Celebrity


Written by Ms Cele






(၁၁)လကြာ ခွဲခွာပြီး အလုပ်သွားလုပ် နေတဲ့ ဖခင်ကို လွမ်းသမျှ အတိုးချကာ အချွဲပို နေတဲ့ ချမ်းမြေ့မောင်ချို

အဆိုတော် ကြီး အိအိရဲ့ သမီးရင်းဖြစ်သူ ချမ်းမြေ့မောင်ချို ကတော့ မိခင်ဖြစ်သူရဲ့ နာမည်ကို အသုံးချခြင်း မရှိပဲ သူမကိုယ်တိုင် Myanmar Idol သီချင်း ဆိုပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ရင်း လူသိများလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို ကတော့ အသက်နှစ်ဆယ်စွန်းစွန်း အရွယ် မှာတင် ပြိုင်ပွဲဝင်ပြိုင်ခဲ့ တာဖြစ်ပြီး အခုဆိုရင် နိုင်ငံကျော် အဆိုတော်မလေး တစ်ယောက်အဖြစ် အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ အောင်မြင်တဲ့ လမ်းကြောင်း အပေါ် ရောက်ရှိနေပမယ့် ဂုဏ်ပကာသနတွေ မောက်မာခြင်းမရှိပဲ ယောကျာ်းလေး တစ်ယောက်လိုသာ လွတ်လွတ်လပ်လပ်နေသူတစ်ယောက် ဖြစ်ပါတယ်

ဒီကနေ့မှာတော့ ချမ်းမြေ့မောင်ချို က ပင်လယ်ပြင်ကြီးထဲမှာ အလုပ်သွား လုပ်နေတဲ့ ဖေဖေ မြန်မာပြည် ပြန်ရောက်လာ ခဲ့လို့ အရမ်းဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက ဖေဖေနဲ့ (၁၁) လကြာ ခွဲခွာခဲ့ပြီးနောက် ဖေဖေအိမ်ပြန်ရောက်လာချိန် မှာတော့ ကလေးလေး တစ်ယောက်လို ဖေဖေ့နားကနေ မခွဲစတမ်း ကပ်နေတာ ကို အခုလိုပဲ တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ ဖေဖေနဲ့ ပြန်တွေ့ရတဲ့ အချိန်မှာ လွမ်းသမျှကို အတိုးချရင်း ကပ်ချွဲနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ချမ်းမြေ့မောင်ချို့တို့ သားအဖ နှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေး ကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

ခရက်ဒစ်-ဆယ်လီကော်နယ်ရှင်

About the author

Ms Cele

Leave a Comment