Local News


Written by Ms Cele



မြန်မာနိုင်ငံမှာထိမ်းနိုင်/ မထိမ်းနိုင်ဆိုတာ ရွေးကောက် ပွဲပြီး နောက် သုံးပတ် နိုင်ဝင်ဘာ ၂၅ လောက်မှာ ကူးစက်မှုနံပါတ် ကိုကြည့်ရင်ခန့်မှန်းနိုင်မယ်…. မဲပေးကြမှာဆိုတော့… နိုင်ငံအသီးသီး ကတော့ Vaccine Distribution Plan ဆိုတာ ဆွဲနေကြပြီ…ဘယ်လိုဝယ်မယ်…ဘယ်လောက် ဝယ်ယူမယ်..ဘယ်လိုသယ်ယူမယ်… ဘယ်လိုသို လှောင်မယ်…ဘယ်လိုဖြန့်ဖြူးမယ်.. စသဖြင့်ပေါ့…. အဲဒီ Plan ပေါ်ကြည့်ပြီး Vaccine ပေါ်မှစီးပွါး ရေးပြန်လုပ်လို့ရမယ်ဆိုတဲ့လုပ်ငန်းတွေက အစီအစဉ်ဆွဲကြရတယ်….ဘယ်လောက်တောင့်ခံ ရအုံးမယ်… ဒီကြားထဲ ငွေဘယ်လိုရအောင်ရှာမယ် ဘယ်လိုလည်ပတ်မယ်စသဖြင့်ပေါ့…





Aung Kyaw San

မြန်မာပြည် ကိုဗစ် ကာကွယ် ဆေး ရမယ့် အချိန် နဲ့ ကျောင်းတွေ အလုပ် တွေ ပြန်ဖွင့် မယ့် အချိန်

မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ဘယ်တော့ လောက်ရောက် လာမလဲ မြန်မာနိုင်ငံမှာကျောင်းတွေနဲ့ အခြားစီးပွါးရေး လုပ်ငန်းတွေ ဘယ်အချိန်လောက်အထိပိတ်ထား ရမလဲ? ဒီမေးခွန်းက မိတ်ဆွေတစ်ယောက်နဲ့ ဖုန်းဆက်ပြောမိရင်း စဉ်းစားမိတာပါ… ယခု လက်ရှိကူးစက်နေတဲ့ အရှိန်နဲ့ဆို မြန်မာနိုင်ငံမှာ ကိုဗစ်ကို ထိမ်းထားနိုင်ဖို့ အခွင့် အလမ်းအလမ်း ဟာ ကာကွယ် ဆေးမပေါ် မချင်း (မြန်မာနိုင်ငံထဲကို ဆေးမရောက်မချင်း) လက်တွေ့မှာထိမ်းဖို့ မလွယ်တဲ့ကိစ္စလို့ ထင်မိတယ်… လူတွေက ဝမ်းရေးကြောင့် ပြီးခဲ့တဲ့ First Wave တုန်းကလို့ အိမ်ထဲမှာ အကြာကြီးမနေနိုင်လောက်ကြတော့ဘူး အစိုးရကလည်း ပိတ်မထားလောက်တော့ဘူး..

မြန်မာနိုင်ငံမှာထိမ်းနိုင်/ မထိမ်းနိုင်ဆိုတာ ရွေးကောက် ပွဲပြီး နောက် သုံးပတ် နိုင်ဝင်ဘာ ၂၅ လောက်မှာ ကူးစက်မှုနံပါတ် ကိုကြည့်ရင်ခန့်မှန်းနိုင်မယ်…. မဲပေးကြမှာဆိုတော့… နိုင်ငံအသီးသီး ကတော့ Vaccine Distribution Plan ဆိုတာ ဆွဲနေကြပြီ…ဘယ်လိုဝယ်မယ်…ဘယ်လောက် ဝယ်ယူမယ်..ဘယ်လိုသယ်ယူမယ်… ဘယ်လိုသို လှောင်မယ်…ဘယ်လိုဖြန့်ဖြူးမယ်.. စသဖြင့်ပေ့ါ…. အဲဒီ Plan ပေါ်ကြည့်ပြီး Vaccine ပေါ်မှစီးပွါး ရေးပြန်လုပ်လို့ရမယ်ဆိုတဲ့လုပ်ငန်းတွေက အစီအစဉ်ဆွဲကြရတယ်….ဘယ်လောက်တောင့်ခံ ရအုံးမယ်… ဒီကြားထဲ ငွေဘယ်လိုရအောင်ရှာမယ် ဘယ်လိုလည်ပတ်မယ်စသဖြင့်ပေါ့…

ကိုယ့်နိုင်ငံကဆင်းရဲတော့ အဲဒါတွေမလုပ်နိုင်သေးဘူး.. ကိုဗစ်-၁၉ မြန်မာနိုင်ငံမှာ ပျောက်သွားဖို့ဆိုတာ နိုင်ငံလူဦးရေ ၅၀ ရာနုန်းလောက်ကို ကာကွယ်ဆေးရဖို့လိုတယ်…. ဒါမှ ကာကွယ်ဆေးနဲ့ Herd Immunity ရနိုင်မယ်..

ဒီ လူဦးရေကိုကာကွယ်ဆေးရဖို့… Vaccine ရဖို့ဖြစ်နိုင်ခြေဆိုတာ

(၁) WHO ရဲ့ COVAX: Working for global equal Access to COVID-19 Vaccine Plan နဲ့ရရင်ရ၊ (၂) ဆေးထုတ်နိုင်တဲ့နိုင်ငံတစ်ခုခုက မြန်မာနိုင်ငံကိုလှူတာ (ဘယ်လောက်လှူနိုင်မလဲ)၊ (၃) ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်ယူတာ အထက်ကပြောခဲ့တဲ့ မြန်မာနိုင်ငံ လူဦးရေ ၅၀ ရာနုန်းခန့်ကို ကာကွယ်ဆေးရဖို့ သန်း ၂၀ ကျော်လောက် အတွက် ဆေးရဖို့ ဆေးထိုးပြီးဖို့လိုတယ်… အဲဒီသန်းနှစ်ဆယ် ဘယ်အချိန်လောက် ကိုဗစ်ကာကွယ်ဆေး ဘယ်နေရရ နိုင်မလဲ ဘယ်လောက်ဖြစ်နိုင်ခြေရှိလဲ တွက်နိုင်ရင် လုပ်ငန်းတွေ လက်တွေ့ကျကျပြင်ဆင် ထားကြလို့ရပါပြီ

ကိုဗစ်ကာကွယ်ဆေး စမ်းသပ်တဲ့ အထဲမှာ အသက် ၁၂ နှစ်လောက်ကလေးတွေ အခုမှ စစမ်းသပ်တဲ့ အဆင့်ဆိုတော့ ကာကွယ်ဆေးထွက်လာပြီဆိုရင် တောင်ကလေးငယ် တွေအတွက် မပါလောက်သေးဘူး… ဒါဆို မူကြိုလို/အငယ်တန်းတွေ အတွက် အစိုးရ/ပုဂ္ဂလိကကျောင်းတွေဘယ်လို စဉ်းစားကြမလဲ…. ကိုဗစ်ကာကွယ် ဆေးစမ်းသပ်တဲ့ အထဲမှာ အသက် ၁၂ နှစ်လောက်ကလေးတွေက အခုမှ စစမ်းသပ်တဲ့ အဆင့်ဆိုတော့ ကာကွယ်ဆေးထွက်လာပြီဆိုရင်တောင် ကလေးငယ်တွေအတွက် မပါလောက်သေးဘူး… ဒါဆို မူကြိုလို/အငယ်တန်းတွေအတွက် အစိုးရ/ပုဂ္ဂလိကကျောင်းတွေဘယ်လို စဉ်းစားကြမလဲ? အခြားအမြင်တွေရှိလည်းဝင်ရောက် မျှဝေပေးကြပါအုံး….

Aung Kyaw San

About the author

Ms Cele

Leave a Comment