Celebrity

ျမင့္ျမတ္ေသာ ရဟန္းေဘာင္သို႔ ဝင္ေရာက္ခဲ့တဲ့ ပံုရိပ္ေတြကို ခ်ျပလာတဲ့ ပိုင္တံခြန္

Written by Ms Cele

ျမင့္ျမတ္ေသာ ရဟန္းေဘာင္သို႔ ဝင္ေရာက္ခဲ့တဲ့ ပံုရိပ္ေတြကို ခ်ျပလာတဲ့ ပိုင္တံခြန္

ပရိသတ္ႀကီးေရ နုိင္ငံေက်ာ္ရံုသာမက ကမၻာေက်ာ္မယ့္ အထိ ျပည္တြင္း ျပည္ပနုိင္ငံေတြမွာ ေအာင္ျမင္ေနတဲ့ မင္းသား ပိုင္တံခြန္ကေတာ့ ျမန္မာေတြကို မ်က္နွာပြင့္ေစတဲ့ မင္းသား တစ္လက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ သူ့ရဲ့ ရွည္လ်ားတဲ့ အရပ္အေမာင္း၊ အထာက်တဲ့ ဆံပင္ရွည္၊ ေျပျပစ္ေခ်ာေမာတဲ့ ရုပ္ရည္နဲ့ သူ့ရဲ့ခႏၶာကိုယ္ေပၚက အမုိက္စား တက္တူးေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြကို တမ္းတမ္း တတျဖစ္ေစတာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ မိန္းကေလးပရိသတ္ေတြ အမ်ားၾကီးရဲ့ စိတ္ဝင္စားမႈကို ရရိွထားေပမယ့္ သူ့မွာ ခ်စ္ရမယ့္ ခ်စ္သူရိွတဲ့အေၾကာင္း ပရိသတ္ေတြကို အသိေပးထားျပီးျပီပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ရက္သတၱပတ္ မွာေတာ့ ပိုင္တံခြန္က သစ္တံခါး ဆရာေတာ္ၾကီးရဲ့ သာသနာျပ ခရီးစဥ္ေတြမွာ လိုက္ပါျပီး ဥပသပၸဒကံေဆာင္ရဟန္းေဘာင္သို့ ဝင္ေရာက္ ခဲ့တာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ အရွင္စႏၵာကုမာရဘြဲ႕အမည္နဲ႔ ရဟန္းခံခဲ့ တာျဖစ္ျပီး ဒီကေန့မွာေတာ့ သူ့ကိုေစာင့္ၾကည့္ အားေပးေနၾကတဲ့ ပရိသတ္ေတြ အတြက္ သကၤန္းဝတ္နဲ့ သူ့ရဲ့ အမွတ္တရ ပံုရိပ္ေတြကို အခုလိုပဲ ခ်ျပလာတာ ေတြ့ရပါတယ္။

ပိုင္တံခြန္ ကေတာ့ စြဲလန္းမႈ တစ္ခုမွ မထားပဲ ဥပသပၸဒကံေဆာင္ ရဟန္းေဘာင္သို့ ရက္ပိုင္းခန့္ ဝင္ေရာက္ျပီး တရားက်င့္ၾကံ အားထုတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္က သူအျမတ္တနိုး နွစ္ရွည္လမ်ား ထားခဲ့တဲ့ ဆံပင္ရွည္ေတြကို စြန့္လႊတ္ျပီး ရဟန္းေဘာင္သို့ ဝင္ေရာက္ ခဲ့တာ တကယ့္ကို ေလးစားဖြယ္ရာပါပဲ။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Paing Takhon ‘s fb
Credit:Cele Connections

မြင့်မြတ်သော ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို ချပြလာတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ နိုင်ငံကျော်ရုံသာမက ကမ္ဘာကျော်မယ့် အထိ ပြည်တွင်း ပြည်ပနိုင်ငံတွေမှာ အောင်မြင်နေတဲ့ မင်းသား ပိုင်တံခွန်ကတော့ မြန်မာတွေကို မျက်နှာပွင့်စေတဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ ရှည်လျားတဲ့ အရပ်အမောင်း၊ အထာကျတဲ့ ဆံပင်ရှည်၊ ပြေပြစ်ချောမောတဲ့ ရုပ်ရည်နဲ့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အမိုက်စား တက်တူးတွေကြောင့် မိန်းကလေးပရိသတ်တွေကို တမ်းတမ်း တတဖြစ်စေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေ အများကြီးရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် သူ့မှာ ချစ်ရမယ့် ချစ်သူရှိတဲ့အကြောင်း ပရိသတ်တွေကို အသိပေးထားပြီးပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် မှာတော့ ပိုင်တံခွန်က သစ်တံခါး ဆရာတော်ကြီးရဲ့ သာသနာပြ ခရီးစဉ်တွေမှာ လိုက်ပါပြီး ဥပသပ္ပဒကံဆောင်ရဟန်းဘောင်သို့ ဝင်ရောက် ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ အရှင်စန္ဒာကုမာရဘွဲ့အမည်နဲ့ ရဟန်းခံခဲ့ တာဖြစ်ပြီး ဒီကနေ့မှာတော့ သူ့ကိုစောင့်ကြည့် အားပေးနေကြတဲ့ ပရိသတ်တွေ အတွက် သင်္ကန်းဝတ်နဲ့ သူ့ရဲ့ အမှတ်တရ ပုံရိပ်တွေကို အခုလိုပဲ ချပြလာတာ တွေ့ရပါတယ်။

ပိုင်တံခွန် ကတော့ စွဲလန်းမှု တစ်ခုမှ မထားပဲ ဥပသပ္ပဒကံဆောင် ရဟန်းဘောင်သို့ ရက်ပိုင်းခန့် ဝင်ရောက်ပြီး တရားကျင့်ကြံ အားထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က သူအမြတ်တနိုး နှစ်ရှည်လများ ထားခဲ့တဲ့ ဆံပင်ရှည်တွေကို စွန့်လွှတ်ပြီး ရဟန်းဘောင်သို့ ဝင်ရောက် ခဲ့တာ တကယ့်ကို လေးစားဖွယ်ရာပါပဲ။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Paing Takhon ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment