Celebrity

ျမန္မာ့ႏွစ္သစ္ကူး အခါသမယမွာ ဌက္ကေလးေတြကို ေဘးမဲ့လႊတ္ေပးရင္း ကုသိုလ္ယူေနတဲ့ စံရတီမိုးျမင့္

Written by Ms Cele

ျမန္မာ့ႏွစ္သစ္ကူး အခါသမယမွာ ဌက္ကေလးေတြကို ေဘးမဲ့လႊတ္ေပးရင္း ကုသိုလ္ယူေနတဲ့ စံရတီမိုးျမင့္

မင္းသမီး စံရတီမိုးျမင့္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေပါင္း မ်ားစြာတြင္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ့ ခ်စ္ခင္ အားေပးမႈေတြကို သိမ္းပိုက္ ရရွိထားသူ တစ္ဦး ျဖစ္ပါတယ္။လူတိုင္းအေပၚမွာလည္း ကူညီခ်င္စိတ္ရွိၿပီး ပရိသတ္ေတြ အေပၚမွာလည္း တေလးတစား ဆက္ဆံတတ္သူ ျဖစ္တာေၾကာင့္ အားလုံးက ေလးစား သေဘာက်ေနၾကတာပါ။ သူမကေတာ့ ဘာသာတရားလည္း ကိုင္းရွိုင္းလြန္းၿပီး မၾကာခဏဆိုသလို တရားစခန္းဝင္ေလ့ရွိသူ ျဖစ္ပါတယ္။

ဒါ့အျပင္ အလႉေရစက္ လက္နဲ႔မကြာ ဆိုသလို လိုအပ္တဲ့ ေနရာတိုင္းကို သြားေရာက္ လႉဒါန္းေလ့ရွိတဲ့ မင္းသမီးေခ်ာေလး ပါပဲေနာ္။ မေန႔ကေတာ့ ျမန္မာလူမ်ိဳးေတြရဲ့ ႏွစ္သစ္ကူးတဲ့ ေန႔ထူးေန႔ျမတ္ျဖစ္ပါတယ္။ႏွစ္ဆန္း တစ္ရက္ေန႔မွာေတာ့ လူတိုင္းလိုလို ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ရင္း ၾကည္ႏူးစရာေကာင္းတဲ့ အခ်ိန္ေတြ ျဖတ္သန္း ကုန္ဆုံးခဲ့ၾကတာပါ။

မေန႔ကလည္း စံရတီမိုးျမင့္ရဲ့Instagram Story တြင္ ဗီဒီယိုေလးေတြ တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ျမန္မာ့ႏွစ္သစ္ကူး အခါသမယမွာ ဌက္ကေလးေတြကို ေဘးမဲ့လႊတ္ေပးရင္း ကုသိုလ္ယူေနတဲ့ စံရတီမိုးျမင့္ရဲ့ ဗီဒီယိုဖိုင္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမေနအိမ္တြင္ သံဃာေတာ္မ်ား ပင့္ဖိတ္ကာ ပရိတ္တရားေတာ္နာ ယူခဲ့တာကိုလည္း ဗီဒီယိုရိုက္ကူးကာ မွတ္တမ္းတင္ ထားတာျဖစ္တာေၾကာင့္ ပရိသတ္ ေတြလည္း သာဓုေခၚဆိုနိုင္ေအာင္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-San Yati Moe Myint’s IG Account
Credit

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဌက်ကလေးတွေကို ဘေးမဲ့လွှတ်ပေးရင်း ကုသိုလ်ယူနေတဲ့ စံရတီမိုးမြင့်

မင်းသမီး စံရတီမိုးမြင့်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း များစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိပြီး ပရိသတ်တွေ အပေါ်မှာလည်း တလေးတစား ဆက်ဆံတတ်သူ ဖြစ်တာကြောင့် အားလုံးက လေးစား သဘောကျနေကြတာပါ။ သူမကတော့ ဘာသာတရားလည်း ကိုင်းရှိုင်းလွန်းပြီး မကြာခဏဆိုသလို တရားစခန်းဝင်လေ့ရှိသူ ဖြစ်ပါတယ်။

ဒါ့အပြင် အလှူရေစက် လက်နဲ့မကွာ ဆိုသလို လိုအပ်တဲ့ နေရာတိုင်းကို သွားရောက် လှူဒါန်းလေ့ရှိတဲ့ မင်းသမီးချောလေး ပါပဲနော်။ မနေ့ကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။နှစ်ဆန်း တစ်ရက်နေ့မှာတော့ လူတိုင်းလိုလို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ကြည်နူးစရာကောင်းတဲ့ အချိန်တွေ ဖြတ်သန်း ကုန်ဆုံးခဲ့ကြတာပါ။

မနေ့ကလည်း စံရတီမိုးမြင့်ရဲ့Instagram Story တွင် ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဌက်ကလေးတွေကို ဘေးမဲ့လွှတ်ပေးရင်း ကုသိုလ်ယူနေတဲ့ စံရတီမိုးမြင့်ရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမနေအိမ်တွင် သံဃာတော်များ ပင့်ဖိတ်ကာ ပရိတ်တရားတော်နာ ယူခဲ့တာကိုလည်း ဗီဒီယိုရိုက်ကူးကာ မှတ်တမ်းတင် ထားတာဖြစ်တာကြောင့် ပရိသတ် တွေလည်း သာဓုခေါ်ဆိုနိုင်အောင် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-San Yati Moe Myint’s IG Account
Credit

About the author

Ms Cele

Leave a Comment