Celebrity

ျမန္မာႏိုင္ငံကို ျပန္ခြင့္မရေပမယ့္ New York မွာ ေအးခ်မ္းစြာရွိေနတဲ့ Candyေလးအေၾကာင္းကို ေျပာျပလာတဲ့ ဥကၠာမင္းေမာင္

Written by Ms Cele

ျမန္မာႏိုင္ငံကို ျပန္ခြင့္မရေပမယ့္ New York မွာ ေအးခ်မ္းစြာရွိေနတဲ့ Candyေလးအေၾကာင္းကို ေျပာျပလာတဲ့ ဥကၠာမင္းေမာင္

ပရီတ္သတ္ႀကီးေရ…Miss Universe Myanmar အလွမယ္ သူဇာဝင့္လြင္ ကေတာ့ ၿပိဳင္ပြဲအၿပီးမွာ ျမန္မာနိုင္ငံျပန္ဖို႔ရန္ အတြက္ အခက္အခဲျဖစ္ေနတယ္လို႔ သိရပါတယ္။ သူမရဲ့ လုံျခဳံေရးစိုးရိမ္ရ တာေၾကာင့္ လက္ရွိမွာေတာ့ အေမရိကမွာပဲ ဆက္လက္ေနထိုင္ျဖစ္မယ္ လို႔လည္း သိရပါတယ္။ အဆိုပါ အေၾကာင္းအရာနဲ႔ ပက္သက္ၿပီး ဥကၠာမင္းေမာင္ကေတာ့ သူ႔ရဲ့ လူမႈကြန္ရက္ကေနတဆင့္ ပရိတ္သတ္ကို အခုလိုပဲ အသိေပးခဲ့ပါတယ္။

” Miss Universe ပြဲအၿပီး Candy ​ေလး ဒီ​ေန႔ပဲ New York ​ေရာက္ လာ​ေတာ့ မုန႔္သြားစား ​ေလၽွာက္သြား စကားစမည္​ေျပာရင္း အမွတ္တရ… ကၽြန္​ေတာ့္ ညီမ အရင္း ထက္​ေတာင္ငယ္တဲ့ Candy ကို ကၽြန္​ေတာ့္ ညီမ အရင္းတစ္​ေယာက္လိုပဲ လိုအပ္တာ မွန္သမၽွ ကူညီ ​ေစာင့္​ေရွာက္​ေပးပါမယ္.. ​ေလာ​ေလာဆယ္ ျမန္မာျပည္ျပန္ဖို႔လဲ အခက္အခဲရွိတယ္… သူ႔ safety အတြက္လဲ စိတ္ပူရတဲ့အ​ေျခအ​ေနမွာ ၿပိဳင္ပြဲၿပီး​ေသာ္လဲ တျခားသူ​ေတြလို ဂုဏ္ယူဝင့္ႂကြားစြာႏွင့္သူ႔တိုင္းျပည္ သူျပန္လို႔မရ.. က်န္ရွိ​ေနတဲ့ သူ႔ဘဝခရီး​ေရွ႕ဆက္ဖို႔ စိတ္ဓါတ္မက်ဖို႔ အား​ေပးရင္း သူက ဒီနိုင္ငံမွာ Modeling ဆက္လက္ လုပ္​ေဆာင္သြားဖို႔ စဥ္းစား​ေနတယ္ဆို​ေတာ့ ကိုယ္သိသ​ေလာက္ အား​ေပးအႀကံ​ေပး ရင္း​ဆုံၾကသည္​ေပါ့…

ဒီ​ေန႔​ေတာ့ New York ကို ​ေရာက္တာ သူ႔ပထမဆုံး​ေန႔ ဆို​ေတာ့ Times Square ဝန္းက်င္ ​ေလၽွာက္ပို႔ရင္း အမွတ္တရ ပုံ​ေလး​ေတြ.. ပရိတ္သတ္မ်ား​ေရာ.. သူ႔မိသားစုဝင္မ်ား​ေရာ ​စိတ္မပူနဲ႔​ေနာ္.. အားလုံးအဆင္​ေျပသြားမွာပါ..​သဘက္ခါ America ​ေရာက္ ခ်င္းလူမ်ိဳး​ေတြ ဖိတ္ၾကားမႉနဲ႔ Indiana ျပည္နယ္ကို သူသြားပါမယ္.. သူ႔ကို ဂုဏ္ျပဳခ်င္ ခ်စ္ၾကသူ​ေတြလဲ US တခြင္ တအားမ်ားပါတယ္..US တခြင္ ဖိတ္ၾကားမႉမ်ား ​​​သြားၿပီးလို႔ New York ျပန္လာရင္ သူ႔ကို ဂုဏ္ျပဳပြဲ က်င္းပ​ေပးခ်င္​ၾက​ေသာ မိတ္​ေဆြမ်ားႏွင့္ ပြဲ​ေလးတပြဲျပဳလုပ္​ေပးမည္ျဖစ္ပါသည္.. ထိုအတြက္ လာ​ေမးၾက​ေသာ message မ်ားအားလုံး မျပန္ရ​ေသးတာ ခြင့္လႊတ္ပါ.. သူ New York မွာ​ေနတဲ့ ကာလပတ္လုံး ခင္မင္သူ​ေပါၿပီး သူ႔ဘဝ လုံျခဳံမႉရွိ​ေရး အတြက္ေရာ ​​…ေရွ႕ဆက္ရမယ့္ ဘဝခရီးမွာ မိတ္​ေဆြ အ​ေပါင္းအသင္း​ေပါမ်ားဖို႔ အတြက္​ေရာ …

သူ႔ကို အား​ေပးသူ ေရႊျမန္မာမ်ားႏွင့္ ​ေတြ႕ဆုံ ပြဲ​ေလး က်င္းပပါမည္.. ရက္ ​​ေန႔စြဲႏွင့္ ​အခ်ိန္ ျပန္လည္​ေၾကျငာပါမည္ ခင္ဗ်ာ.. ကိုယ့္ျမန္မာအခ်င္းခ်င္း တ​ေထာင့္တ​ေနရာက​ေန ကူညီအား​ေပးၾကပါလို႔​ေျပာခ်င္ပါတယ္ခင္ဗ်ာ.. ​အခု​ေတာ့ ဒီ New York မွာ Modeling လုပ္​ေနတဲ့ Beauty သက္သက္သင္း နဲ႔ အတူ ​ေနပါတယ္ခင္ဗ်ာ.. Candy ​ေလး အစစအရာရာ အဆင္​ေျပ​ေၿပ ရွိပါတယ္ခင္ဗ်ာ…Welcome to New York Candy💖” ဆိုကာ ျပည္ပေရာက္ ျမန္မာလူမ်ိဳးမ်ားကလည္း သူဇာဝင့္လြင္ကို တတ္အားသေရြ႕ကူညီေပးၾကဖို႔ ေတာင္ းဆိုခဲ့ပါတယ္။

Credit

မြန်မာနိုင်ငံကို ပြန်ခွင့်မရပေမယ့် New York မှာ အေးချမ်းစွာရှိနေတဲ့ Candyလေးအကြောင်းကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

ပရီတ်သတ်ကြီးရေ…Miss Universe Myanmar အလှမယ် သူဇာဝင့်လွင် ကတော့ ပြိုင်ပွဲအပြီးမှာ မြန်မာနိုင်ငံပြန်ဖို့ရန် အတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ သူမရဲ့ လုံခြုံရေးစိုးရိမ်ရ တာကြောင့် လက်ရှိမှာတော့ အမေရိကမှာပဲ ဆက်လက်နေထိုင်ဖြစ်မယ် လို့လည်း သိရပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပရိတ်သတ်ကို အခုလိုပဲ အသိပေးခဲ့ပါတယ်။

” Miss Universe ပွဲအပြီး Candy ​လေး ဒီ​နေ့ပဲ New York ​ရောက် လာ​တော့ မုန့်သွားစား ​လျှောက်သွား စကားစမည်​ပြောရင်း အမှတ်တရ… ကျွန်​တော့် ညီမ အရင်း ထက်​တောင်ငယ်တဲ့ Candy ကို ကျွန်​တော့် ညီမ အရင်းတစ်​ယောက်လိုပဲ လိုအပ်တာ မှန်သမျှ ကူညီ ​စောင့်​ရှောက်​ပေးပါမယ်.. ​လော​လောဆယ် မြန်မာပြည်ပြန်ဖို့လဲ အခက်အခဲရှိတယ်… သူ့ safety အတွက်လဲ စိတ်ပူရတဲ့အ​ခြေအ​နေမှာ ပြိုင်ပွဲပြီး​သော်လဲ တခြားသူ​တွေလို ဂုဏ်ယူဝင့်ကြွားစွာနှင့်သူ့တိုင်းပြည် သူပြန်လို့မရ.. ကျန်ရှိ​နေတဲ့ သူ့ဘဝခရီး​ရှေ့ဆက်ဖို့ စိတ်ဓါတ်မကျဖို့ အား​ပေးရင်း သူက ဒီနိုင်ငံမှာ Modeling ဆက်လက် လုပ်​ဆောင်သွားဖို့ စဉ်းစား​နေတယ်ဆို​တော့ ကိုယ်သိသ​လောက် အား​ပေးအကြံ​ပေး ရင်း​ဆုံကြသည်​ပေါ့…

ဒီ​နေ့​တော့ New York ကို ​ရောက်တာ သူ့ပထမဆုံး​နေ့ ဆို​တော့ Times Square ဝန်းကျင် ​လျှောက်ပို့ရင်း အမှတ်တရ ပုံ​လေး​တွေ.. ပရိတ်သတ်များ​ရော.. သူ့မိသားစုဝင်များ​ရော ​စိတ်မပူနဲ့​နော်.. အားလုံးအဆင်​ပြေသွားမှာပါ..​သဘက်ခါ America ​ရောက် ချင်းလူမျိုး​တွေ ဖိတ်ကြားမှူနဲ့ Indiana ပြည်နယ်ကို သူသွားပါမယ်.. သူ့ကို ဂုဏ်ပြုချင် ချစ်ကြသူ​တွေလဲ US တခွင် တအားများပါတယ်..US တခွင် ဖိတ်ကြားမှူများ ​​​သွားပြီးလို့ New York ပြန်လာရင် သူ့ကို ဂုဏ်ပြုပွဲ ကျင်းပ​ပေးချင်​ကြ​သော မိတ်​ဆွေများနှင့် ပွဲ​လေးတပွဲပြုလုပ်​ပေးမည်ဖြစ်ပါသည်.. ထိုအတွက် လာ​မေးကြ​သော message များအားလုံး မပြန်ရ​သေးတာ ခွင့်လွှတ်ပါ.. သူ New York မှာ​နေတဲ့ ကာလပတ်လုံး ခင်မင်သူ​ပေါပြီး သူ့ဘဝ လုံခြုံမှူရှိ​ရေး အတွက်ရော ​​…ရှေ့ဆက်ရမယ့် ဘဝခရီးမှာ မိတ်​ဆွေ အ​ပေါင်းအသင်း​ပေါများဖို့ အတွက်​ရော …

သူ့ကို အား​ပေးသူ ရွှေမြန်မာများနှင့် ​တွေ့ဆုံ ပွဲ​လေး ကျင်းပပါမည်.. ရက် ​​နေ့စွဲနှင့် ​အချိန် ပြန်လည်​ကြေငြာပါမည် ခင်ဗျာ.. ကိုယ့်မြန်မာအချင်းချင်း တ​ထောင့်တ​နေရာက​နေ ကူညီအား​ပေးကြပါလို့​ပြောချင်ပါတယ်ခင်ဗျာ.. ​အခု​တော့ ဒီ New York မှာ Modeling လုပ်​နေတဲ့ Beauty သက်သက်သင်း နဲ့ အတူ ​နေပါတယ်ခင်ဗျာ.. Candy ​လေး အစစအရာရာ အဆင်​ပြေ​ပြေ ရှိပါတယ်ခင်ဗျာ…Welcome to New York Candy💖” ဆိုကာ ပြည်ပရောက် မြန်မာလူမျိုးများကလည်း သူဇာဝင့်လွင်ကို တတ်အားသရွေ့ကူညီပေးကြဖို့ တောင် းဆိုခဲ့ပါတယ်။

Credit

About the author

Ms Cele

Leave a Comment