္အႏုပညာေလာက သားအားလုံး သူ႔ စိတ္ရင္းအမွန္ကို သိၾကပါတယ္ အေၾကာင္းအရာ တစ္ခုအေပၚ ေသေသခ်ာခ်ာအျဖစ္မွန္ကို မသိပဲ အထင္မလြဲၾကပါနဲ႔ခမ်ာ🙏✌️ Peace” ဆိုၿပီး ေျပာခဲ့ပါေသးတယ္။ ပရိတတ္ႀကီးလဲ ျမင့္ျမတ္ရဲ႕ အေၾကာင္းကို သိေလာက္ၿပီလို႔ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး ကို ေက်းဇူးတင္ ပါတယ္။

Credit:Swelsone News

မြင့်မြတ်ရဲ့ လူသိအောင်ပြောမပြတဲ့ အကြောင်းတွေကို သူုငယ်ချင်းကောင်း ပီသစွာနဲ့ ဖွင့်ဟပြောပြလိုက်တဲ့ Kညီနဲ့ ယုန်လေး

သရုပ်ဆောင်၊ဒါရိုက်တာ ယုန်လေးနဲ့ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်တို့နှစ်ယောက် ကတော့ ညီအစ်ကိုတွေလိုမျိုး ခင်မင်ရင်းနှီးကြ တာဖြစ်ပါတယ်။ယုန်လေးနဲ့မြင့်မြတ်တို့က တစ်ယောက်ကို တစ်ယောက် ကူညီဖေးမကြပြီး ပျော်ပျော်နေတတ်ကြတဲ့ သူတွေဖြစ်ပါတယ်နော်။ယုန်လေးရဲ့အခက်အခဲတွေ ကိုလည်း မြင့်မြတ်က ကိုယ်တိုင်လိုက်ပြီး ဖြေရှင်းပေးတတ်သလို အခုဆိုရင်လည်း မြင့်မြတ်အပေါ် ပရိသတ်တွေ နားလည်မှုလွဲမှားမှာစိုးလို့ ယုန်လေးက သူသိထားသမျှအကြောင်းစုံကို အောက်ပါအတိုင်း ဖွင့်ဟလိုက်တာဖြစ်ပါတယ်။

ယုန်လေးက”ဘယ်သူ ဘာဖြစ်ဖြစ် သူကူညီတယ် .စက်အဖွဲ့ က အရမ်းရင်းတဲ့ လူတွေရော၊မရင်းတဲ့ လူတွေ ရော ဆေးရုံတက် တာတို့ .တစ်ခုခု အဆင်မပြေဖြစ် တာတို့ သူကူတယ် .လူတိုင်း ကို အမြင်မတော်ရင် ကူညီနေတဲ့ မြင့်မြတ် သူအဖေ အမေ အရင်းကို ဘာမှ မလုပ်ပေး ဖူးကျေးဇူး မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား.သေချာစဉ်းစား စေချင်ပါတယ်။ဝေဖန်တာ မစောစေချင်ပါဘူး ။တစ်လောက လုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ်သိပါတယ် . ချက်ချင်း ဘယ်သူမှ ဝင်မပြောကြတာ . မိသားစုရေးဖြစ်နေလို့ပါ .ကျွန်တော် တိတိကျကျ သိတာ .ကျွန်တော်နဲ့ တွဲပြီးကူတာတွေ အများကြီးရှိပါတယ် .မပြောတော့ဘူး . အနီးစပ်ဆုံး Covid First waveက ပြောမယ်ဆို PPE အစုံ1040 သိန်း ၁၆၅ သိန်း ကျော်ဖိုးလှူတယ်။ဆေးရုံဝန်ထမ်းတွေ အတွက် ၁ဝသိန်း ကျွန်တော့်အလှူမှာ ထပ်မတည်တယ်။မရမ်းကုန်းမြို့နယ်၊မြောက်ဒဂုံမြို့နယ် ဆန်၊ဆီ၊ဆား လိုအပ်တာ လှူတယ်.ရုပ်ရှင်လောက သားများ အဆင်မပြောဘူးဆိုလည်း သူကူပါတယ်။မြင့်မြတ်က Fb မသုံးဘူး၊ပြီးတော့ သူ့အဖေကို ဘယ်အိမ်ဝယ်ပေး လိုက်တယ်၊အမေကို ဘယ်ကွန်ဒို ဝယ်ပေးလိုက်တယ်၊ညီမလေးတွေကို ဘာ ဆိုင်ဖွင့်ပေးလိုက်တယ်၊သူလူသိအောင် မပြောပြခဲ့ဖူးလေ၊အဲ့လိုပြောလို့ အဖေ အမေကို အိမ်ဝယ်ပေးပြီး Fb ပေါ်ပီတိ အဖြစ်နဲ့ တင်တဲ့ သူများကိုလည်း စော်ကားခြင်း မဟုတ်ပါ၊ ကျွန်တော်တို့ ကိုယ်တိုင် ကြည့်ပြီး အဲ့လိုPost တိုင်းကိုကြည်နူး မိပါတယ်။”

Excel မှာ အခန်းဝယ် ပေးတယ် ၊ရွှေဂုံတိုင်မှာ ကွန်ဒိုဝယ်ပေးတယ်၊ဦးအတွက် Crown ဝယ်ပေးတယ်၊ညီမလေးတွေ အတွက် လုပ်ချင်တဲ့ အလုပ်လေးတွေ သူလုပ်ပေးတယ်။ ရင်းနှီးပေးတယ်။ လတိုင်း မိသားစုကို ကန်တော့တာ စိတ်ထဲက မှန်းကြည့် ဘယ်လောက်ဖြစ်နိုင်မလဲ မှန်းကြည့်တာ ထက် ၃ ဆလောက်များပါတယ်။လူတိုင်း မှာ အခက်အခဲ နဲ့ ရင်ဆိုင်နေရသလို Covid အချိန်ကာလမှာ သူလည်း အခက်ခဲပေါင်းများစွာ ရှိပါတယ်။ စိတ်ညစ်စရာ များစွာရှိပါတယ်။အဲ့ဒါကြောင်ရ့်င် Live မလွှင့် Fb မသုံးတဲ့လူ စိတ်ထွက်ပေါက် အနေနဲ့ သူသီချင်းတွေ အော်ဆိုတယ် ၊ကပြတယ်၊အလွတ် ပျော်ပျော်နေတယ် ပရိတ်သတ်လည်း ပျော်တယ် သူလည်းပျော်တယ် Live မှာ တွေ့ရတာလည်း ဒါသူ့ဘဝ ပုံစံပဲ။အထာမရှိဘူး ပေါ့ပါးတယ်။အနုပညာအရည်ချင်း ခမ်းနားတယ် နေတာထိုင်တာ မခမ်းနားဘူး။ ညှပ်ဖိနပ် နဲ့ ဘောင်းဘီတိုပဲ ဒါပဲလေ၊သူ့ဆီမှာလည်း စိတ်ရူပ်စရာတွေ အရမ်းများပါတယ်။သူလူတိုင်းကို မပြောတတ်ဘူး။ ကျွန်တော်ပြောလည်း စိတ်ညစ်တာပဲ ရှိမှာပါဆိုပြီး သူပြောနေကျစကား (အချိန်တန်ရင် သူဟာသူဖြစ်သွားလိမ့်မယ်)ပြောပြီး အမြဲတမ်းရယ်၊အဲ့ဒါကြောင့် သူဖုန်းပိတ် ထားတာ များပါတယ်၊ဘယ်မှလည်း မသွားဘူး။ အိမ်မှာပဲ ရှိပါတယ်၊ ကျွန်တော်တို့ တွေ့ချင်လည်း အိမ်ပဲသွားတာ အရေးကြီးတဲ့ အချိန် ဆက်မယ်ဆိုလည်း ဘယ်သူ ဆက်ဆက် Manager နဲ့ သူ့ဘေးနားရှိတဲ့ ညီလေးဆီ ဆက်ရင် မြင့်မြတ်ကိုယ်တိုင် မကိုင်တာမှ မရှိတာ”

ဦး Taxi မောင်းတာလည်း ကားဝယ် ကတည်းက နံပါတ် အနီဝယ်တာ အလုပ်မရှိရင် ပျင်းလို့ ဒီတိုင်း မောင်းနေတာ ကျွန်တော့်ကို ဦးကိုယ်တိုင် ပြောဖူးပါတယ်။မိသားစုတွေ နားလည်မူ့ခဏလွဲ တယ်လို့ပဲမြင်ပါတယ်။ သင်ခန်းစာလေး တစ်ခုကတော့ ဘာပဲဖြစ်ဖြစ်Media ကို သွားမဖြေရှင်းဖို့ပါပဲ။မြင့်မြတ် အဖေ ကို အကူညီတောင်းခံတဲ့ လူအသွင်ဖြစ်အောင် နောက်ခံတီးလုံးတွေ Edit တွေနဲ့ Drama ခင်းထားတော့ မြင့်မြတ်ကိုပိုပြီး အထင်ဝိုင်းစောင်းကြတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။(အကူညီတောင်းခံတဲ့ လူတန်းစားများကိုလည်း စော်ကားချင်းမဟုတ်ပါ) ထင်ရာတွေ လျှောက်ဝေဖန် နေတဲ့ လူများကိုတော့ ထင်သလို မဟုတ်ပါဘူးလို့ပဲ အတိကျပြောချင်ပါတယ် ခင်ဗျ ကျွန်တော်လည်း ဘယ်ကိစ္စမှ မပါတော့တာကြာပါပြီ မြင့်မြတ်ကိစ္စ ကတော့ ဘာဖြစ်နေနေ ကျွန်တော်တို့ သူ့ဘက်က အပြည့်ဝ ရပ်တည်ပြီးသားပါ တကယ်လည်း ကျွန်တော် ပြောတာတွေ အမှန်တရားတွေကြီးပါပဲ အားလုံး ကျေးဇူးတင်ပါတယ်။မြင့်မြတ်က နာမည်နဲ့လိုက်အောင် မြင့်မြတ်ပါတယ် အားလုံး Peace”ဆိုပြီး အရှိအတိုင်း ကို ရေးသားမျှဝေ လာတာဖြစ်ပါတယ်နော်။

သရုပ်ဆောင် K ညီကလဲ အထင်လွဲ ခံနေရတဲ့ သူငယ်ချင်း မြင့်မြတ်ဘက် ကနေ ဝန်းရံပြီးပြောခဲ့ပါသေးတယ်။ K ညီ က “သူ့ စိတ်သဘောထား ကောင်းတယ် ဆိုတာ ကျွန်တော် အပါအဝင်အနုပညာလောက သားအားလုံး သူ့ စိတ်ရင်းအမှန်ကို သိကြပါတယ် အကြောင်းအရာ တစ်ခုအပေါ် သေသေချာချာအဖြစ်မှန်ကို မသိပဲ အထင်မလွဲကြပါနဲ့ခမျာ🙏✌️ Peace” ဆိုပြီး ပြောခဲ့ပါသေးတယ်။ ပရိတတ်ကြီးလဲ မြင့်မြတ်ရဲ့ အကြောင်းကို သိလောက်ပြီလို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး ကို ကျေးဇူးတင် ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment