Celebrity

ျမန္မာႏိုင္ငံရဲ႕ သူေဌးစာရင္း၀င္ တစ္ဦး ျဖစ္တဲ႕သက္ရတနာေက်ာ္၀င္းရဲ့ ခ်ီးက်ူးစရာေကာင္းတဲ့ အျပဳအမူေလး

Written by Ms Cele

ျမန္မာႏိုင္ငံရဲ႕ သူေဌးစာရင္း၀င္ တစ္ဦး ျဖစ္တဲ႕သက္ရတနာေက်ာ္၀င္းရဲ့ ခ်ီးက်ူးစရာေကာင္းတဲ့ အျပဳအမူေလး

နိုင္ငံေက်ာ္သီခ်င္းဆို ၿပိဳင္ပြဲျဖစ္တဲ့ The Voice Myanmar Season (3) မွာပါဝင္ ယွဥ္ၿပိဳင္ေနတဲ့ ၿပိဳင္ပြဲဝင္ G ကိုေတာ့ ပရိသတ္ႀကီး ကို ေထြေထြထူးထူး မိတ္ဆက္ေပးစရာ မလိုေလာက္ဘူး ထင္ပါတယ္။ G ကေတာ့ နိုင္ငံေက်ာ္ ရတနာဆိုင္ ပိုင္ရွင္ႀကီးနဲ႔ နိုင္ငံေရးပါတီ ေခါင္းေဆာင္ မိဘႏွစ္ပါးက ဆင္းသက္ေပါက္ဖြားလာသူ တစ္ေယာက္ျဖစ္ေပမယ့္ သူမရဲ့ ဘဝကို ရိုးရိုးရွင္းရွင္း သာ ျဖတ္သန္းေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ခ်မ္းသာ ေပမယ့္ ဂုဏ္ပကာသကာ ကင္းတဲ့ G ကို ခ်စ္ခင္အားေပးၾကလ်က္ရွိပါတယ္။လက္ရွိ မွာေတာ့ G က ေစတနာ့ဝန္ထမ္းအျဖစ္ ပါဝင္ လုပ္ေဆာင္ေနတာျဖစ္ၿပီး သူမရဲ့ ဘဝကို ေန႔ေရာညပါ ပရဟိတအလုပ္ေတြ အေပၚမွာလည္း ျမႇပ္ႏွံထားတာ ျဖစ္ပါတယ္။ G ကေတာ့ သူမဘယ္က လာတယ္ ဘယ္လိုႀကီးျပင္းလာတယ္ဆိုတဲ့ ေက်ာ္ၾကားမႈေတြကို ေဘးခ်ိတ္ထားၿပီး ပရဟိတအဖြဲ႕သားေတြနဲ႔ အတူတူ လမ္းေပၚမွာ ထမင္းခ်စားရင္း တစ္ေသြးတည္း တစ္သားတည္း ရွိေနပုံကို “တကယ္ေတာ့ ဘဝက ေနတတ္ရင္ ေပ်ာ္စရာႀကီးပါ” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မၽွေဝေပးလာပါတယ္။

G ကေတာ့ The Voice Myanmar Knock Out Week မွာလည္း ဆက္လက္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနၿပီး ကိုဗစ္ စင္တာေတြမွာလည္း သီခ်င္းဆို ေဖ်ာ္ေၿဖ စိတ္ဓာတ္ခြန္အားေပးေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးကလည္း G ကို ဒီထက္မက ပိုခ်စ္ၿပီး အားေပးၾကဖို႔ မေမ့ပါနဲ႔ေနာ္။ ဖတ္ရႈေပး တဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Han Nyein Oo

မြန်မာနိုင်ငံရဲ့ သူဌေးစာရင်းဝင် တစ်ဦး ဖြစ်တဲ့သက်ရတနာကျော်ဝင်းရဲ့ ချီးကျူးစရာကောင်းတဲ့ အပြုအမူလေး

နိုင်ငံကျော်သီချင်းဆို ပြိုင်ပွဲဖြစ်တဲ့ The Voice Myanmar Season (3) မှာပါဝင် ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် G ကိုတော့ ပရိသတ်ကြီး ကို ထွေထွေထူးထူး မိတ်ဆက်ပေးစရာ မလိုလောက်ဘူး ထင်ပါတယ်။ G ကတော့ နိုင်ငံကျော် ရတနာဆိုင် ပိုင်ရှင်ကြီးနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင် မိဘနှစ်ပါးက ဆင်းသက်ပေါက်ဖွားလာသူ တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ဘဝကို ရိုးရိုးရှင်းရှင်း သာ ဖြတ်သန်းနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ချမ်းသာ ပေမယ့် ဂုဏ်ပကာသကာ ကင်းတဲ့ G ကို ချစ်ခင်အားပေးကြလျက်ရှိပါတယ်။လက်ရှိ မှာတော့ G က စေတနာ့ဝန်ထမ်းအဖြစ် ပါဝင် လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ ဘဝကို နေ့ရောညပါ ပရဟိတအလုပ်တွေ အပေါ်မှာလည်း မြှပ်နှံထားတာ ဖြစ်ပါတယ်။ G ကတော့ သူမဘယ်က လာတယ် ဘယ်လိုကြီးပြင်းလာတယ်ဆိုတဲ့ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ပရဟိတအဖွဲ့သားတွေနဲ့ အတူတူ လမ်းပေါ်မှာ ထမင်းချစားရင်း တစ်သွေးတည်း တစ်သားတည်း ရှိနေပုံကို “တကယ်တော့ ဘဝက နေတတ်ရင် ပျော်စရာကြီးပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

G ကတော့ The Voice Myanmar Knock Out Week မှာလည်း ဆက်လက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေပြီး ကိုဗစ် စင်တာတွေမှာလည်း သီချင်းဆို ဖျော်ဖြေ စိတ်ဓာတ်ခွန်အားပေးနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း G ကို ဒီထက်မက ပိုချစ်ပြီး အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေး တဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment