Celebrity

ျမန္မာ့ေမာ္ဒန္ကဗ်ာေလာကကိုဦးေဆာင္ခဲ့တဲ့ ႀကီးက်ယ္ခမ္းနားတဲ့ သက္ရွိကဗ်ာဆရာႀကီး ဦးေအာင္ခ်ိမ့္ရဲ႕ ေၾကကြဲစရာေနာက္ဆံုးခရီး စ်ာပနပံုရိပ္မ်ား

Written by Ms Cele

ျမန္မာ့ေမာ္ဒန္ကဗ်ာေလာကကိုဦးေဆာင္ခဲ့တဲ့ ႀကီးက်ယ္ခမ္းနားတဲ့ သက္ရွိကဗ်ာဆရာႀကီး ဦးေအာင္ခ်ိမ့္ရဲ႕ ေၾကကြဲစရာေနာက္ဆံုးခရီး စ်ာပနပံုရိပ္မ်ား

အႏုပညာေလာကမွာ ထိမိလြန္းတဲ့ ကဗ်ာစာသားေတြနဲ႔ ျပည္သူေတြရဲ့ တန္ဖိုးထားေလးစားမႈ ေတြကို အျပည့္အဝ ရရွိထားတဲ့ ကဗ်ာဆရာႀကီးေအာင္ခ်ိမ့္ ကေတာ့ ဩဂုတ္လ(၉)ရက္ေန႔ ည(၈:၁၂)မိနစ္အခ်ိန္မွာ ကြယ္လြန္သြားခဲ့ပါၿပီ..။ထင္ရွားေက်ာ္ၾကားတဲ့ ပုဂၢိဳလ္တစ္ဦးျဖစ္သည့္ ကဗ်ာဆရာႀကီးေအာင္ခ်ိမ့္ ကြယ္လြန္သြားတဲ့ အတြက္ ျပည္သူေတြက ေျဖမဆည္နိုင္ေအာင္ ဝမ္းနည္း ေၾကကြဲေနၾကတာ ျဖစ္ပါတယ္..။

ကြယ္လြန္ခ်ိန္မွာ အသက္(၇၄)ႏွစ္ ရွိၿပီျဖစ္တဲ့ ဆရာႀကီးေအာင္ခ်ိမ့္ရဲ့ ဈာပနအခမ္းအနားကိုေတာ့ ဒီကေန႔မွာျပဳလုပ္ခဲ့ၿပီး ေရေဝးသုႆန္မွာ ဂူသြင္းသၿဂႋဳလ္မွာျဖစ္တယ္လို႔ သိရပါတယ္..။ဆရာႀကီးရဲ့ ေနာက္ဆုံးအခ်ိန္ကိုေတာ့ မိသားစုေတြအျပင္ ခင္မင္ရင္းႏွီးတဲ့မိတ္ေဆြတခ်ိဳ႕လည္း လိုက္ပါပို႔ေဆာင္ေပးခဲ့ၾကတာလည္း ေတြ႕ရပါတယ္..။

ကဗ်ာဆရာႀကီး ေအာင္ခ်ိမ့္ဟာ ျမန္မာ့ေမာ္ဒန္ကဗ်ာေလာကကို ဦးေဆာင္သူမ်ားထဲက ပါဝင္သူတစ္ဦးျဖစ္ၿပီး ျမန္မာနိုင္ငံရဲ့ ႀကီးက်ယ္ခမ္းနားတဲ့ သက္ရွိကဗ်ာဆရာလို႔ အသိအမွတ္ျပဳၾကတဲ့ ကဗ်ာဆရာတစ္ဦးပဲ ျဖစ္ပါတယ္..။

ကဗ်ာဆရာႀကီးေအာင္ခ်ိမ့္ရဲ့ ေနာက္ဆုံးဈာပနျမင္ကြင္းပုံရိပ္ေတြကိုေတာ့ အမ်ားျပည္သူေနာက္ဆုံးႏႈတ္ဆက္ျမင္ေတြ႕နိုင္ဖို႔ တင္ဆက္မၽွေဝရင္း ဆရာႀကီးေကာင္းရာသုဂတိလားေစဖို႔ ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္ေနာ္..။

crd

မြန်မာ့မော်ဒန်ကဗျာလောကကိုဦးဆောင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ သက်ရှိကဗျာဆရာကြီး ဦးအောင်ချိမ့်ရဲ့ ကြေကွဲစရာနောက်ဆုံးခရီး စျာပနပုံရိပ်များ

အနုပညာလောကမှာ ထိမိလွန်းတဲ့ ကဗျာစာသားတွေနဲ့ ပြည်သူတွေရဲ့ တန်ဖိုးထားလေးစားမှု တွေကို အပြည့်အဝ ရရှိထားတဲ့ ကဗျာဆရာကြီးအောင်ချိမ့် ကတော့ ဩဂုတ်လ(၉)ရက်နေ့ ည(၈:၁၂)မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပါပြီ..။ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကဗျာဆရာကြီးအောင်ချိမ့် ကွယ်လွန်သွားတဲ့ အတွက် ပြည်သူတွေက ဖြေမဆည်နိုင်အောင် ဝမ်းနည်း ကြေကွဲနေကြတာ ဖြစ်ပါတယ်..။

ကွယ်လွန်ချိန်မှာ အသက်(၇၄)နှစ် ရှိပြီဖြစ်တဲ့ ဆရာကြီးအောင်ချိမ့်ရဲ့ ဈာပနအခမ်းအနားကိုတော့ ဒီကနေ့မှာပြုလုပ်ခဲ့ပြီး ရေဝေးသုဿန်မှာ ဂူသွင်းသင်္ဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်..။ဆရာကြီးရဲ့ နောက်ဆုံးအချိန်ကိုတော့ မိသားစုတွေအပြင် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတချို့လည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြတာလည်း တွေ့ရပါတယ်..။

ကဗျာဆရာကြီး အောင်ချိမ့်ဟာ မြန်မာ့မော်ဒန်ကဗျာလောကကို ဦးဆောင်သူများထဲက ပါဝင်သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ သက်ရှိကဗျာဆရာလို့ အသိအမှတ်ပြုကြတဲ့ ကဗျာဆရာတစ်ဦးပဲ ဖြစ်ပါတယ်..။

ကဗျာဆရာကြီးအောင်ချိမ့်ရဲ့ နောက်ဆုံးဈာပနမြင်ကွင်းပုံရိပ်တွေကိုတော့ အများပြည်သူနောက်ဆုံးနှုတ်ဆက်မြင်တွေ့နိုင်ဖို့ တင်ဆက်မျှဝေရင်း ဆရာကြီးကောင်းရာသုဂတိလားစေဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်..။

crd

About the author

Ms Cele

Leave a Comment