Celebrity
Written by Ms Cele
Credit:Cele Gabar
၁၉ ယောက် ကံထူးရှင် အဖြစ် ရောက်ရှိလာခဲ့တဲ့ ပရိသတ် တစ်ယောက်ရဲ့ နှလုံးသား သဝဏ်လွှာကို ရရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း
ပရိသတ်တွေဆီက စာလွှာတွေကို သူမရဲ့ Page ကနေတဆင့် ပြန်လည်ဖော်ပြပေး နေတဲ့ ဖြူဖြူကျော်သီန်းက ဒီနေ့မှာတော့ ၁၉ ယောက် ကံထူးရှင်အဖြစ် “ထူးမြတ်ဇင်” ဆိုတဲ့ ပရိသတ် တစ်ယောက်ရဲ့ စာလွှာလေးကို ပရိသတ်တွေကို ဖော်ပြခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက် က မွန်ပြည်နယ် ရဲ့ အစွန်ဆုံးမြို့လေးဖြစ်တဲ့ ရေးမြို့နယ် အစင်ကျေးရွာမှာ လမ်းဖွင့်ပွဲအနေနဲ့ ရှိုးပွဲ ကြီးတပွဲလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာသူ အရမ်းရူးသွပ်နေတဲ့ ဖြူဖြူကျော်သိန်း ပါခဲ့တယ် ။ သူ့အနေနဲ့ အရမ်းကြည့်ချင် ခဲ့ပေမယ့် အဲ့ဒီခေတ်အဒီအခါ တုန်းက ၁၅၀၀၀ ဆိုတော့ အရမ်းများပေမယ့် ဘဝမှာ ပထမဆုံးအနေနဲ့ကြည့်ခဲ့ပါတယ်တဲ့ ။
ဘဝမှာ အမှတ်တရဖြစ်ခဲ့တဲ့ ပွဲလေးတခုကိုပြန်ပြောင်းပြော ရမယ်ဆို ၂၀၁၃ ခုနှစ် ရေးမြို့မှာလုပ်ခဲ့တဲ့မဖြူ ပါတဲ့ပွဲလေးပေါ့ မှတ်မှတ်ရရလတ်မှတ် တစောင်၂သောင်းပေးကြည့်ခဲ့ရတဲ့ပွဲ ထူးထူးခြားခြားအဲ့ပွဲမှာမဖြူ အတွက်သီးသန့်ထိုးထားတဲ့ပန်းစည်းလေးနဲ့ stage စင်ဘေးမှာမဖြူ ကိုရှာတကယ်တမ်းတော့ကြောက်နေတာပေါ့လေ မဖြူ အနေနဲ့အရမ်းများမာနကြီးနေမလားပေါ့တကယ်တမ်းတော့မဖြူ ကိုတွေ့တော့လက်ဆွဲနှုတ်ဆက်ပန်းစည်းလေးပေးတော့ ကိုယ်အားပေးခဲ့ရတဲ့ဖြူဖြူကျော်သိန်းဆိုတာ ဘာမာန်မာနမှမရှိတဲ့ သူမှန်းလက်တွေ့ကျကျ သိခဲ့ရတယ် ။
၂၀၁၆ခုနှစ်ထိုင်းမှာ အလုပ်လုပ်နေရင်း မဖြူပွဲကိုတကူးတက ပြန်အားပေးခဲ့ရတဲ့ ပွဲပေါ့လေ အဲ့ပွဲမှာ ဒြပ်စင်သီချင်းလေးတောင်းထားတာ တကယ်လည်းဆိုပေးပါတယ် နောက်ထပ်လည်း၂၀၁၈ ထိုင်းကနေတကူးတက ပြန်အားပေးခဲ့ရတဲ့ပွဲပဲ မှတ်မှတ်ရရလက်ဝှေ့စင်မှာဆိုရတဲ့ပွဲ အဲ့ပွဲမှာနာမည်ကျန်နေရစ်မယ် တောင်းထားတာ တကယ်လည်းဆိုပေးပါတယ် နောက်ထပ် အမှတ်တရပွဲလေးကတော့ချစ်သူမြိုင်ပွဲ၂၀၁၈ ခရစ်စမတ်ညမှာ လူရသောင်းကျော်ရှိနေတဲ့ဝင်းကြီးထဲအားပေးခဲ့ရတာဘဝရဲ့မှတ်တိုင်ပဲ လို့ ဖြူဖြူကို နှစ်ပေါင်းများစွာ အမာခံအားပေးခဲ့ကြောင်း ရေးသားပေးပို့ခဲ့တာပဲဖြစ်ပါတယ် ။ ဘဝမှာ PHYU PHYU KYAW THEIN ရဲ့တကယ့်ရဲရဲတောက်အမာခံပရိတ်သတ်ဖြစ်ရတာ ဝမ်းသာကြည်နူးဂုဏ်အယူရဆုံးပဲ လို့လည်းရေးသားထားပါသေးတယ် ။
ဖြူဖြူကတော့ ဒီစာလွှာလေးတွေကို ဖတ်ရတိုင်း ပျော်ရတယ်..ကြည်နူးရတယ်..စိတ်ခွန်အားသစ် တွေရတယ်..ကျေနပ်ရတယ်.. စိတ်ချမ်းသာရတယ်..ပိုကြိုးစားချင် စိတ်တွေဖြစ်တယ်..ကိုယ့်ကိုဘယ်ချိန်ဘယ်ခါတည်းက ဘယ်လောက်ထိ အားပေး ချစ်ခင်တန်ဖိုးထားလဲဆိုတာ သိရတယ်..အဲ့ဒီအတွက် အရမ်းလည်းကျေးဇူးတင်ရပါတယ်လို့ ဖြူဖြူကလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ် ။
Credit:Cele Gabar
About the author
Ms Cele
Leave a Comment