Local News

ျမန္မာ နိုင္ငံက စိန္ေခၚမႈႀကီး ႏွစ္ရပ္ ကို ရင္ဆိုင္ေန ရေၾကာင္း ေျပာလာတဲ့ အတိုင္ပင္ ခံ ပုဂၢိဳလ္

Written by Ms Cele

ျမန္မာ နိုင္ငံက စိန္ေခၚမႈႀကီး ႏွစ္ရပ္ ကို ရင္ဆိုင္ေန ရေၾကာင္း ေျပာလာတဲ့ အတိုင္ပင္ ခံ ပုဂၢိဳလ္

ျမန္မာနိုင္ငံ က စိန္ေခၚမႈႀကီး ႏွစ္ရပ္ကို ရင္ဆိုင္ ေနရေၾကာင္း COVID-19 ကာကြယ္ ၊ ထိန္းခ်ဳပ္ ၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ ေအာက္တိုဘာ ၁၂ ရက္တြင္ COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံး အေျခအေနႏွင့္ စပ္လ်ဥ္း၍ ျပည္သူမ်ားသို႔ အစီရင္ခံ တင္ျပသည့္ မိန႔္ခြန္းတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။

“ခုအခ်ိန္မွာဆိုရင္ ကၽြန္မတို႔နိုင္ငံ က စိန္ေခၚမႈႀကီး (၂)ရပ္ကို ရင္ဆိုင္ေနရတယ္။ အေထြေထြ ေရြးေကာက္ပြဲ မ်ားကို ေအာင္ေအာင္ျမင္ျမင္က်င္းပနိုင္ဖို႔နဲ႔ ကိုဗစ္ေရာဂါကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္လႊား နိုင္ဖို႔ပဲျဖစ္ပါတယ္။”ဟု ၎က ေျပာၾကားခဲ့သည္။

အေထြေထြေရြးေကာက္ပြဲသည္ စိန္ေခၚမႈႀကီး တစ္ခု ျဖစ္ေၾကာင္း ၊ စိန္ေခၚမႈႀကီး တစ္ခု ဆိုေသာ္လည္း ယင္းကို ျပည္သူလူထုအတြက္ အခြင့္အေရး တစ္ခုလည္း ျဖစ္သည္ဟု ေျပာခ်င္ေၾကာင္း နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္က ထည့္သြင္း ေျပာၾကားခဲ့သည္။

နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္က “နိုင္ငံျခား မွာေတာ့ ေရြးေကာက္ပြဲက စေနပါၿပီ။ ဒီနိုင္ငံမွာ လည္း မၾကာခင္ စပါေတာ့မယ္။ ျပည္သူမ်ားသိတဲ့ အတိုင္းပဲ ပိုၿပီးေတာ့ လုံလုံျခဳံျခဳံနဲ႔ ျပည့္ျပည့္ စုံစုံ မဲေပးနိုင္ဖို႔အတြက္ အသက္ ၆၀ ေက်ာ္ေတြကို အထူးအခြင့္အေရး တစ္ခုအေနနဲ႔၊ ကိုဗစ္ေရာဂါ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ေနာက္ၿပီးေတာ့လည္း မဲ႐ုံေတြမွာ သိပ္ၿပီးေတာ့ လူစုလူေဝး မျဖစ္ဖို႔အတြက္ဆိုၿပီး ႀကိဳတင္မဲေပးဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ သြားနိုင္လာနိုင္ က်န္းက်န္းမာမာရွိတဲ့ ပုဂၢိဳလ္ မ်ားဟာ ေရြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ သြားၿပီးေတာ့ ႀကိဳတင္မဲေပးလို႔ရပါတယ္။အကယ္၍ က်န္းမာေရးေၾကာင့္ မသြားနိုင္ဘူး၊ မလာနိုင္ဘူး ဆိုရင္လည္း အိမ္မွာ လာၿပီးေတာ့ ႀကိဳတင္မဲ လာယူေပးဖို႔ စီစဥ္ေပးလို႔ ရပါတယ္။ ႀကိဳတင္မဲေတြနဲ႔ပတ္သက္လို႔ ဆိုရင္ ေဆး႐ုံေတြမွာ၊ Quarantine Center ေတြမွာလည္း ျပည္သူေတြက အခြင့္အေရး မဆုံးရႈံးရေအာင္လို႔ ႀကိဳတင္မဲေတြေပးနိုင္ဖို႔အတြက္ စီစဥ္ထားတာလည္းရွိပါတယ္။ ဒါေၾကာင့္ ဒီအစီအစဥ္ေတြကို အေဟာသိကံ မျဖစ္ရေအာင္ ျပည္သူျပည္သားေတြအားလုံး၊ မဲေပးခြင့္ရွိသူ မ်ားအားလုံးက ဒီအစီအစဥ္ေတြအရ မဲေပးေစခ်င္ပါတယ္။ ဒါဟာ ကၽြန္မတို႔နိုင္ငံရဲ့ အနာဂတ္ အတြက္ အင္မတန္မွအေရးႀကီးပါတယ္။”ဟု ထည့္သြင္း ေျပာၾကားခဲ့သည္။

COVID-19 ကလည္း နိုင္ငံ၏ ယခု ေလာေလာဆယ္ အေျခအေနအတြက္ အေရးႀကီး သလို ေနာင္ တစ္ႏွစ္ ၊ ႏွစ္ႏွစ္ အတြက္ စီးပြားေရးကိုလည္း မထိခိုက္ေအာင္ ႀကိဳးပမ္းေန သကဲ့သို႔ ျပည္သူျပည္သူမ်ားကလည္း ဝိုင္းၿပီး ႀကိဳးပမ္းသည့္ အေနျဖင့္ ေရာဂါမရရန္ အတြက္ က်န္းက်န္းမာမာ ရွိေအာင္ ေနၾကပါဟု ၎က ေမတၱာရပ္ခံခဲ့သည္။

“ရန္ကုန္တိုင္းေဒသႀကီးမွာ ျပန႔္ပြားမႈ နည္းသြားတယ္လို႔ ေျပာလို႔ မရေသးပါဘူး။ ဒါေၾကာင့္ ကၽြန္မတို႔ျပည္သူေတြ အေနနဲ႔၊ အထူးသျဖင့္ ရန္ကုန္တိုင္းေဒသႀကီးမွာရွိတဲ့ ျပည္သူေတြ အေနနဲ႔ အထူးဂ႐ုစိုက္ဖို႔ ကၽြန္မထပ္ၿပီး သတိေပးခ်င္ပါတယ္။”ဟု နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္က ထည့္သြင္း ေျပာၾကားခဲ့သည္။

“ကၽြန္မတို႔အေနနဲ႔ အေကာင္းဆုံး ေဆးေတြရေအာင္လို႔ ျပည္သူေတြအတြက္ စီစဥ္ပါတယ္။ ေနာက္ၿပီးေတာ့ ေျပာရခက္တဲ့ Remdesivir ေပါ့။ အဲဒီေဆးဟာ ဆိုရင္ တတ္နိုင္သေလာက္ ဒီေရာဂါကို ျပင္းျပင္းထန္ထန္ ခံစားေနရတဲ့ ျပည္သူေတြအတြက္ သုံးပါတယ္။ သို႔ေသာ္လည္း အမ်ားႀကီးမရွိပါဘူးဆိုတာေတာ့ ေျပာပါရေစ။ အခုဆိုရင္ ကၽြန္မတို႔မွာရွိတဲ့ႏႈန္းဟာ ေထာင္ဂဏန္းေလာက္အတြက္ပဲ သုံးနိုင္မွာ ျဖစ္ပါတယ္။ ေထာင္ဂဏန္းေလာက္အတြက္ပဲ သုံးနိုင္မယ္ဆိုေတာ့ ထပ္ၿပီးေတာ့လည္း တတ္နိုင္သမၽွ ကၽြန္မတို႔ရေအာင္လို႔လုပ္ပါမယ္။”ဟု ၎က ေျပာၾကားခဲ့သည္။

နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္က “ အခုအခ်ိန္မွာ ဆိုရင္ စက္႐ုံ၊ အလုပ္႐ုံ ေတြကို လည္ပတ္နိုင္တဲ့ အေျခအေန ရိွရင္ လည္ပတ္နိုင္ဖို႔ ေဆာင္ရြက္ ေနပါတယ္။ လည္ပတ္နိုင္တဲ့ အေျခအေန ဆိုတာ ဘယ္လို ေျပာတာလဲ ဆိုေတာ့ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက သတ္မွတ္ ထားတဲ့ စည္းမ်ဥ္း စည္းကမ္းေတြအရ၊ စံႏႈန္းေတြအရ ဖြင့္နိုင္ေျခရွိတဲ့ A အဆင့္ရတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြပါ။ A အဆင့္ဆိုတာ လုံျခဳံတယ္၊ စိတ္ခ်ရတယ္ဆိုတဲ့ သေဘာပါ။ အဲဒီ စက္႐ုံ၊ အလုပ္႐ုံေတြကို ျပန္ဖြင့္ၿပီးေတာ့ လုပ္ငန္းလည္ပတ္နိုင္ဖို႔အတြက္ လုပ္ေဆာင္ေနပါတယ္။ ဒီလိုလုပ္ငန္း လည္ပတ္နိုင္ဖို႔အတြက္ လုပ္တယ္ဆိုတာက အခု ေရတိုတင္မကပါဘူး၊ ေရရွည္ ကၽြန္မတို႔ နိုင္ငံရဲ့ စီးပြားေရးအတြက္ ၾကည့္ၿပီးေတာ့ လုပ္ရပါတယ္။”ဟု ထည့္သြင္း ေျပာၾကားခဲ့သည္။

လက္ရွိတြင္ ျမန္မာနိုင္ငံ၌ ဓာတ္ခြဲနမူနာ စုစုေပါင္း ၄၂၈,၆၆၈ ခုအား စစ္ေဆးခဲ့ၿပီး အတည္ျပဳလူနာ ၂၉,၃၁၄ ဦး ေတြ႕ရွိခဲ့ကာ ေဆး႐ုံဆင္းခြင့္ ရရွိသူ ၁၀,၂၆၀ ဦး ႏွင့္ ေသဆုံးလူနာ ၆၆၄ ဦး ရွိလာခဲ့ေၾကာင္း သိရသည္။

မြန်မာ နိုင်ငံက စိန်ခေါ်မှုကြီး နှစ်ရပ် ကို ရင်ဆိုင်နေ ရကြောင်း ပြောလာတဲ့ အတိုင်ပင် ခံ ပုဂ္ဂိုလ်

မြန်မာနိုင်ငံ က စိန်ခေါ်မှုကြီး နှစ်ရပ်ကို ရင်ဆိုင် နေရကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ခုအချိန်မှာဆိုရင် ကျွန်မတို့နိုင်ငံ က စိန်ခေါ်မှုကြီး (၂)ရပ်ကို ရင်ဆိုင်နေရတယ်။ အထွေထွေ ရွေးကောက်ပွဲ များကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့နဲ့ ကိုဗစ်ရောဂါကို အောင်အောင်မြင်မြင် ကျော်လွှား နိုင်ဖို့ပဲဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

အထွေထွေရွေးကောက်ပွဲသည် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်ကြောင်း ၊ စိန်ခေါ်မှုကြီး တစ်ခု ဆိုသော်လည်း ယင်းကို ပြည်သူလူထုအတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်သည်ဟု ပြောချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “နိုင်ငံခြား မှာတော့ ရွေးကောက်ပွဲက စနေပါပြီ။ ဒီနိုင်ငံမှာ လည်း မကြာခင် စပါတော့မယ်။ ပြည်သူများသိတဲ့ အတိုင်းပဲ ပိုပြီးတော့ လုံလုံခြုံခြုံနဲ့ ပြည့်ပြည့် စုံစုံ မဲပေးနိုင်ဖို့အတွက် အသက် ၆၀ ကျော်တွေကို အထူးအခွင့်အရေး တစ်ခုအနေနဲ့၊ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နောက်ပြီးတော့လည်း မဲရုံတွေမှာ သိပ်ပြီးတော့ လူစုလူဝေး မဖြစ်ဖို့အတွက်ဆိုပြီး ကြိုတင်မဲပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သွားနိုင်လာနိုင် ကျန်းကျန်းမာမာရှိတဲ့ ပုဂ္ဂိုလ် များဟာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားပြီးတော့ ကြိုတင်မဲပေးလို့ရပါတယ်။အကယ်၍ ကျန်းမာရေးကြောင့် မသွားနိုင်ဘူး၊ မလာနိုင်ဘူး ဆိုရင်လည်း အိမ်မှာ လာပြီးတော့ ကြိုတင်မဲ လာယူပေးဖို့ စီစဉ်ပေးလို့ ရပါတယ်။ ကြိုတင်မဲတွေနဲ့ပတ်သက်လို့ ဆိုရင် ဆေးရုံတွေမှာ၊ Quarantine Center တွေမှာလည်း ပြည်သူတွေက အခွင့်အရေး မဆုံးရှုံးရအောင်လို့ ကြိုတင်မဲတွေပေးနိုင်ဖို့အတွက် စီစဉ်ထားတာလည်းရှိပါတယ်။ ဒါကြောင့် ဒီအစီအစဉ်တွေကို အဟောသိကံ မဖြစ်ရအောင် ပြည်သူပြည်သားတွေအားလုံး၊ မဲပေးခွင့်ရှိသူ များအားလုံးက ဒီအစီအစဉ်တွေအရ မဲပေးစေချင်ပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှအရေးကြီးပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

COVID-19 ကလည်း နိုင်ငံ၏ ယခု လောလောဆယ် အခြေအနေအတွက် အရေးကြီး သလို နောင် တစ်နှစ် ၊ နှစ်နှစ် အတွက် စီးပွားရေးကိုလည်း မထိခိုက်အောင် ကြိုးပမ်းနေ သကဲ့သို့ ပြည်သူပြည်သူများကလည်း ဝိုင်းပြီး ကြိုးပမ်းသည့် အနေဖြင့် ရောဂါမရရန် အတွက် ကျန်းကျန်းမာမာ ရှိအောင် နေကြပါဟု ၎င်းက မေတ္တာရပ်ခံခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ ပြန့်ပွားမှု နည်းသွားတယ်လို့ ပြောလို့ မရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေ အနေနဲ့၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ အထူးဂရုစိုက်ဖို့ ကျွန်မထပ်ပြီး သတိပေးချင်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ အကောင်းဆုံး ဆေးတွေရအောင်လို့ ပြည်သူတွေအတွက် စီစဉ်ပါတယ်။ နောက်ပြီးတော့ ပြောရခက်တဲ့ Remdesivir ပေါ့။ အဲဒီဆေးဟာ ဆိုရင် တတ်နိုင်သလောက် ဒီရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ပြည်သူတွေအတွက် သုံးပါတယ်။ သို့သော်လည်း အများကြီးမရှိပါဘူးဆိုတာတော့ ပြောပါရစေ။ အခုဆိုရင် ကျွန်မတို့မှာရှိတဲ့နှုန်းဟာ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်မယ်ဆိုတော့ ထပ်ပြီးတော့လည်း တတ်နိုင်သမျှ ကျွန်မတို့ရအောင်လို့လုပ်ပါမယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ အခုအချိန်မှာ ဆိုရင် စက်ရုံ၊ အလုပ်ရုံ တွေကို လည်ပတ်နိုင်တဲ့ အခြေအနေ ရှိရင် လည်ပတ်နိုင်ဖို့ ဆောင်ရွက် နေပါတယ်။ လည်ပတ်နိုင်တဲ့ အခြေအနေ ဆိုတာ ဘယ်လို ပြောတာလဲ ဆိုတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတ်မှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ၊ စံနှုန်းတွေအရ ဖွင့်နိုင်ခြေရှိတဲ့ A အဆင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေပါ။ A အဆင့်ဆိုတာ လုံခြုံတယ်၊ စိတ်ချရတယ်ဆိုတဲ့ သဘောပါ။ အဲဒီ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ပြီးတော့ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် လုပ်တယ်ဆိုတာက အခု ရေတိုတင်မကပါဘူး၊ ရေရှည် ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးအတွက် ကြည့်ပြီးတော့ လုပ်ရပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂၈,၆၆၈ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ ၂၉,၃၁၄ ဦး တွေ့ရှိခဲ့ကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁၀,၂၆၀ ဦး နှင့် သေဆုံးလူနာ ၆၆၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။

About the author

Ms Cele

Leave a Comment