Knowledge

ျမန္မာ ျပည္က ၿမိဳ႕ႀကီး အေတာ္ မ်ားမ်ားရဲ့ ေအာက္မွာ ရွိတဲ့ စစ္ကိုင္း ျပတ္ေရြ႕ေၾကာ ႀကီး အေၾကာင္း (ရွယ္ထား ေပးပါအုံး…..)

Written by Ms Cele

ျမန္မာ ျပည္က ၿမိဳ႕ႀကီး အေတာ္ မ်ားမ်ားရဲ့ ေအာက္မွာ ရွိတဲ့ စစ္ကိုင္း ျပတ္ေရြ႕ေၾကာ ႀကီး အေၾကာင္း (ရွယ္ထား ေပးပါအုံး…..)

ျမန္မာနိုင္ငံက စစ္ကိုင္း ျပတ္ေရြ႕ေၾကာႀကီး ကို စတင္ေတြ႕ရွိခဲ့ သူက ေဒါက္တာဝင္းေဆြျဖစ္ ပါတယ္။ အေမရိကန္နိုင္ငံ စတန္းဖို႔ဒ္ တကၠသိုလ္မွ ဘူမိေဗဒ ဘာသာရပ္ျဖင့္ ေဒါက္တာ ဘြဲ႕ယူခဲ့ေသာ ဘူမိေဗဒပညာရွင္ႏွင့္ ေျမငလ်င္ ပညာရွင္ ျဖစ္ပါတယ္။ တကၠသိုလ္တြင္ ဆရာ လုပ္ရင္း ၁၉၆၉ ခုႏွစ္တြင္ စစ္ကိုင္းၿမိဳ႕အနီးရွိ ျပတ္ေရြ႕တစ္ခုအား စတင္ သုေတသနျပဳ ပါတယ္။ ျပတ္ေရြ႕အေသးတစ္ခု ဟုသာ ထင္ခဲ့ေသာ္လည္း အခ်ိန္မ်ားစြာ ယူ၍ ကြင္းဆင္း သုေတသနျပဳရင္းမွ ျမန္မာနိုင္ငံ ေျမပုံ အလယ္ တည့္တည့္မွ ျဖတ္သြားကာ ကီလိုမီတာ ၁၀၀၀ ခန္႔ရွည္ေသာ ဧရာမ သက္ရွိျပတ္ေရြ႕တစ္ခုျဖစ္မွန္း ေတြ႕ရွိခဲ့ျခင္း ျဖစ္ပါတယ္။

နိုင္ငံ၏ ပထဝီအေန အထားမွာ စစ္ကိုင္းငလ်င္ေၾကာေပၚ ငုတ္တုတ္ ထိုင္ေန႐ုံမၽွမက အျခား ေျမငလ်င္ေၾကာမ်ားလည္း ရွိေနေသး တယ္။ ေက်ာက္ၾကမ္း ျပတ္ေရြ႕ေၾကာ၊ ကေဘာ္ျပတ္ေရြ႕ေၾကာ၊ ေရႊႀတိဂံျပတ္ေရြ႕၊ ေဒးဒရဲျပတ္ေရြ႕ စသျဖင့္ ရွိေနပါေသး တယ္။ မိုးေကာင္း၊ မိုးညႇင္း၊ စစ္ကိုင္း၊ အင္းဝ၊ ေပ်ာ္ဘြယ္၊ မိတၳီလာ၊ ဝမ္းတြင္း၊ ျမစ္သား၊ ေနျပည္ေတာ္၊ ေတာင္ငူ၊ ပဲခူး၊ သုံးခြစေသာ ၿမိဳ႕မ်ားေအာက္တြင္ စစ္ကိုင္းငလ်င္ေၾကာ တည္ရွိပါတယ္။

စစ္ကိုင္းျပတ္ေရြ႕ဟာ အလ်ားလိုက္ျပတ္ ေရြ႕ျဖစ္ၿပီး တစ္ႏွစ္ကို ၁၈.၅ မီလီမီတာ ခန္႔ ေရြ႕ေနတယ္လို႔ ဆိုပါတယ္။ ျမစ္ႀကီးနားနယ္မွစၿပီး စစ္ကိုင္း ဂန္႔ေဂါ ေတာင္တန္း၏ အေနာက္ဘက္ျခမ္း ပဲခူးရိုမ အေရွ႕ျခမ္းကို ျဖတ္၍ မုတၱမပင္လယ္ဝ ထိ ရွည္ပါတယ္။

Thiri Shwe Sin

မြန်မာ ပြည်က မြို့ကြီး အတော် များများရဲ့ အောက်မှာ ရှိတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြော ကြီး အကြောင်း (ရှယ်ထား ပေးပါအုံး…..)

မြန်မာနိုင်ငံက စစ်ကိုင်း ပြတ်ရွေ့ကြောကြီး ကို စတင်တွေ့ရှိခဲ့ သူက ဒေါက်တာဝင်းဆွေဖြစ် ပါတယ်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် ဒေါက်တာ ဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့် မြေငလျင် ပညာရှင် ဖြစ်ပါတယ်။ တက္ကသိုလ်တွင် ဆရာ လုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား စတင် သုတေသနပြု ပါတယ်။ ပြတ်ရွေ့အသေးတစ်ခု ဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာ ယူ၍ ကွင်းဆင်း သုတေသနပြုရင်းမှ မြန်မာနိုင်ငံ မြေပုံ အလယ် တည့်တည့်မှ ဖြတ်သွားကာ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခုဖြစ်မှန်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံ၏ ပထဝီအနေ အထားမှာ စစ်ကိုင်းငလျင်ကြောပေါ် ငုတ်တုတ် ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေး တယ်။ ကျောက်ကြမ်း ပြတ်ရွေ့ကြော၊ ကဘော်ပြတ်ရွေ့ကြော၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စသဖြင့် ရှိနေပါသေး တယ်။ မိုးကောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ အင်းဝ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ သုံးခွစသော မြို့များအောက်တွင် စစ်ကိုင်းငလျင်ကြော တည်ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ အလျားလိုက်ပြတ် ရွေ့ဖြစ်ပြီး တစ်နှစ်ကို ၁၈.၅ မီလီမီတာ ခန့် ရွေ့နေတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားနယ်မှစပြီး စစ်ကိုင်း ဂန့်ဂေါ တောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုမ အရှေ့ခြမ်းကို ဖြတ်၍ မုတ္တမပင်လယ်ဝ ထိ ရှည်ပါတယ်။

Thiri Shwe Sin

About the author

Ms Cele

Leave a Comment