Celebrity


Written by Ms Cele






(၂) နှစ်ပြည့် Anniversary နေ့လေးကို ရိုးရိုး ရှင်းရှင်းလေးပဲ ဖြတ်သန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ ဗီဒီယို

နိုင်ငံကျော် အနုပညာ ရှင် ဇနီးမောင်နှံ ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ က တစ်ယောက်နဲ ့တစ်ယောက် နွေးထွေးမှုတွေ အပြည့်နဲ့ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာ လျှောက်လမ်း ကိုယ်စီမှာ အောင်မြင် မှုတွေ ရရှိနေတာဖြစ်ပြီး ထွန်းလင်းတောက်ပတဲ့ ကြယ်လေးတွေ ဆိုလည်း မမှားပါဘူး။ ရွှေထူးက အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်း မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလာသလို ရွှေမှုံရတီ ကလည်း ခင်ပွန်းဖြစ်သူရွှေထူးနဲ့အတူတူ သီချင်းတွေကို သီဆိုလာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့ ကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို ့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာ သက်တမ်း (၂) နှစ်ပြည့်တဲ့နေ့လေး ပဲ ဖြစ်ပါတယ်။ ရွှေနှစ်ရွှေက Anniversary နေ့လေးမှာ ခမ်းခမ်းနားနားကြီးတွေ မဆင်နွှဲဖြစ် ပေမယ့် လုပ်စရာရှိတာတွေကို လုပ်ပြီး ဇနီးမောင်နှံနှစ်ယောက် စားစားသောက်သောက်နဲ့ ပျော်ရွှင်ခဲ့ကြတာကို ရွှေထူးက ပရိသတ်တွေကြည့်ရအောင် အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ မျှဝေပေးလာခဲ့ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီ ကတော့ တစ်ယောက်ကို တစ်ယောက် သစ္စာမပျက်စတမ်း ချစ်လာခဲ့တာ (၂) နှစ်ဆိုတဲ့အချိန်တောင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီ တို့ ဇနီးမောင်နှံနှစ်ယောက် (၂) နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment