Local News


Written by Ms Cele






(၂၁)ကြိမ် မြောက် သိန်း တစ်သောင်း ကံထူးရှင် ထွက် ပေါ်လာပြီ

ပြည်တွင်းအခွန်များ ဦးစီးဌာန၊အောင်ဘာလေ သိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် (၂၁)ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့် ပွဲတွင် အက္ခရာအလုံး (၄၁) လုံးနှင့် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပြီး ဆုမဲပေါင်း (၁၈၇၈၀၄) ဆုနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှပြန်လည်ခွဲ ဝေပေးမည့် ဆုမဲစုစုပေါင်း (၂၂၂၄) ဆု တို့အားဖွင့်လှစ်ပေးသွား မှာဖြစ်‌ကြောင်း သိရှိရပါသည်။

၂၁ကြိမ်မြောက် အောင်ဘာလေထီ ဖွင့်ပွဲတွင် ပခုက္ကူ ခိုင်ရွှေဝါထီဆိုင်ပိုင်ရှင် ဦးကျော်နိုင် က ရောင်းမကုန်သည့် ထီလက်ကျန်မှ ယ-539354 နံပါတ်ဖြင့် သိန်းတစ်သောင်းဆု ကြီးကို ဆွတ်ခူးသွားကြောင်း သိရသည်။

(၂၁)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲမှ ကျပ် သိန်းတစ်သောင်းခွဲဆု၊ကျပ်သိန်း တစ်သောင်းဆုနှင့် ကျပ်သိန်းငါးထောင်ဆု ပေါက်ဂဏန်းများ ဖြစ်ပါတယ်။

ယနေ့ ထွက်ရှိသည့် ကျပ် သိန်း တစ်သောင်းခွဲ ဆုမဲမှာ (ဌ-၁၁၁၉၃၇)ဖြစ်ပြီး၊ ကျပ် သိန်းတစ်သောင်းဆု မဲမှာ (ယ-၅၃၉၃၅၄)ဖြစ်ပြီး၊ ကျပ် သိန်းငါးထောင်ဆု မဲမှာ (ကဂ-၉၀၄၉၇၀) ဖြစ်ပါသည်။

About the author

Ms Cele

Leave a Comment