Celebrity

ျမန္မာအကကို ပထမဆံုး သင္ဖူးၿပီး အေကာင္းဆံုး ကျပေဖ်ာ္ေျဖခဲ့တဲ့ အမွတ္တရပံုေတြကို ခ်ျပလာတဲ့ သဇင္ထူးျမင့္

Written by Ms Cele

ျမန္မာအကကို ပထမဆံုး သင္ဖူးၿပီး အေကာင္းဆံုး ကျပေဖ်ာ္ေျဖခဲ့တဲ့ အမွတ္တရပံုေတြကို ခ်ျပလာတဲ့ သဇင္ထူးျမင့္

ပရိသတ္ႀကီးေရ သဲ လို႔ ခ်စ္စနိုးေခၚၾကတဲ့ သဇင္ထူးျမင့္ ကေတာ့ မာလာၿမိဳင္မိုးရာသီ သဘင္ပြဲေတာ္ အၿငိမ့္အဖြဲ႕မွာ ဟန္ဇာမိုးဝင္း တင္ေမာင္ဆန္းမင္းဝင္း တို႔နဲ႔အတူ ဝင္ေရာက္ ကၿပ ေဖ်ာ္ေျဖခဲ့ပါတယ္ ။ သူမ အတြက္ တကယ့္ကိုမွ အမွတ္တရ ျဖစ္ရတဲ့ညေလး ျဖစ္ခဲ့သလို တစ္ခါမွ ျမန္မာအက မသင္ခဲ့ ဖူးေပမယ့္ အစ္ကိုအမေတြကို ခ်စ္တဲ့စိတ္သက္သက္နဲ႔ကို ဝင္ကျဖစ္ခဲ့တာ လို႔လည္း ပရိသတ္ေတြ ကို ေျပာျပခဲ့ပါတယ္ ။

သဲတို႔ ‘ဆိုးေပ’ ၿပီးတည္း ကေပါင္းတဲ့ gp ေလးက အရမ္းခ်စ္ ဖို႔ေကာင္းတယ္ အသက္ရြယ္ ေတြမတူပဲ မိသားစုလို အျမဲသြားအတူ လာအတူ စားအတူျဖစ္ေန ၾကတာ အားလုံး လည္း သတိထားမိ ၾကမွာပါ… ခုလို ပြဲႀကီးမွာသဲကို ပါဝင္ကျပဖို႔ ဖိတ္ၾကား တဲ့တြက္ ေက်းဇူးတင္ပါတယ္ ဆိုတဲ့စာသားေလး နဲ႔အတူ သူမ ေဖ်ာ္ေျဖကျပခဲ့တဲ့ ညက အမွတ္တရ ပုံရိပ္ေလးေတြကို ပရိသတ္ ေတြကို မၽွေဝေပးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြ ကလည္း သူမရဲ့အကေလးကို သေဘာက်ေၾကာင္း မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္ ။

သဲ ကလည္း ေနာက္ဆို ဒီထပ္ပို ေကာင္းေအာင္ ႀကိဳးစားပါ့မယ္….သင္ထားတဲ့ အပုဒ္အျပင္ ႐ုတ္တရက္ႀကီးေတြ အသစ္ေတြကခိုင္းၿပီး ေဆးထိုးၾကတဲ့ အကိုႏွစ္ေယာက္ ကိုလည္း သမီးဘက္က ျပန္ေဆးထိုးဖို႔ ျပင္ထားပါၿပီေနာ္ ဆိုတဲ့စာသားေလးနဲ႔အတူ သူမကို ေဆးထိုးတဲ့ အစ္ကိုႏွစ္ေယာက္ ကိုလည္း ျပန္လည္ အရႊန္းေဖာက္ စေနာက္ထားပါေသးတယ္ ။

Credit:Cele Gabar

မြန်မာအကကို ပထမဆုံး သင်ဖူးပြီး အကောင်းဆုံး ကပြဖျော်ဖြေခဲ့တဲ့ အမှတ်တရပုံတွေကို ချပြလာတဲ့ သဇင်ထူးမြင့်

ပရိသတ်ကြီးရေ သဲ လို့ ချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့် ကတော့ မာလာမြိုင်မိုးရာသီ သဘင်ပွဲတော် အငြိမ့်အဖွဲ့မှာ ဟန်ဇာမိုးဝင်း တင်မောင်ဆန်းမင်းဝင်း တို့နဲ့အတူ ဝင်ရောက် ကပြ ဖျော်ဖြေခဲ့ပါတယ် ။ သူမ အတွက် တကယ့်ကိုမှ အမှတ်တရ ဖြစ်ရတဲ့ညလေး ဖြစ်ခဲ့သလို တစ်ခါမှ မြန်မာအက မသင်ခဲ့ ဖူးပေမယ့် အစ်ကိုအမတွေကို ချစ်တဲ့စိတ်သက်သက်နဲ့ကို ဝင်ကဖြစ်ခဲ့တာ လို့လည်း ပရိသတ်တွေ ကို ပြောပြခဲ့ပါတယ် ။

သဲတို့ ‘ဆိုးပေ’ ပြီးတည်း ကပေါင်းတဲ့ gp လေးက အရမ်းချစ် ဖို့ကောင်းတယ် အသက်ရွယ် တွေမတူပဲ မိသားစုလို အမြဲသွားအတူ လာအတူ စားအတူဖြစ်နေ ကြတာ အားလုံး လည်း သတိထားမိ ကြမှာပါ… ခုလို ပွဲကြီးမှာသဲကို ပါဝင်ကပြဖို့ ဖိတ်ကြား တဲ့တွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့စာသားလေး နဲ့အတူ သူမ ဖျော်ဖြေကပြခဲ့တဲ့ ညက အမှတ်တရ ပုံရိပ်လေးတွေကို ပရိသတ် တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေ ကလည်း သူမရဲ့အကလေးကို သဘောကျကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ် ။

သဲ ကလည်း နောက်ဆို ဒီထပ်ပို ကောင်းအောင် ကြိုးစားပါ့မယ်….သင်ထားတဲ့ အပုဒ်အပြင် ရုတ်တရက်ကြီးတွေ အသစ်တွေကခိုင်းပြီး ဆေးထိုးကြတဲ့ အကိုနှစ်ယောက် ကိုလည်း သမီးဘက်က ပြန်ဆေးထိုးဖို့ ပြင်ထားပါပြီနော် ဆိုတဲ့စာသားလေးနဲ့အတူ သူမကို ဆေးထိုးတဲ့ အစ်ကိုနှစ်ယောက် ကိုလည်း ပြန်လည် အရွှန်းဖောက် စနောက်ထားပါသေးတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment