Celebrity

ျမတ္စြာဘုရားအား ေန႔ဆြမ္းဆပ္ကပ္ကာ ျမန္မာျပည္ႀကီး အျမန္ေအးခ်မ္းေစနိုင္ရန္ ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ခဲ့တဲ့ စမိုင္းလ္

Written by Ms Cele

ျမတ္စြာဘုရားအား ေန႔ဆြမ္းဆပ္ကပ္ကာ ျမန္မာျပည္ႀကီး အျမန္ေအးခ်မ္းေစနိုင္ရန္ ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ခဲ့တဲ့ စမိုင္းလ္

မင္းသမီး ေခ်ာေလး စမိုင္းလ္ ကေတာ့ ပရိသတ္ေတြရဲ့ ခ်စ္ျခင္း ေမတၱာေတြကို ပိုင္ဆိုင္ထားၿပီး အႏုပညာ အလုပ္ေတြကို အနည္းအက်ဥ္း လုပ္ေဆာင္ေနတဲ့သူတစ္ဦးျဖစ္ပါတယ္။ၿပီးျပည့္စုံၿပီး သာယာတဲ့မိသားစုဘဝေလးကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြအားက်ခ်စ္ခင္ေနရတဲ့ ခ်စ္စရာမိသားစုေလးပါပဲ။

ဒါ့အျပင္ စမိုင္းလ္တို ႔မိသားစုက အလႉအတန္း ဆိုလည္း အရမ္းရက္ေရာၾကၿပီး မၾကာခဏ လႉဒါန္းေနၾကတာ ျဖစ္ပါတယ္။ဒီရက္ပိုင္းမွာ ဆိုရင္လည္း စမိုင္းလ္က လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ေနတဲ့ ျပည္သူေတြကို လိုအပ္တဲ့ အရာေတြမ်ားစြာကို လႉတန္းခဲ့တဲ့အျပင္ စားစရာေတြကိုလည္း ကိုယ္တိုင္လိုက္လႉခဲ့တာျဖစ္ပါတယ္။

အခုလည္း ျမန္မာျပည္ႀကီး အျမန္ေအးခ်မ္းေစနိုင္ရန္ ရည္စူးၿပီး ျမတ္စြာဘုရားအား ေန႔ဆြမ္းဆပ္ကပ္ကာ ေမတၱသုတ္ ပဌာန္း ပုတီးမ်ားစိတ္ၿပီးသစၥာျပဳတိုင္တည္ေနတဲ့ ပုံေလးေတြနဲ႔အတူ “ျမတ္စြာဘုရားရွင္နဲ႔ ရဟႏၲာအရွင္ျမတ္မ်ားကို ေန႔ဆြမ္း ကပ္လႉပူေဇာ္ပါတယ္။ ပန္းလမ္း ေရလမ္း ဆီမီးလမ္းမ်ားနဲ ႔ပူေဇာ္ၿပီးေမတၱသုတ္ ပဌာန္း ပုတီးမ်ားစိတ္ၿပီးသစၥာျပဳတိုင္တည္ပါတယ္။ ျမန္မာျပည္ႀကီးအျမန္ဆုံး ေအးခ်မ္းပါေစဘုရား.. မႏၲေလးၿမိဳ႕ႀကီးလည္း အျမန္ဆုံးေအးခ်မ္းပါေစဘုရား ျပည္သူျပည္သားေတြအကုန္လုံး စိတ္ႏွလုံးေအးခ်မ္းၿပီး အပူေတြအျမန္ဆုံးၿငိမ္း ပါရေစဘုရား..”ဆိုတဲ့စာေလးကိုေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Smile

မြတ်စွာဘုရားအား နေ့ဆွမ်းဆပ်ကပ်ကာ မြန်မာပြည်ကြီး အမြန်အေးချမ်းစေနိုင်ရန် ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ စမိုင်းလ်

မင်းသမီး ချောလေး စမိုင်းလ် ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာတွေကို ပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်တွေကို အနည်းအကျဉ်း လုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ပြီးပြည့်စုံပြီး သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ချစ်စရာမိသားစုလေးပါပဲ။

ဒါ့အပြင် စမိုင်းလ်တို ့မိသားစုက အလှူအတန်း ဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏ လှူဒါန်းနေကြတာ ဖြစ်ပါတယ်။ဒီရက်ပိုင်းမှာ ဆိုရင်လည်း စမိုင်းလ်က လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ပြည်သူတွေကို လိုအပ်တဲ့ အရာတွေများစွာကို လှူတန်းခဲ့တဲ့အပြင် စားစရာတွေကိုလည်း ကိုယ်တိုင်လိုက်လှူခဲ့တာဖြစ်ပါတယ်။

အခုလည်း မြန်မာပြည်ကြီး အမြန်အေးချမ်းစေနိုင်ရန် ရည်စူးပြီး မြတ်စွာဘုရားအား နေ့ဆွမ်းဆပ်ကပ်ကာ မေတ္တသုတ် ပဌာန်း ပုတီးများစိတ်ပြီးသစ္စာပြုတိုင်တည်နေတဲ့ ပုံလေးတွေနဲ့အတူ “မြတ်စွာဘုရားရှင်နဲ့ ရဟန္တာအရှင်မြတ်များကို နေ့ဆွမ်း ကပ်လှူပူဇော်ပါတယ်။ ပန်းလမ်း ရေလမ်း ဆီမီးလမ်းများနဲ ့ပူဇော်ပြီးမေတ္တသုတ် ပဌာန်း ပုတီးများစိတ်ပြီးသစ္စာပြုတိုင်တည်ပါတယ်။ မြန်မာပြည်ကြီးအမြန်ဆုံး အေးချမ်းပါစေဘုရား.. မန္တလေးမြို့ကြီးလည်း အမြန်ဆုံးအေးချမ်းပါစေဘုရား ပြည်သူပြည်သားတွေအကုန်လုံး စိတ်နှလုံးအေးချမ်းပြီး အပူတွေအမြန်ဆုံးငြိမ်း ပါရစေဘုရား..”ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Smile

About the author

Ms Cele

Leave a Comment