Celebrity

ျမန္မာနိုင္ငံ အတြင္းေရးမွဴးေတြ ရဲ့ ဂုဏ္သိကၡာကို ထိခိုက္ေစ ခဲ့တဲ့ ေၾကာ္ျငာနဲ့ ပက္သတ္ျပီး အတြင္းေရးမွဴးေတြရဲ႕ ေ၀ဖန္မႈကို အနူးအညြတ္ ျပန္လည္ ေတာင္းပန္ လာတဲ့ ျဖဴျဖဴေထြး

Written by Ms Cele

ျမန္မာနိုင္ငံ အတြင္းေရးမွဴးေတြ ရဲ့ ဂုဏ္သိကၡာကို ထိခိုက္ေစ ခဲ့တဲ့ ေၾကာ္ျငာနဲ့ ပက္သတ္ျပီး အတြင္းေရးမွဴးေတြရဲ႕ ေ၀ဖန္မႈကို အနူးအညြတ္ ျပန္လည္ ေတာင္းပန္ လာတဲ့ ျဖဴျဖဴေထြး

အြန္လိုင္း ဆယ္လီ တစ္ေယာက္ျဖစ္တဲ့ ျဖဴျဖဴေထြး ကေတာ့ ေနာက္ပိုင္းမွာ အြန္လိုင္းေၾကာ္ျငာေလး ေတြကို ရိုက္ကူး လာခဲ့ျပီး အနုပညာ လႈပ္ရွားမႈေတြ လုပ္ကိုင္လာ ခဲ့တာပဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရက္ပိုင္း မွာလည္း ျဖဴျဖဴေထြးက ဒါရိုက္တာ စတီးလ္ ရိုက္ကူးတဲ့ ေၾကာ္ျငာတစ္ခုမွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး အြန္လိုင္းေပၚတင္ခဲ့ရာ ထုိေၾကာ္ျငာထဲက ဇာတ္ညႊန္းနဲ့ သရုပ္ေဆာင္ခ်က္ေတြက အတြင္းေရးမွဴးေတြရဲ့ က်င့္ဝတ္နဲ့ မညီညြတ္ေသာ ကိုယ္အမူအယာ၊ နႈတ္အမူအယာေတြအျပင္ လုပ္ငန္းခြင္ရိွ လုပ္ေဖာ္ကိုင္ဖက္မ်ားကို ေျပာဆိုဆက္ဆံပံုမ်ား ပါဝင္တာေၾကာင့္ ျမန္မာနိုင္ငံအတြင္းေရးမွဴးအသင္းက ရႈံ့ခ်ေၾကာင္း စာထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။

ထိုကိစၥနဲ့ ပက္သတ္ျပီး ျဖဴျဖဴေထြးက “ဒီေၾကာ္ျငာေလး ကေတာ့ Director သင္ေပးတဲ့အတိုင္း လုပ္ေဆာင္ခဲ့ရတာပါ ဒီလို ႐ိုင္းစိုင္းတဲ့ အျပဳအမူ မ်ိဳးျဖစ္ခဲ့ရင္ သမီးအေနနဲ႔ေတာင္းပန္ပါတယ္ 🙏🙏🙏 ဇာတ္လမ္း ဇာတ္ၫြန္း သမီးကိုယ္တိုင္ေရးစပ္ထားတာ မဟုတ္ေတာ့ Secretary တစ္ေယာက္ ရဲ႕ ေနထိုင္မႈ႕အဆင့္အတန္းကို သမီးေလ့လာ မထားမိပါဘူး။ အဲ့ဒါေၾကာင့္ သမီးရဲ႕ သ႐ုပ္ေဆာင္မႈဟာ Secretary ဝန္ထမ္းေတြ အေပၚ ဂုဏ္သိကၡာ ထိခိုင္မႈေၾကာင့္ သမီးအေနနဲ႔ အႏူးအၫႊတ္ေတာင္းပန္အပ္ပါတယ္ရွင္။ ေနာက္ေနာင္ ဒါမ်ိဳးမျဖစ္ေအာင္လဲ ဇာတ္ၫႊန္းကိုေသခ်ာ ဖတ္ ဂ႐ုစိုက္ၿပီး သ႐ုပ္ေဆာင္ပါ့မယ္🙏🙏🙏” ဆုိျပီး အနူးအညြတ္ ျပန္လည္ေတာင္းပန္လာခဲ့ပါတယ္။

ဒါရိုက္တာ စတီးလ္ ရိုက္ကူးခဲ့ျပီး ျဖဴျဖဴေထြး သရုပ္ေဆာင္ ခဲ့တဲ့ ေၾကာ္ျငာေတြ ကေတာ့ ျမန္မာနိုင္ငံအတြင္းေ ရးမွဴးေတြရဲ့ ဂုဏ္သိကၡာကို ထိခိုက္ေစခဲ့ တာေၾကာင့္ အတြင္းေရးမွဴးေတြရဲ့ ေဝဖန္မႈကို ျပင္းျပင္းထန္ထန္ ခံေနရတာပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးရဲ့ ေျဖရွင္းေတာင္းပန္လာမႈေၾကာင့္လုပ္ငန္းခြင္ထဲက အတြင္းေရးမွဴးေတြနဲ့တကြ ပရိသတ္ၾကီးလည္း နားလည္ ခႊင့္လႊတ္ေပးၾက မယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

မြန်မာနိုင်ငံ အတွင်းရေးမှူးတွေ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေ ခဲ့တဲ့ ကြော်ငြာနဲ့ ပက်သတ်ပြီး အတွင်းရေးမှူးတွေရဲ့ ဝေဖန်မှုကို အနူးအညွတ် ပြန်လည် တောင်းပန် လာတဲ့ ဖြူဖြူထွေး

အွန်လိုင်း ဆယ်လီ တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေး ကတော့ နောက်ပိုင်းမှာ အွန်လိုင်းကြော်ငြာလေး တွေကို ရိုက်ကူး လာခဲ့ပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင်လာ ခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း မှာလည်း ဖြူဖြူထွေးက ဒါရိုက်တာ စတီးလ် ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ ထိုကြော်ငြာထဲက ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ချက်တွေက အတွင်းရေးမှူးတွေရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်သော ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေအပြင် လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုဆက်ဆံပုံများ ပါဝင်တာကြောင့် မြန်မာနိုင်ငံအတွင်းရေးမှူးအသင်းက ရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး ဖြူဖြူထွေးက “ဒီကြော်ငြာလေး ကတော့ Director သင်ပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ရတာပါ ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူ မျိုးဖြစ်ခဲ့ရင် သမီးအနေနဲ့တောင်းပန်ပါတယ် 🙏🙏🙏 ဇာတ်လမ်း ဇာတ်ညွန်း သမီးကိုယ်တိုင်ရေးစပ်ထားတာ မဟုတ်တော့ Secretary တစ်ယောက် ရဲ့ နေထိုင်မှု့အဆင့်အတန်းကို သမီးလေ့လာ မထားမိပါဘူး။ အဲ့ဒါကြောင့် သမီးရဲ့ သရုပ်ဆောင်မှုဟာ Secretary ဝန်ထမ်းတွေ အပေါ် ဂုဏ်သိက္ခာ ထိခိုင်မှုကြောင့် သမီးအနေနဲ့ အနူးအညွှတ်တောင်းပန်အပ်ပါတယ်ရှင်။ နောက်နောင် ဒါမျိုးမဖြစ်အောင်လဲ ဇာတ်ညွှန်းကိုသေချာ ဖတ် ဂရုစိုက်ပြီး သရုပ်ဆောင်ပါ့မယ်🙏🙏🙏” ဆိုပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာခဲ့ပါတယ်။

ဒါရိုက်တာ စတီးလ် ရိုက်ကူးခဲ့ပြီး ဖြူဖြူထွေး သရုပ်ဆောင် ခဲ့တဲ့ ကြော်ငြာတွေ ကတော့ မြန်မာနိုင်ငံအတွင်းေ ရးမှူးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ တာကြောင့် အတွင်းရေးမှူးတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ဖြေရှင်းတောင်းပန်လာမှုကြောင့်လုပ်ငန်းခွင်ထဲက အတွင်းရေးမှူးတွေနဲ့တကွ ပရိသတ်ကြီးလည်း နားလည် ခွှင့်လွှတ်ပေးကြ မယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment