Celebrity

ျမန္မာ့ အလံ ကို ကိုင္ေဆာင္ ၿပီး ၿပိဳင္ဘက္ ဆိုင္းရပ္စ္ဝါ ရွင္တန္ကို ၅ ခ်ီ အတြင္း အလဲ ထိုးသတ္ သြားမယ္ ဆိုတဲ့ ေဒ့ဗ္

Written by Ms Cele

ျမန္မာ့ အလံ ကို ကိုင္ေဆာင္ ၿပီး ၿပိဳင္ဘက္ ဆိုင္းရပ္စ္ဝါ ရွင္တန္ကို ၅ ခ်ီ အတြင္း အလဲ ထိုးသတ္ သြားမယ္ ဆိုတဲ့ ေဒ့ဗ္

ကေနဒါနိုင္ငံသား တစ္ေယာက္ျဖစ္တဲ့ ျမန္မာ့ ရိုးရာ လက္ေဝွ႕သမား တစ္ေယာက္ျဖစ္သူ ေဒ့ဗ္က လာမယ့္ နိုဝင္ဘာ (၇)ရက္ေန႔ အေမရိကန္ နိုင္ငံမွာ ထိုးသတ္သြား မယ့္ ရိုးရာလက္ေဝွ႕ စိန္ေခၚပြဲ မွာေတာ့ ၿပိဳင္ဘက္ဆိုင္း ရပ္စ္ဝါရွင္တန္ကို(၅) ခ်ီအတြင္း အလဲထိုးသြားဖို႔ ျပင္ဆင္ ထားတယ္လို႔ၾကဳံးဝါးေျပာဆိုသြားခဲ့ပါ တယ္။ အဆိုပါ စိန္ေခၚပြဲမွာေတာ့ ေဒ့ဗ္က ျမန္မာနိုင္ငံအလံ ကို ကိုင္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုထားခဲ့ပါတယ္။Lethwei World Title ဟု အမည္ေပး ထားခဲ့တဲ့ အဆိုပါ ျမန္မာ့ရိုးရာ လက္ေဝွ႕စိန္ေခၚပြဲမွာေတာ့ အနိုင္ ရရွိတဲ့ ကစားသမား အေနနဲ႔ ျမန္မာ့လက္ေဝွ႕ ကမၻာ့ခ်န္ပီယံ အျဖစ္ ေအာင္ပြဲခံနိုင္မွာျဖစ္တယ္လို႔လည္းသိရပါတယ္။

ယခုစိန္ေခၚပြဲကိုလည္း ျမန္မာ့ရိုးရာ လက္ေဝွ႕စည္းမ်ဥ္း အတိုင္းယွဥ္ၿပိဳင္သြားဖို႔ သေဘာတူညီထားၿပီး အလဲထိုးစနစ္နဲ႔ ယွဥ္ၿပိဳင္ ထိုးသတ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ၿပီး တစ္ခ်ီလၽွင္(၃)မိနစ္စီယွဥ္ၿပိဳင္သြားမွာ ျဖစ္သလို (၅) ခ်ီအထိ ထိုးသတ္ သြားမွာျဖစ္ပါတယ္။

အကယ္၍(၅)ခ်ီအတြင္း အရႈံး အနိုင္ မျဖစ္ေပၚခဲ့ပါက ေနာက္ထပ္(၂)ခ်ီ ဆက္လက္ ထိုးသတ္ သြားမွာ ျဖစ္တယ္လို႔ ေဒ့ဗ္က အတည္ျပဳ ေျပာၾကားထား ခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာ့ရိုးရာ လက္ေဝွ႕စည္းမ်ဥ္း ေတြမွာ အပါအဝင္ျဖစ္တဲ့ ေခါင္းနဲ႔ တိုက္ တဲ့နည္း စနစ္ကိုလည္း အသုံးျပဳခြင့္ ေပးထားတယ္လို႔ သိရၿပီး လက္သီး ဗလာျဖင့္ ထိုးသတ္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပြဲစဥ္မွာ ႀကိဳးဝိုင္းအစား Cage ကိုအသုံးျပဳသြားမွာျဖစ္ၿပီး အနားေတာင္းသည့္ စနစ္ကိုလည္း ထည့္သြင္း ထား တယ္လို႔ သိရပါတယ္။

ေဒ့ဗ္က ဆိုင္းရပ္စ္ဟာ ပြဲေပါင္း (၁၀၀)ေက်ာ္ အေတြ႕ အၾကဳံရွိထားတဲ့ဖိုက္တာ တစ္ေယာက္ပါ။ ျမန္မာ့ရိုးရာ လက္ေဝွ႕ဆိုရင္လည္း ေစာငမန္း၊ တူးတူးနဲ႔ ထြန္းထြန္းမင္းတို႔လို လက္ေဝွ႕သမားေတြနဲ႔ ယွဥ္ၿပိဳင္ဖူးသူတစ္ေယာက္ျဖစ္ တာေၾကာင့္သူဟာ ကစား သမားေကာင္း တစ္ေယာက္ ဆိုတာ ျငင္းလို႔မရပါဘူး။သူျဖတ္သန္း လာခဲ့တဲ့ အေတြ႕အၾကဳံေတြ အရဆိုရင္ ကၽြန္ေတာ္နဲ႔ ယွဥ္ၿပိဳင္ဖို႔အခြင့္အေရး အျပည့္ရွိတဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။

ဒါေၾကာင့္ကၽြန္ေတာ့္ အတြက္ကေတာ့ စိတ္လႈတ္ရွား စရာေကာင္းတဲ့ ပြဲစဥ္တစ္ပြဲလို႔ ဆိုရမွာပါ။ ဒီစိန္ေခၚပြဲမွာ ဆိုင္းရပ္စ္ကို အျမန္ဆုံး ပြဲသိမ္းနိုင္ေအာင္ အလဲထိုး သြားဖို႔ ကၽြန္ေတာ္ျပင္ဆင္ထား ပါတယ္။ လက္ရွိအေျခေနေတြအရ ပြဲအတြင္းမွာ ဘာေတြျဖစ္သြားမယ္ ဆိုတာ ေျပာဖို႔ ခက္ခဲပါတယ္။

ကၽြန္ေတာ္တို႔ (၂)ေယာက္စလုံးဟာ အလဲထိုးစနစ္နဲ႔ ယွဥ္ၿပိဳင္ဖူးသူေတြပါ။ ျမန္မာ့လက္ေဝွ႕ကို ကၽြန္ေတာ္က သူ႔ထက္ပိုၿပီး ကၽြမ္းက်င္ပါတယ္။ ဆိုင္းရပ္စ္ ကို အလဲထိုးသြားဖို႔ ကၽြန္ေတာ္အေနနဲ႔ အခက္အခဲ မရွိနိုင္ပါဘူးလို႔ ဆိုသြားခဲ့ပါတယ္။ ခရက္ဒစ္

မြန်မာ့ အလံ ကို ကိုင်ဆောင် ပြီး ပြိုင်ဘက် ဆိုင်းရပ်စ်ဝါ ရှင်တန်ကို ၅ ချီ အတွင်း အလဲ ထိုးသတ် သွားမယ် ဆိုတဲ့ ဒေ့ဗ်

ကနေဒါနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ မြန်မာ့ ရိုးရာ လက်ဝှေ့သမား တစ်ယောက်ဖြစ်သူ ဒေ့ဗ်က လာမယ့် နိုဝင်ဘာ (၇)ရက်နေ့ အမေရိကန် နိုင်ငံမှာ ထိုးသတ်သွား မယ့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ မှာတော့ ပြိုင်ဘက်ဆိုင်း ရပ်စ်ဝါရှင်တန်ကို(၅) ချီအတွင်း အလဲထိုးသွားဖို့ ပြင်ဆင် ထားတယ်လို့ကြုံးဝါးပြောဆိုသွားခဲ့ပါ တယ်။ အဆိုပါ စိန်ခေါ်ပွဲမှာတော့ ဒေ့ဗ်က မြန်မာနိုင်ငံအလံ ကို ကိုင်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။Lethwei World Title ဟု အမည်ပေး ထားခဲ့တဲ့ အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှာတော့ အနိုင် ရရှိတဲ့ ကစားသမား အနေနဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ယခုစိန်ခေါ်ပွဲကိုလည်း မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်း အတိုင်းယှဉ်ပြိုင်သွားဖို့ သဘောတူညီထားပြီး အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင် ထိုးသတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး တစ်ချီလျှင်(၃)မိနစ်စီယှဉ်ပြိုင်သွားမှာ ဖြစ်သလို (၅) ချီအထိ ထိုးသတ် သွားမှာဖြစ်ပါတယ်။

အကယ်၍(၅)ချီအတွင်း အရှုံး အနိုင် မဖြစ်ပေါ်ခဲ့ပါက နောက်ထပ်(၂)ချီ ဆက်လက် ထိုးသတ် သွားမှာ ဖြစ်တယ်လို့ ဒေ့ဗ်က အတည်ပြု ပြောကြားထား ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်း တွေမှာ အပါအဝင်ဖြစ်တဲ့ ခေါင်းနဲ့ တိုက် တဲ့နည်း စနစ်ကိုလည်း အသုံးပြုခွင့် ပေးထားတယ်လို့ သိရပြီး လက်သီး ဗလာဖြင့် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ ကြိုးဝိုင်းအစား Cage ကိုအသုံးပြုသွားမှာဖြစ်ပြီး အနားတောင်းသည့် စနစ်ကိုလည်း ထည့်သွင်း ထား တယ်လို့ သိရပါတယ်။

ဒေ့ဗ်က ဆိုင်းရပ်စ်ဟာ ပွဲပေါင်း (၁၀၀)ကျော် အတွေ့ အကြုံရှိထားတဲ့ဖိုက်တာ တစ်ယောက်ပါ။ မြန်မာ့ရိုးရာ လက်ဝှေ့ဆိုရင်လည်း စောငမန်း၊ တူးတူးနဲ့ ထွန်းထွန်းမင်းတို့လို လက်ဝှေ့သမားတွေနဲ့ ယှဉ်ပြိုင်ဖူးသူတစ်ယောက်ဖြစ် တာကြောင့်သူဟာ ကစား သမားကောင်း တစ်ယောက် ဆိုတာ ငြင်းလို့မရပါဘူး။သူဖြတ်သန်း လာခဲ့တဲ့ အတွေ့အကြုံတွေ အရဆိုရင် ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့အခွင့်အရေး အပြည့်ရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ဒါကြောင့်ကျွန်တော့် အတွက်ကတော့ စိတ်လှုတ်ရှား စရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲလို့ ဆိုရမှာပါ။ ဒီစိန်ခေါ်ပွဲမှာ ဆိုင်းရပ်စ်ကို အမြန်ဆုံး ပွဲသိမ်းနိုင်အောင် အလဲထိုး သွားဖို့ ကျွန်တော်ပြင်ဆင်ထား ပါတယ်။ လက်ရှိအခြေနေတွေအရ ပွဲအတွင်းမှာ ဘာတွေဖြစ်သွားမယ် ဆိုတာ ပြောဖို့ ခက်ခဲပါတယ်။

ကျွန်တော်တို့ (၂)ယောက်စလုံးဟာ အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်ဖူးသူတွေပါ။ မြန်မာ့လက်ဝှေ့ကို ကျွန်တော်က သူ့ထက်ပိုပြီး ကျွမ်းကျင်ပါတယ်။ ဆိုင်းရပ်စ် ကို အလဲထိုးသွားဖို့ ကျွန်တော်အနေနဲ့ အခက်အခဲ မရှိနိုင်ပါဘူးလို့ ဆိုသွားခဲ့ပါတယ်။ ခရက်ဒစ်

About the author

Ms Cele

Leave a Comment