Local News

၂၂ ရက္ မွ ၂၄ ရက္ အ တြင္း မိုးႀကီး ေလထန္ နိုင္ သည့္ ၿမိဳ႕နယ္ မ်ား စာရင္း မိုး ဇလ ထုတ္ ျပန္ (ရွယ္ထား ေပး ပါအုံး …)

Written by Ms Cele

၂၂ ရက္ မွ ၂၄ ရက္ အ တြင္း မိုးႀကီး ေလထန္ နိုင္ သည့္ ၿမိဳ႕နယ္ မ်ား စာရင္း မိုး ဇလ ထုတ္ ျပန္ (ရွယ္ထား ေပး ပါအုံး …)

ဘဂၤလား ပင္လယ္ေအာ္ အလယ္ပိုင္း တြင္ ျဖစ္ေပၚ ေနေသာ ေလဖိအားနည္း ရပ္ဝန္းေၾကာင့္ ေျမၿပိဳျခင္း မ်ားပါ ျဖစ္လာနိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒ ညႊန္ၾကားမႈဦးစီး ဌာနက ထုတ္ျပန္လိုက္ သည္။ယင္းအျပင္ မိုးသည္းထန္ျခင္း၊ ေလျပင္း တိုက္ခတ္ျခင္း၊ လၽွပ္တစ္ ျပက္ေရႀကီး ျခင္းမ်ားလည္း ျဖစ္ေပၚ နိုင္သျဖင့္ ကုန္းျမင့္ေဒသ အနီးတြင္ ေနထိုင္သူမ်ား အေနျဖင့္ ေျမၿပိဳမႈ အႏၲရာယ္ကို လည္း ေကာင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ား အနီးတြင္ ေနထိုင္ၾက သူမ်ား အေနျဖင့္ လၽွပ္တစ္ျပက္ေရႀကီး၊ ေရလၽွံမႈ မ်ား ျဖစ္ေပၚ နိုင္ေသာေၾကာင့္

လည္းေကာင္း ႀကိဳတင္ သတိျပဳေနထိုင္ၾကပါရန္ လည္း အႀကံျပဳ ထားသည္။ အဆိုပါ ေလဖိအားနည္း ရပ္ဝန္း၏အရွိန္ေၾကာင့္ ေအာက္တိုဘာလ ၂၂ ရက္ မွ ၂၄ ရက္ အတြင္း စစ္ကိုင္းတိုင္းေဒ သႀကီး ေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္း ေဒသႀကီးတို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ့ အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ ေနရာကြ က္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚနိုင္ကာ၊ ရခိုင္ကမ္းရိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္

ပင္လယ္ျပင္ တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္း မ်ား က်ေရာက္ၿပီး၊ လွိုင္းအသင့္အတင့္မွ လွိုင္းႀကီး နိုင္ေၾကာင္းႏွင့္ မိုးသက္ေလျပင္း က်စဥ္ ေရျပင္ေျမျပင္ ေလသည္ တစ္နာရီလၽွင္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္ နိုင္ကာ လွိုင္းအျမင့္ မွာ ရခိုင္ကမ္းရိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၇)ေပမွ (၁၀)ေပ ခန႔္ထိ ရွိနိုင္မည္ဟု ခန႔္မွန္းထား သည္။ ယင္း ေလဖိအားနည္းရပ္ဝန္းသည္ ကနဦး တြင္ အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားၿပီးေနာက္၊ ေျမာက္-အေရွ႕ေျမာက္ဘက္ သို႔ ေကြ႕ကာေရြ႕လ်ားနိုင္မည္ဟုလည္း မိုးေလဝသႏွင့္ဇလ ေဗဒညႊန္ ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားေၾကာင္း သိရသည္။

crd

၂၂ ရက် မှ ၂၄ ရက် အ တွင်း မိုးကြီး လေထန် နိုင် သည့် မြို့နယ် များ စာရင်း မိုး ဇလ ထုတ် ပြန် (ရှယ်ထား ပေး ပါအုံး …)

ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း တွင် ဖြစ်ပေါ် နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် မြေပြိုခြင်း များပါ ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်လိုက် သည်။ယင်းအပြင် မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်တစ် ပြက်ရေကြီး ခြင်းများလည်း ဖြစ်ပေါ် နိုင်သဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်သူများ အနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်း ကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြ သူများ အနေဖြင့် လျှပ်တစ်ပြက်ရေကြီး၊ ရေလျှံမှု များ ဖြစ်ပေါ် နိုင်သောကြောင့်

လည်းကောင်း ကြိုတင် သတိပြုနေထိုင်ကြပါရန် လည်း အကြံပြု ထားသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်း၏အရှိန်ကြောင့် အောက်တိုဘာလ ၂၂ ရက် မှ ၂၄ ရက် အတွင်း စစ်ကိုင်းတိုင်းဒေ သကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွ က်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျစဉ် ရေပြင်မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ် နိုင်ကာ လှိုင်းအမြင့် မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၇)ပေမှ (၁၀)ပေ ခန့်ထိ ရှိနိုင်မည်ဟု ခန့်မှန်းထား သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည် ကနဦး တွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက်၊ မြောက်-အရှေ့မြောက်ဘက် သို့ ကွေ့ကာရွေ့လျားနိုင်မည်ဟုလည်း မိုးလေဝသနှင့်ဇလ ဗေဒညွှန် ကြားမှုဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

crd

About the author

Ms Cele

Leave a Comment