Celebrity
Written by Ms Cele
(၃) နှစ်ပြည့် မွေးနေ့လေးမှာ ရတနာ သုံးပါးကို ကန်တော့ရင်း ကုသိုလ်ယူ နေတဲ့ R ဇာနည်ရဲ့သားလေး ချစ်ချစ်တုန် ရဲ့ ဗီဒီယို
ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် R ဇာနည် နဲ့ မော်ဒယ်လ် ဝမ်းတို့ကတော့ ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက် ထားကြတာ ဖြစ်ပါတယ်။ ဖစ်ဖစ်တုန်၊ ချစ်ချစ်တုန်နဲ့ မစ်မစ်တုန်ဆိုတဲ့ ချစ်စရာ သားသမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ R ဇာနည်တို့ကတော့ ပရိသတ်တွေ အတွက် အားကျစရာမိသားစုကြီးတစ်စုပဲ ဖြစ်ပါတယ်။ R ဇာနည်ကလည်း သူ့ရဲ့သားသမီးလေး တွေနဲ့ ပက်သတ်ပြီး အမှတ်တရ ဗီဒီယိုလေးတွေ၊ အမှတ်တရလေးတွေကို ပရိသတ်တွေအတွက် အမြဲတမ်း ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ကတော့ R ဇာနည်ရဲ့ သားအလတ်လေး ချစ်ချစ်တုန်ရဲ့ အသက် (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်ချစ်တုန်လေး ကတော့ သူ့ရဲ့ မွေးနေ့မှာ ဖေဖေ၊ မေမေက သင်ပေးစရာမလိုအောင် ဘုရားဝတ်ပြုရင်း ကုသိုလ်ယူခဲ့တာကို ဖေဖေ R ဇာနည်က “မနက်ဖန် ချစ်ချစ်လေး ၃ နှစ်ပြည့်မွေးနေ့ မနက်ဘုန်းဘုန်း ဆွမ်းကပ်မယ် 🥰 ဘုရားရှိခိုးပြီး အိပ်တော့မယ်နော်” ဆိုပြီး ကလေးတွေရဲ့ ဖေ့စ်ဘုတ်ပေ့ချ်လေးကနေ အခုလိုပဲ မျှဝေပေးလာပါတယ်။
R ဇာနည်ရဲ့ သားလေး ချစ်ချစ်တုန် ကတော့ အခုဆိုရင် (၃) နှစ်အရွယ်လေးသာ ရှိသေးတယ်ဆိုပေမယ့် အရွယ်လေးနဲ့ မလိုက်အောင်ကို ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတာ ပရိသတ်ကြီး မြင်တွေ့ရမှာပဲနော်။ ပရိသတ်ကြီးလည်း ချစ်ချစ်တုန်လေးရဲ့ မွေးနေ့အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးကို ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။
Source: Phit Phit Chit Chit Mhit Mhit’s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment