Celebrity

၁၉၉၉ ခုနစ္ကသူမ လႉခဲ့တဲ့အာဟာရသုခ ဆြမ္းစားေက်ာင္းေဆာင္ကို လိုအပ္တာတခ်ိဳ႕ ျပန္လည္ျပဳျပင္လွဴဒါန္းေတာ့မယ့္ ထက္ထက္မိုးဦး

Written by Ms Cele

၁၉၉၉ ခုနစ္ကသူမ လႉခဲ့တဲ့အာဟာရသုခ ဆြမ္းစားေက်ာင္းေဆာင္ကို လိုအပ္တာတခ်ိဳ႕ ျပန္လည္ျပဳျပင္လွဴဒါန္းေတာ့မယ့္ ထက္ထက္မိုးဦး

ပရိသတ္အခ်စ္ေတာ္ နိုင္ငံေက်ာ္ မင္းသမီး တစ္ေယာက္ျဖစ္တဲ့ ထက္ထက္မိုးဦး ကေတာ့ အလႉအတန္းေတြ အျမဲျပဳလုပ္တတ္တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ၿပီး လတ္တေလာမွာလည္း ပရိသတ္ေတြသာဓုေခၚဆိုရမယ့္ အလႉေလးတစ္ခုကို ျပဳလုပ္ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္ ။

ထက္ထက္က သူမ ၁၉၉၉ ခုနစ္ကလႉခဲ့တဲ့ အလိုေတာ္ျပည့္ဓမၼာ စရိယတကၠသိုလ္က အာဟာရသုခ ဆြမ္းစားေက်ာင္းေဆာင္ကို လိုအပ္တာတခ်ိဳ႕ ျပန္လည္ျပဳျပင္ လႉဒါန္းဖို႔ ဒီေန႔သြားၾကည့္ ခဲ့တယ္လို႔ သူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္ ။ စလႉခဲ့တုန္း ကလည္း အလုပ္ေတြလုပ္လိုက္ လႉလိုက္နဲ႔ပဲ ေက်ာင္းႀကီးျဖစ္ခဲ့ၿပီး ယခုအခါမွာလည္း အလုပ္ေတြလုပ္ရင္းနဲ႔ပဲ ျပန္လည္လႉဒါန္းခြင့္ရတာမို႔ အရမ္းကိုမွ ပီတိျဖစ္ရတယ္ လို႔ သူမရဲ့အလႉေလး အေၾကာင္းကို ပရိသတ္ေတြကို အသိေပးခဲ့တာျဖစ္ပါတယ္ ။

နာယကခ်ဳပ္ ဆရာေတာ္ ကလည္း “ေက်ာင္းဒါယိကာမႀကီး ဘာမွ မပူနဲ႔ ဒကာမႀကီးရဲ့ ဆြမ္းစားေက်ာင္းေဆာင္မွာ သံဃာေတြဟာ အျမဲတမ္း တစ္ေန႔ ၂ ႀကိမ္ ေဝေနယ်သတၱဝါေတြ ပစၥည္းေလးပါး ဒါယကာ ဒါယိကာမေတြကို ေမတၱာပို႔သေပးေနတာေၾကာင့္ ကုသိုလ္ေတြ သံဃာေတြရဲ့ ေမတၱာေတြအျမဲရေနမွာပါ ” ဆိုၿပီး ေျပာလိုက္တဲ့ အခ်ိန္မွာ ရင္ထဲမွာ ေပ်ာ္မျပတတ္ေအာင္ ၾကည္ႏူးရတယ္ လို႔လည္း ထက္ထက္က သူမရဲ့ပီတိေတြကို ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္ ။ ပရိသတ္ေတြရဲ့ အားေပးမႈေတြေၾကာင့္ အလုပ္ေတြ လုပ္ရင္း သဒၵါေပါက္လို႔ ဒါနေျမႇာက္ခဲ့တဲ့ အေၾကာင္း ကိုလည္း ၾကည္ႏူးဖြယ္မၽွေဝေပးခဲ့ပါတယ္ ။

Credit:Swelsone News

၁၉၉၉ ခုနစ်ကသူမ လှူခဲ့တဲ့အာဟာရသုခ ဆွမ်းစားကျောင်းဆောင်ကို လိုအပ်တာတချို့ ပြန်လည်ပြုပြင်လှူဒါန်းတော့မယ့် ထက်ထက်မိုးဦး

ပရိသတ်အချစ်တော် နိုင်ငံကျော် မင်းသမီး တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦး ကတော့ အလှူအတန်းတွေ အမြဲပြုလုပ်တတ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း ပရိသတ်တွေသာဓုခေါ်ဆိုရမယ့် အလှူလေးတစ်ခုကို ပြုလုပ်တော့မှာဖြစ်တယ်လို့သိရပါတယ် ။

ထက်ထက်က သူမ ၁၉၉၉ ခုနစ်ကလှူခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာ စရိယတက္ကသိုလ်က အာဟာရသုခ ဆွမ်းစားကျောင်းဆောင်ကို လိုအပ်တာတချို့ ပြန်လည်ပြုပြင် လှူဒါန်းဖို့ ဒီနေ့သွားကြည့် ခဲ့တယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။ စလှူခဲ့တုန်း ကလည်း အလုပ်တွေလုပ်လိုက် လှူလိုက်နဲ့ပဲ ကျောင်းကြီးဖြစ်ခဲ့ပြီး ယခုအခါမှာလည်း အလုပ်တွေလုပ်ရင်းနဲ့ပဲ ပြန်လည်လှူဒါန်းခွင့်ရတာမို့ အရမ်းကိုမှ ပီတိဖြစ်ရတယ် လို့ သူမရဲ့အလှူလေး အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။

နာယကချုပ် ဆရာတော် ကလည်း “ကျောင်းဒါယိကာမကြီး ဘာမှ မပူနဲ့ ဒကာမကြီးရဲ့ ဆွမ်းစားကျောင်းဆောင်မှာ သံဃာတွေဟာ အမြဲတမ်း တစ်နေ့ ၂ ကြိမ် ဝေနေယျသတ္တဝါတွေ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမတွေကို မေတ္တာပို့သပေးနေတာကြောင့် ကုသိုလ်တွေ သံဃာတွေရဲ့ မေတ္တာတွေအမြဲရနေမှာပါ ” ဆိုပြီး ပြောလိုက်တဲ့ အချိန်မှာ ရင်ထဲမှာ ပျော်မပြတတ်အောင် ကြည်နူးရတယ် လို့လည်း ထက်ထက်က သူမရဲ့ပီတိတွေကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် အလုပ်တွေ လုပ်ရင်း သဒ္ဒါပေါက်လို့ ဒါနမြှောက်ခဲ့တဲ့ အကြောင်း ကိုလည်း ကြည်နူးဖွယ်မျှဝေပေးခဲ့ပါတယ် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment