Celebrity

ျမန္မာနိုင္ငံ ရုပ္ရွင္ အစည္းအရံုးမွာ အလွဴေလး တစ္ခုကို ျပဳလုပ္ ခဲ့တဲ့ ထက္ထက္မိုးဦး

Written by Ms Cele

ျမန္မာနိုင္ငံ ရုပ္ရွင္ အစည္းအရံုးမွာ အလွဴေလး တစ္ခုကို ျပဳလုပ္ ခဲ့တဲ့ ထက္ထက္မိုးဦး

ပရိသတ္ ေတြခ်စ္ၾကတဲ့ မင္းသမီးေခ်ာ ထက္ထက္မိုးဦး ကေတာ့ ေၾကာ္ျငာဘုရင္မ တစ္ေယာက္ဆိုတဲ့ ဂုဏ္ပုဒ္ကို ဒီေန့ ဒီအခ်ိန္ထိ ျပိဳင္ဘက္ မရိွ ဆြတ္ခူးထားနိုင္ဆဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦး ကေတာ့ မခ်စ္တဲ့သူ မရိွသေလာက္ကို ခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ေတြကို တစ္နိုင္ငံလံုး အတုိင္းအတာနဲ့ ရရိွပိုင္ဆိုင္ ထားျပီး ထက္ထက္မုိးဦးကလည္း သူမကိုခ်စ္ၾကတဲ့ ပရိသတ္ တစ္ေယာက္ခ်င္းစီတိုင္းကို တန္ဖိုးထား ေလးစားသူ တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ထက္ထက္ တစ္ေယာက္ က်န္းမာေရး မေကာင္းသည့္တုိင္ ပရိသတ္ေတြ အတြက္ အနုပညာ အလုပ္ေတြကို ၾကိဳးစားလုပ္ကိုင္ေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြကို တန္ဖိုးထားျပီး အရမ္း ခ်စ္တဲ့ ထက္ထက္မိုးဦးက မေန့က နိုဝင္ဘာလ (၂၄) ရက္ေန့ မွာေတာ့ ပရိသတ္ေတြ အတြက္ အလွဴတစ္ခု ျပဳလုပ္ခဲ့ေၾကာင္းကို “ထက္ခ်စ္ရတဲ့သူေတြ အားလုံးအတြက္ မေန႔က အလႉတစ္ခု လုပ္ခဲ့ပါတယ္။ အလႉမွာ ပါဝင္ေပးတဲ့ Nice Food ကိုလည္း ေက်းဇူးတင္ပါတယ္ရွင့္ ။အားလုံး အလႉမို႔ ခ်စ္ရသူေတြလည္း ကုသိုလ္ရေအာင္ တင္ေပးလိုက္ပါတယ္။” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ အလွဴေလးအေၾကာင္းကို ေျပာလာပါတယ္။

ထက္ထက္မိုးဦး ကေတာ့ ပရိသတ္ေတြ အားေပးလို့ ရရိွလာတဲ့ အနုပညာေၾကးေတြနဲ့ လွဴဒါန္းခဲ့တဲ့ အလွဴ ေလးမွာ (၇) ရက္သားသမီး အတြက္ ရည္စူးျပီး လွဴဒါန္းခဲ့ တာပဲ ျဖစ္ပါတယ္။ ခ်စ္ရတဲ့ ပရိသတ္ၾကီး ကလည္း ထက္ထက္ရဲ့ အလွဴေလး အတြက္ သာဓုအနုေမာဓနာေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အလှူလေး တစ်ခုကို ပြုလုပ် ခဲ့တဲ့ ထက်ထက်မိုးဦး

ပရိသတ် တွေချစ်ကြတဲ့ မင်းသမီးချော ထက်ထက်မိုးဦး ကတော့ ကြော်ငြာဘုရင်မ တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီနေ့ ဒီအချိန်ထိ ပြိုင်ဘက် မရှိ ဆွတ်ခူးထားနိုင်ဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး ကတော့ မချစ်တဲ့သူ မရှိသလောက်ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရရှိပိုင်ဆိုင် ထားပြီး ထက်ထက်မိုးဦးကလည်း သူမကိုချစ်ကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထား လေးစားသူ တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ထက်ထက် တစ်ယောက် ကျန်းမာရေး မကောင်းသည့်တိုင် ပရိသတ်တွေ အတွက် အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို တန်ဖိုးထားပြီး အရမ်း ချစ်တဲ့ ထက်ထက်မိုးဦးက မနေ့က နိုဝင်ဘာလ (၂၄) ရက်နေ့ မှာတော့ ပရိသတ်တွေ အတွက် အလှူတစ်ခု ပြုလုပ်ခဲ့ကြောင်းကို “ထက်ချစ်ရတဲ့သူတွေ အားလုံးအတွက် မနေ့က အလှူတစ်ခု လုပ်ခဲ့ပါတယ်။ အလှူမှာ ပါဝင်ပေးတဲ့ Nice Food ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် ။အားလုံး အလှူမို့ ချစ်ရသူတွေလည်း ကုသိုလ်ရအောင် တင်ပေးလိုက်ပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အလှူလေးအကြောင်းကို ပြောလာပါတယ်။

ထက်ထက်မိုးဦး ကတော့ ပရိသတ်တွေ အားပေးလို့ ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ လှူဒါန်းခဲ့တဲ့ အလှူ လေးမှာ (၇) ရက်သားသမီး အတွက် ရည်စူးပြီး လှူဒါန်းခဲ့ တာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်ကြီး ကလည်း ထက်ထက်ရဲ့ အလှူလေး အတွက် သာဓုအနုမောဓနာခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment