Celebrity
Written by Ms Cele
crd
“မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အတွက် အိတ်ဖွင့် ပေးစာ”
ဘာကြောင့်လဲ။ ဘာကြောင့် ဒီလောက် တောင်ဖြ စ်နေ ရတာလဲ ညီ အစ်ကိုတို့။ လူကောင်းတွေ ဘ ယ်မှာလဲ။ ရဲတပ်ဖွဲ့နဲ့ စစ်တပ် အနေနဲ့ ပြည်သူတွေရဲ့အိမ်တွေကို ချိုးဖျက်ပြီး သူတို့ကို နာကျင် အောင်လုပ်ဖို့ မလိုဘူး လေဗျာ။ဒါဟာ တရားနည်း လ မ်းမကျတဲ့ မင်းမဲ့ စရိုက်ဆိုတာ ခင်ဗျားတို့ လည်း သိနေတာပဲ။ မြန်မာ ပြည်သူတွေကို စောင့်ရှောက် ကာကွယ် ပေးမယ်လို့ ကတိ ပေးခဲ့ တာလေဗျာ။
ခင်ဗျားတို့က ပြည်သူ့ သက်တော် စောင့်တွေပါ။ လက်ဖက် ရည်ဆိုင် ပိုင်ရှင်တွေ ပါဆယ်ပို့ သမားတွေ၊ ဘဏ်ဝန် ထမ်းတွေ၊ လမ်း ပေါ်မှာ ထမင်း ကြော် ရောင်းနေတဲ့ အမေကြီးတွေ မိသားစုကို ရှာကျွေး နေတဲ့ ဆောက်လုပ်ရေး အလုပ်သမား တွေဆိုတာ ခင်ဗျားတို့ အမေ၊ ညီမ၊ အစ်ကိုနဲ့ ငယ်သူ ငယ်ချင်း တွေပါဗျာ။ ဘာလို့ လည်းသိလား။ ခင် ဗျားတို့ ကလည်း ပြည်သူတွေ မို့လို့ပါ။
ဒီမိသားစုအကြီးကြီးထဲက မိသားစုဝင် တွေမို့လို့ပါ။ ဒီလိုတစ်ယောက် ချင်းစီနဲ့ ဖွဲ့စည်း ထားလို့ မြန်မာ က လှပပြီး ခွန်အားရှိ နေတာပါ အကုန်လုံး ဖျက်ဆီး ခံရပြီး လူတိုင်းက ကြောက်နေ ကြရင်၊ သေကုန်ကြရင်၊ ထောင်ထဲ ရောက်နေ ကြရင်၊ ဘယ်သူမှ ခရီးသွား လာမှုမရှိ တော့ဘူးဆိုရင် တိုင်းပြည်ဆိုတာ ရှိပါဦးမ လားဗျာ။ မြန်မာ နိုင်ငံအတွက် ရပ် တည်ပြီး ဒါဟာ တော်သင့်ပြီလို့ ပြောမယ့် ယောက်ျားကောင်း တွေလို အပ်ပါတယ်။ ”
ငါကကိုယ့် အလုပ်ကို လုပ်တယ်၊ တည်ငြိမ်ပြီး အေးချမ်းမှု ကိုဆောင်ရွက် တယ်၊ ဒါပေမယ့် ပြည်သူ တွေကို မသတ်ဘူးလို့ ပြောပေးမယ် သူတွေပေါ့ မြန်မာပြည်သူတွေက အခုကိုပဲ သူတို့ရဲ့ သက်တော် စေ ာင့်တွေ သူတို့ရဲ့ သူရဲကောင်းတွေကို လိုအပ်နေ တာပါ။ခင်ဗျားတို့မှာ တင်းကျပ်တဲ့ အမိန့်ရှိတယ် အလုပ်ပြုတ်မှာ၊ ဝင်ငွေမရှိမှာ ခင်ဗျားတို့ စိုးရိမ်တယ်ဆို တာလည်း သိပါတယ်။ ခင်ဗျားတို့ အခုချလိုက်တဲ့ ဆုံးဖြတ် ချက်ဟာ တိုင်းပြည် အနာဂ တ်ကို အဆုံးအဖြတ် ပေးမယ့်အရာပါ။
အာဏာ ရှင်စနစ် အောက်က ဘဝက ကောင်းမယ်လို့ ခင်ဗျားထင် နေရင် အဲဒါအကြီး ကြီးလွဲနေတာပဲ။ ခင် ဗျားက စစ်ကျွန် ဖြစ်နေတာ။ အခု တော့ ခင်ဗျားအမှန်မြင် ချင်မှမြင်မယ်။ ဒါပေမယ့် ခင်ဗျားတ စ်နေ့မှာ နောင်တရလိမ့်မယ်။ အခုရပ်ဖို့ နောက်မကျသေးပါဘူး။ အကြောက် တရားနဲ့ အသက်ရှင် နေရတာထက် သေရတာက ပိုမြတ်ပါ သေးတယ်ဗျာ။
crd
About the author
Ms Cele
Leave a Comment