Celebrity


Written by Ms Cele






မြင့်မြတ်ကတော့ မိဘကိုသိတတ်သူ တစ်ယောက်ဖြစ်တာကြောင့် မိဘတွေကို လစဉ်ထောက်ပံ့ပေးတဲ့ အပြင် အခုလိုပြဿနာတွေဖြစ် လာချိန်မှာလည်း ဖခင်ကို အပြစ်မမြင်ပဲ သူတစ်ယောက် တည်းသာ ခံစားနေတာပဲ ဖြစ်ပါတယ်။



မြင့်မြတ် ခံစားနေရတာကို ကြည့်တောင် မကြည့်ရက်ဘူး ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ရင်ဖွင့်စကားသံ

သရုပ်ဆောင် မြင့်မြတ် ကတော့ သူ့ရဲ့ အိမ်တွင်းရေး ကိစ္စတွေကြောင့် လက်ရှိမှာ ပရိသတ်တွေရဲ့ အထင်အမြင် လွဲခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ မြင့်မြတ် ကတော့ သူ့ရဲ့ မိသားစု ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပက်သတ်ပြီး ဘယ်တုန်းကမှ ထုတ်ဖော်ပြောကြားခြင်းမရှိသလို အခုလို ပြဿနာတွေဖြစ်လာချိန်မှာလည်း သူ့ပုံစံအတိုင်း တိုးတိုးတိတ်တိတ်သာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ဖခင် ကိုယ်တိုင်က အင်တာဗျူးဗီဒီယိုမှာ ဖြေကြားပေမယ့် မြင့်မြတ်တို့ မိသားစုအကြောင်းကို သိကြသူတွေ ကတော့ ဒါက မိသားစု အချင်းချင်း ခဏတာ နားလည်မှုလွဲ မှားတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

မြင့်မြတ် ကတော့ စိတ်သဘောထား ကောင်းမွန်ပြီး အများအကျိုးကိုလည်း လိုလားသူ တစ်ယောက်ဖြစ်တာကြောင့် မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေက ပရိသတ်တွေ အထင်လွဲမှားခြင်း မရှိအောင် ဖြေရှင်းပေးနေကြ တာပဲ ဖြစ်ပါတယ်။

မြင့်မြတ်နဲ့ ခင်မင်ရင်းနှီးသူ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာ ကလည်း သူမတို့သူငယ်ချင်း အချင်းချင်းပြောကြတဲ့ စာတွေကိုချပြပြီး မြင့်မြတ် တစ်ယောက် သူ့အိမ်မှာ အရမ်းခံစားနေရတယ် ဆိုပြီး ပရိသတ်တွေအားလုံး သိအောင် ချပြလာတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ မိဘကိုသိတတ်သူ တစ်ယောက်ဖြစ်တာကြောင့် မိဘတွေကို လစဉ်ထောက်ပ့ံပေးတဲ့ အပြင် အခုလိုပြဿနာတွေဖြစ် လာချိန်မှာလည်း ဖခင်ကို အပြစ်မမြင်ပဲ သူတစ်ယောက် တည်းသာ ခံစားနေတာပဲ ဖြစ်ပါတယ်။

ပရိသတ် တွေက မြင့်မြတ်အကြောင်းကို သိပြီးသားမို့ မြင့်မြတ် တစ်ယောက် အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment