Celebrity

ျမန္မာနိုင္ငံ ဂီတအစည္းအ႐ုံး(ဗဟို) ယာယီအမႈေဆာင္အဖြဲ႕မွ တရားဝင္ႏႈတ္ထြက္လိုက္ၾကတဲ့ အဆိုေတာ္ မေနာ၊ ညီမင္းခိုင္နဲ႔ ေဝႀကီး

Written by Ms Cele

ျမန္မာနိုင္ငံ ဂီတအစည္းအ႐ုံး(ဗဟို) ယာယီအမႈေဆာင္အဖြဲ႕မွ တရားဝင္ႏႈတ္ထြက္လိုက္ၾကတဲ့ အဆိုေတာ္ မေနာ၊ ညီမင္းခိုင္နဲ႔ ေဝႀကီး

အဆိုေတာ္မေနာ ကေတာ့ လက္ရွိမွာေအာင္ျမင္လ်က္ ရွိေနတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ၿပီး ျမန္မာသံသီခ်င္းေကာင္းေလးေတြမ်ားစြာကို သီဆိုခဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။အဆိုေတာ္ညီမင္းခိုင္ကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ခုကိုရယူထားနိုင္ခဲ့ၿပီး ေအာင္ျမင္မႈေတြကို ဆြတ္ခူးထားနိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ မေနာ ေဝႀကီး ညီမင္းခိုင္တို႔ကေတာ့ ဇြန္လ၁ရက္ေန႔ ျမန္မာနိုင္ငံဂီတအစည္းအ႐ုံးယာယီအမႈေဆာင္အဖြဲ႕မွာ အဖြဲ႕ဝင္ေတြအျဖစ္ ခန္႔အပ္ခံခဲ့ရပါတယ္။

ယေန႔မွာေတာ့ မေနာ ေဝႀကီး ညီမင္းခိုင္တို႔ ၃ေယာက္ဟာ ျမန္မာနိုင္ငံဂီတအစည္းအ႐ုံး(ဗဟို) ယာယီအမႈေဆာင္ အဖြဲ႕မွ တရားဝင္ႏႈတ္ထြက္ လိုက္ၾကပါတယ္။ညီမင္းခိုင္ကေတာ့ ယာယီအမႈေဆာင္အဖြဲ႕မွာ စည္း႐ုံးေရးမႉးအျဖစ္တာဝန္ ခန္႔အပ္ခံခဲ့ရတာပဲျဖစ္ပါတယ္။ ညီမင္းခိုင္ကေတာ့ ” အခ်ိန္မ်ိဳးမွာလက္ခံဖို႔ခက္ခဲတဲ့အရာမို႔လူႀကီးမင္းမ်ားအားလုံးနားလည္ေပးၾကပါရန္ ေလးစားစြာျဖင့္ႏႈတ္ထြက္အပ္ပါသည္ “ဆိုၿပီး ႏႈတ္ထြက္လိုက္တဲ့အေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။

အဆိုေတာ္မေနာ ကေတာ့ ျမန္မာနိုင္ငံဂီတအစည္းအ႐ုံး(ဗဟို) ယာယီအမႈေဆာင္အဖြဲ႕မွာ အမႈေဆာင္အဖြဲ႕ဝင္ အျဖစ္ ခန္႔အပ္ခံခဲ့ရတာျဖစ္ပါတယ္။ မေနာကေတာ့ အႏုပညာပိုင္းမွာ ဝါသနာရွင္သာျဖစ္ၿပီး ပညာရွင္မဟုတ္တဲ့အေၾကာင္း၊ အသက္၃၈ႏွစ္သာရွိေသးတာေၾကာင့္ အားနည္းခ်က္ေတြမ်ားစြာရွိၿပီး ယာယီအမႈေဆာင္အဖြဲ႕ဝင္အျဖစ္နဲ႔ မသင့္ေတာ္တာေၾကာင့္ ခြင့္လြတ္နားလည္ေပးေစလိုတဲ့အေၾကာင္း ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ ယာယီအမႈေဆာင္အဖြဲ႕မွ တရားဝင္ႏႈတ္ထြက္ေၾကာင္း ေရးသားထားတဲ့ အဆိုေတာ္မေနာရဲ့စာေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

စစ္ေကာင္စီက ယခု ရက္ပိုင္းအတြင္း အတည္ျပဳဖြဲ႕စည္း ခဲ့တဲ့ ျမန္မာနိုင္ငံ ဂီတ အစည္းအ႐ုံး (ဗဟို) ယာယီအ လုပ္အမႈေဆာင္ အဖြဲ႕မွာ နိုင္ငံေက်ာ္ ေက်းလက္အဆိုေတာ္ မေနာ၊ လူငယ္ႀကိဳက္အဆိုေတာ္ ညီမင္းခိုင္နဲ႔ နာမည္ေက်ာ္ ေတးေရးေတးဆို ေဝႀကီး (ခ) ၿငိမ္းခ်မ္းေသာ္တို႔ကို ထည့္သြင္းဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။အဆိုေတာ္ မေနာကေတာ့ အဲဒီအဖြဲ႕မွာ သူ႔နာမည္ကို ထည့္သြင္းထားတာ ဒီေန႔မနက္မွ သိရၿပီး သိသိခ်င္းပဲ စာပို႔ၿပီး သူမလုပ္နိူင္ေၾကာင္းကို ေမတၱာရပ္ခံ အေၾကာင္းၾကားထားတယ္လို႔ ဆိုပါတယ္။

“ဒီမနက္ကမွ သိရတာျဖစ္ပါတယ္။ က်ေနာ္ သိသိခ်င္းပဲ ေမတၱာရပ္ခံစာ ပို႔ထားပါတယ္”လို႔ မေနာက သူ႔ရဲ Facebook မွာ ေရးသားထားပါတယ္။အလားတူ အဆိုေတာ္ ညီမင္းခိုင္ကလည္း အဲဒီအဖြဲ႕မွာ သူမလုပ္နိုင္လို႔ ႏႈတ္ထြက္ပါတယ္လို႔ ထုတ္ျပန္ပါတယ္။“ကိုယ့္ခ်စ္သူေတာင္ မစည္း႐ုံးနိုင္တာဗ်ာ၊ လူၾကမင္းမ်ားအားလုံး နားလည္ေပးၾကပါ။ ေလးစားစြာျဖင့္ ႏႈတ္ထြက္အပ္ပါသည္”လို႔ ညီမင္းခိုင္က သူ႔ Facebook မွာ ေရးသားထားပါတယ္။နာမည္ေက်ာ္ ေတးေရးေတးဆို ေဝႀကီး (ခ) ၿငိမ္းခ်မ္းေသာ္ကလည္း သူဟာ ျမန္မာနိုင္ငံ ဂီတအစည္းအ႐ုံး အလုပ္အမႈေဆာင္အဖြဲ႕ဝင္ လုံးဝမဟုတ္ေၾကာင္း သူ႔ရဲ့ Facebook ကေန ေရးသားေျပာဆိုပါတယ္။

စစ္ေကာင္စီက ဦးေဆာင္ၿပီး ဖြဲ႕စည္းခဲ့တဲ့ ျမန္မာနိုင္ငံ ဂီတ အစည္းအ႐ုံး (ဗဟို) (ယာယီ)မွာ အဆိုေတာ္ ကိုင္ဇာက ဥကၠဌအျဖစ္ တာဝန္ယူထားပါတယ္။အဆိုပါ အဖြဲ႕အစည္းရဲ့ နာယကေတြအျဖစ္ ဗိုလ္ကေလးတင့္ေအာင္၊ အဆိုေတာ္ တင္တင္ျမ၊ ဟသၤာတ ျမင့္ေငြ၊ တင္ဦးေလး၊ ျမန္မာျပည္ သိန္းတန္တို႔က တာဝန္ယူထားပါတယ္။အလုပ္အမႈေဆာင္အဖြဲ႕မွာ အဆိုေတာ္ ကိုင္ဇာက ဥကၠဌအျဖစ္ တာဝန္ယူထားၿပီး ဦးၾကည္မင္းသိန္း၊ အဆိုေတာ္ S ကဲနက္တို႔အပါအဝင္ ျမန္မာသံနဲ႔ ေခတ္ေပၚေတးေရး၊ ေတးဂီတ တီးခတ္သူပညာရွင္အခ်ိဳ႕က အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားအျဖစ္ ပါဝင္ေနေၾကာင္း သိရပါတယ္။

Credit:celethatin

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်လိုက်ကြတဲ့ အဆိုတော် မနော၊ ညီမင်းခိုင်နဲ့ ဝေကြီး

အဆိုတော်မနော ကတော့ လက်ရှိမှာအောင်မြင်လျက် ရှိနေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး မြန်မာသံသီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဆိုတော်ညီမင်းခိုင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မနော ဝေကြီး ညီမင်းခိုင်တို့ကတော့ ဇွန်လ၁ရက်နေ့ မြန်မာနိုင်ငံဂီတအစည်းအရုံးယာယီအမှုဆောင်အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ယနေ့မှာတော့ မနော ဝေကြီး ညီမင်းခိုင်တို့ ၃ယောက်ဟာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင် အဖွဲ့မှ တရားဝင်နှုတ်ထွက် လိုက်ကြပါတယ်။ညီမင်းခိုင်ကတော့ ယာယီအမှုဆောင်အဖွဲ့မှာ စည်းရုံးရေးမှူးအဖြစ်တာဝန် ခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ညီမင်းခိုင်ကတော့ ” အချိန်မျိုးမှာလက်ခံဖို့ခက်ခဲတဲ့အရာမို့လူကြီးမင်းများအားလုံးနားလည်ပေးကြပါရန် လေးစားစွာဖြင့်နှုတ်ထွက်အပ်ပါသည် “ဆိုပြီး နှုတ်ထွက်လိုက်တဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

အဆိုတော်မနော ကတော့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှာ အမှုဆောင်အဖွဲ့ဝင် အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ မနောကတော့ အနုပညာပိုင်းမှာ ဝါသနာရှင်သာဖြစ်ပြီး ပညာရှင်မဟုတ်တဲ့အကြောင်း၊ အသက်၃၈နှစ်သာရှိသေးတာကြောင့် အားနည်းချက်တွေများစွာရှိပြီး ယာယီအမှုဆောင်အဖွဲ့ဝင်အဖြစ်နဲ့ မသင့်တော်တာကြောင့် ခွင့်လွတ်နားလည်ပေးစေလိုတဲ့အကြောင်း ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်ကြောင်း ရေးသားထားတဲ့ အဆိုတော်မနောရဲ့စာလေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

စစ်ကောင်စီက ယခု ရက်ပိုင်းအတွင်း အတည်ပြုဖွဲ့စည်း ခဲ့တဲ့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) ယာယီအ လုပ်အမှုဆောင် အဖွဲ့မှာ နိုင်ငံကျော် ကျေးလက်အဆိုတော် မနော၊ လူငယ်ကြိုက်အဆိုတော် ညီမင်းခိုင်နဲ့ နာမည်ကျော် တေးရေးတေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော်တို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။အဆိုတော် မနောကတော့ အဲဒီအဖွဲ့မှာ သူ့နာမည်ကို ထည့်သွင်းထားတာ ဒီနေ့မနက်မှ သိရပြီး သိသိချင်းပဲ စာပို့ပြီး သူမလုပ်နိူင်ကြောင်းကို မေတ္တာရပ်ခံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

“ဒီမနက်ကမှ သိရတာဖြစ်ပါတယ်။ ကျနော် သိသိချင်းပဲ မေတ္တာရပ်ခံစာ ပို့ထားပါတယ်”လို့ မနောက သူ့ရဲ Facebook မှာ ရေးသားထားပါတယ်။အလားတူ အဆိုတော် ညီမင်းခိုင်ကလည်း အဲဒီအဖွဲ့မှာ သူမလုပ်နိုင်လို့ နှုတ်ထွက်ပါတယ်လို့ ထုတ်ပြန်ပါတယ်။“ကိုယ့်ချစ်သူတောင် မစည်းရုံးနိုင်တာဗျာ၊ လူကြမင်းများအားလုံး နားလည်ပေးကြပါ။ လေးစားစွာဖြင့် နှုတ်ထွက်အပ်ပါသည်”လို့ ညီမင်းခိုင်က သူ့ Facebook မှာ ရေးသားထားပါတယ်။နာမည်ကျော် တေးရေးတေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော်ကလည်း သူဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ဝင် လုံးဝမဟုတ်ကြောင်း သူ့ရဲ့ Facebook ကနေ ရေးသားပြောဆိုပါတယ်။

စစ်ကောင်စီက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) (ယာယီ)မှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။အဆိုပါ အဖွဲ့အစည်းရဲ့ နာယကတွေအဖြစ် ဗိုလ်ကလေးတင့်အောင်၊ အဆိုတော် တင်တင်မြ၊ ဟင်္သာတ မြင့်ငွေ၊ တင်ဦးလေး၊ မြန်မာပြည် သိန်းတန်တို့က တာဝန်ယူထားပါတယ်။အလုပ်အမှုဆောင်အဖွဲ့မှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဦးကြည်မင်းသိန်း၊ အဆိုတော် S ကဲနက်တို့အပါအဝင် မြန်မာသံနဲ့ ခေတ်ပေါ်တေးရေး၊ တေးဂီတ တီးခတ်သူပညာရှင်အချို့က အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ပါဝင်နေကြောင်း သိရပါတယ်။

Credit:celethatin

About the author

Ms Cele

Leave a Comment