Celebrity


Written by Ms Cele





Credit:CELELUCKY

မြန်မာနိုင်ငံမှာရှိတဲ့ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါခံစားနေရတဲ့အတွက် အဝေးကနေအတော်လေး စိတ်သောကရောက်နေရတဲ့ သူဇာဝင့်လွင်

ပရိသတ်ကြီးရေ မော်ဒယ်သူဇာဝင့်လွင် ဟာ Miss Universe သွားပြိုင်ပြီး မြန်မာနိုင်ငံကို ပြန်လာလို့ မရတော့ တာကြောင့် ပြည်ပမှာပဲ အနုပညာ အလုပ်တွေ လုပ်ကိုင်နေပါပြီနော်။ မိဝေးဖဝေး နေထိုင်ရတာကြောင့် အိမ်ကိုလွမ်းနေကြောင်းကိုလည်း အမြဲတမ်း တင်လေ့ရှိပါတယ်နော်။

ဒီနေ့မှာလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါခံစားနေရတဲ့အတွက် အတော်လေးကို စိတ်သောကရောက်နေရပါတယ်နော်။ မိဘတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင် concentrator အမြန်လိုနေတာကိုလည်း post တင်ထားပါတယ်နော်။

” အဖေနဲ့အမေ covid positive ဖြစ်နေတာတောင် အဝေးကနေပဲ ဖုန်းဆက်ပီးဂရုစိုက်ပေးလို့ရတဲ့ ဘဝဖြစ်နေတယ်😞အမေကရောဂါအခံဆီးချိုသွေးတိုးရှိတော့ ဘယ်လိုပိုဂရုစိုက်ပေးရမလဲဟင်? သိတဲ့သူတွေပြောပြပေးပါနော် 🙏🏼” လို့ ရေးသားထားပါတယ်နော်။ ပရိသတ်တွေလည်း သူဇာဝင့်လွင်ရဲ့ မိဘနှစ်ပါးစလုံး အမြန်နေကောင်းပါစေလို့ဆုတောင်းပေးကြပါဦးနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment