Celebrity

(၂၁)ႏွစ္ျပည့္ ေမြးေန႔ အလွဴအျဖစ္ ဦးေက်ာ္သူရဲ႕နာေရးကူညီမႈ အသင္းမွာ ၅သိန္းက်ပ္ကို သြားေရာက္ လွဴဒါန္းခဲ့တဲ့ ေနျခည္ရႊန္းလက္

Written by Ms Cele

(၂၁)ႏွစ္ျပည့္ ေမြးေန႔ အလွဴအျဖစ္ ဦးေက်ာ္သူရဲ႕နာေရးကူညီမႈ အသင္းမွာ ၅သိန္းက်ပ္ကို သြားေရာက္ လွဴဒါန္းခဲ့တဲ့ ေနျခည္ရႊန္းလက္

ဆံႏြယ္နက္နက္ ရွည္ရွည္ေလးေတြနဲ့ ျမန္မာ ဆန္ဆန္ ခ်စ္စရာေကာင္းတဲ့ မင္းသမီး ေခ်ာေလး ေနျခည္ရႊန္းလက္ကေတာ့ “ပုဂံျမိဳ့သူ” ဇာတ္လမ္းတြဲ မွာကတည္းက ပရိသတ္ေတြရဲ့ စိတ္ဝင္ စားျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ ေနျခည္ရႊန္းလက္ က “မ်က္လံုးမွာအလြမ္း နႈတ္ခမ္းမွာ မာန” ဇာတ္လမ္းတြဲမွာေတာ့ နွင္းေႏြဆိုတဲ့ ေခါင္းေဆာင္ မင္းသမီးကာရိုက္တာကို သရုပ္ေဆာင္ခဲ့ျပီး မထင္ထား ေလာက္ေအာင္ကို အနုပညာ အရည္အခ်င္းျပည့္ဝတာမို့ ပရိသတ္ေတြရဲ့ အားေပးမႈကို အခုိင္အမာ ရရိွခဲ့တာပဲ ျဖစ္ပါတယ္။

ဒီကေန့ နိုဝင္ဘာလ (၁၃) ရက္ေန့ကေတာ့ မင္းသမီးေခ်ာေလး ေနျခည္ရႊန္းလက္ ရဲ့ အသက္ (၂၁) နွစ္ျပည့္ ေမြးေန့ ေလးပဲ ျဖစ္ပါတယ္။ ေနျခည္ရႊန္းလက္က သူမရဲ့ ေမြးေန့ တစ္ေန့လံုးမွာ အလွဴအတန္းေတြ မ်ားစြာ ျပဳလုပ္ခဲ့သလုိ သူမကို “ပုဂံျမိဳ့သူ” ဇာတ္လမ္းတြဲမွာ လက္တြဲေခၚ ယူျပီး အစစအရာရာ သင္ၾကားေပးခဲ့တဲ့ လက္ဦးဆရာ ဦးေက်ာ္သူရဲ့ နာေရးကူညီမႈအသင္းမွာ ပရိသတ္ေတြနဲ့အတူ အလွဴေငြက်ပ္ (၅) သိန္းတိတိ လွဴဒါန္းခဲ့တာကုိ အခုလိုပဲ ေတြ့ရပါတယ္။

ေနျခည္ရႊန္းလက္ ကေတာ့ အသက္ (၂၁) နွစ္ဆိုတဲ့ အရြယ္ေလးမွာပဲ ပရိသတ္ေတြ ေပးတဲ့ ေနရာတစ္ေနရာမွာ အခုိင္အမာ ရပ္တည္ေနျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး ကလည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ေလး ေနျခည္ရႊန္းလက္အတြက္ ေမြးေန့ဆုေတာင္း ေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Connections

(၂၁)နှစ်ပြည့် မွေးနေ့ အလှူအဖြစ် ဦးကျော်သူရဲ့နာရေးကူညီမှု အသင်းမှာ ၅သိန်းကျပ်ကို သွားရောက် လှူဒါန်းခဲ့တဲ့ နေခြည်ရွှန်းလက်

ဆံနွယ်နက်နက် ရှည်ရှည်လေးတွေနဲ့ မြန်မာ ဆန်ဆန် ချစ်စရာကောင်းတဲ့ မင်းသမီး ချောလေး နေခြည်ရွှန်းလက်ကတော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင် စားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက် က “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန” ဇာတ်လမ်းတွဲမှာတော့ နှင်းနွေဆိုတဲ့ ခေါင်းဆောင် မင်းသမီးကာရိုက်တာကို သရုပ်ဆောင်ခဲ့ပြီး မထင်ထား လောက်အောင်ကို အနုပညာ အရည်အချင်းပြည့်ဝတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက် ရဲ့ အသက် (၂၁) နှစ်ပြည့် မွေးနေ့ လေးပဲ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က သူမရဲ့ မွေးနေ့ တစ်နေ့လုံးမှာ အလှူအတန်းတွေ များစွာ ပြုလုပ်ခဲ့သလို သူမကို “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာ လက်တွဲခေါ် ယူပြီး အစစအရာရာ သင်ကြားပေးခဲ့တဲ့ လက်ဦးဆရာ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ ပရိသတ်တွေနဲ့အတူ အလှူငွေကျပ် (၅) သိန်းတိတိ လှူဒါန်းခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

နေခြည်ရွှန်းလက် ကတော့ အသက် (၂၁) နှစ်ဆိုတဲ့ အရွယ်လေးမှာပဲ ပရိသတ်တွေ ပေးတဲ့ နေရာတစ်နေရာမှာ အခိုင်အမာ ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး နေခြည်ရွှန်းလက်အတွက် မွေးနေ့ဆုတောင်း ပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment