Celebrity

(၁၆) ေယာက္ေျမာက္ အျဖစ္ မေကြးၿမိဳ႕နယ္က ငါးႏွစ္ အရြယ္ ကေလးေလးအား လိုအပ္ေနတဲ့ ေျခတုေလး လႉဒါန္းေပး ခဲ့တဲ့ ခိုင္ႏွင္းေဝ

Written by Ms Cele

(၁၆) ေယာက္ေျမာက္ အျဖစ္ မေကြးၿမိဳ႕နယ္က ငါးႏွစ္ အရြယ္ ကေလးေလးအား လိုအပ္ေနတဲ့ ေျခတုေလး လႉဒါန္းေပး ခဲ့တဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝ ကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ခု ကို အခိုင္အမာ ရရွိထား႐ုံသာမကပဲ အမ်ားက ေလးစား အခ်စ္ပိုေနရတဲ့ မင္းသမီး တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမက လက္ရွိမွာေတာ့ အႏုပညာ လႈပ္ရွားမႈေတြကို ရပ္နားထားၿပီး ပရဟိတလုပ္ငန္းေတြကိုသာ ဦးစီးလုပ္ကိုင္ေနတာျဖစ္ပါတယ္။

ပရဟိတ အလုပ္ေတြကို တစိုက္မတ္မတ္ လုပ္ေဆာင္ေနတဲ့အျပင္ မိဘမဲ့ေဂဟာ ကိုလည္း တည္ေထာင္ထားကာ ကေလးငယ္ေလးေတြ အတြက္ ခိုကိုးရာအျဖစ္ ရပ္တည္ေပးေနတာေၾကာင့္ ပရိသတ္ေတြေလးစားခ်စ္ခင္ေနရသူ တစ္ေယာက္ပါ။ဒါ့အျပင္ လိုအပ္ေနတဲ့ ျပည္သူေတြအတြက္လည္းတတ္နိုင္သေလာက္ အျမဲေဖးမကူညီတတ္တဲ့ သူမကေတာ့ အခုလိုအခ်ိန္မွာလည္း အားလုံးနဲ႔အတူ ရပ္တည္ကာ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြကို ျပဳလုပ္ေပးေနတာလည္းျဖစ္ပါတယ္။

အခုလည္း မေကြးၿမိဳ႕နယ္က ငါးႏွစ္ အရြယ္ ကေလးေလးအား လိုအပ္ေနတဲ့ ေျခတုေလး လႉဒါန္းေပးခဲ့ျပန္ ပါတယ္။ေျခတုေလးေတြ လႉဒါန္းေပးတာ ဒါနဲ႔ဆို (၁၆) ေယာက္ေျမာက္ျဖစ္ေၾကာင္းလည္းေျပာၾကားထားပါေသးတယ္။ခိုင္ႏွင္းေဝလည္း ဒီထက္မက လႉဒါန္းကူညီနိုင္ပါေစ ဆုေတာင္းရင္း ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Hnin Wai

(၁၆) ယောက်မြောက် အဖြစ် မကွေးမြို့နယ်က ငါးနှစ် အရွယ် ကလေးလေးအား လိုအပ်နေတဲ့ ခြေတုလေး လှူဒါန်းပေး ခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ကတော့ အနုပညာလောကမှာ နေရာတစ်ခု ကို အခိုင်အမာ ရရှိထားရုံသာမကပဲ အများက လေးစား အချစ်ပိုနေရတဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။

ပရဟိတ အလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာ ကိုလည်း တည်ထောင်ထားကာ ကလေးငယ်လေးတွေ အတွက် ခိုကိုးရာအဖြစ် ရပ်တည်ပေးနေတာကြောင့် ပရိသတ်တွေလေးစားချစ်ခင်နေရသူ တစ်ယောက်ပါ။ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်းတတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

အခုလည်း မကွေးမြို့နယ်က ငါးနှစ် အရွယ် ကလေးလေးအား လိုအပ်နေတဲ့ ခြေတုလေး လှူဒါန်းပေးခဲ့ပြန် ပါတယ်။ခြေတုလေးတွေ လှူဒါန်းပေးတာ ဒါနဲ့ဆို (၁၆) ယောက်မြောက်ဖြစ်ကြောင်းလည်းပြောကြားထားပါသေးတယ်။ခိုင်နှင်းဝေလည်း ဒီထက်မက လှူဒါန်းကူညီနိုင်ပါစေ ဆုတောင်းရင်း ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment