Celebrity

၄၄လမ္းက တိုက္ေပၚကခုန္ခ်ၿပီး ေႂကြလြင့္သြားတဲ့ သူရဲေကာင္းေတြအတြက္ သူကိုယ္တိုင္ႀကိဳးစားၿပီး လုပ္ေပးမယ့္အရာတစ္ခုကို ေျပာျပလာတဲ့ ေမာင္ေမာင္ေအး

Written by Ms Cele

၄၄လမ္းက တိုက္ေပၚကခုန္ခ်ၿပီး ေႂကြလြင့္သြားတဲ့ သူရဲေကာင္းေတြအတြက္ သူကိုယ္တိုင္ႀကိဳးစားၿပီး လုပ္ေပးမယ့္အရာတစ္ခုကို ေျပာျပလာတဲ့ ေမာင္ေမာင္ေအး

ေမာင္ေမာင္ေအးလို႔ ဆိုလိုက္ရင္ေတာ့ ကတုံးနဲ႔အသံပါဝါ အားေကာင္းေကာင္းနဲ႔ လူတိုင္းကေငးေန ရေလာက္ေအာင္ စကားေျပာေကာင္းတဲ့လူပဲျဖစ္ပါတယ္။ အႏုပညာေလာကမွာ နာမည္ႀကီးသူ တစ္ေယာက္ျဖစ္တဲ့ အစီစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးကေတာ့ သ႐ုပ္ေဆာင္သိပ္မ လုပ္ေပမယ့္လည္း ပရိသတ္တိုင္းနဲ႔မစိမ္းတဲ့ဆယ္လီ တစ္ေယာက္ပါပဲ။ထို႔အျပင္ ေမာင္ေမာင္ေအး ကေတာ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ တိုက္ဖ်က္ေရးလုပ္ငန္းေတြမွာ အင္တိုက္အားတိုက္ ပါဝင္ေနခဲ့သူပါ။

သူကိုယ္တိုင္လည္း ျပည္သူနဲ႔ အတူ လႉၾကမယ္အစီအစဥ္၊ We Love Yangon အဖြဲ႕ ၊Quarantine ဝင္ေနတဲ့ လူနာေတြကို သြားေရာက္ေဖ်ာ္ေျဖေရးစတာေတြမွာ ကိုယ္က်ိဳးမဖက္ဘဲ ရွိသမၽွအခ်ိန္ေပးၿပီး ဦးေဆာင္လုပ္ကိုင္ေနသူပါ။ ျမန္မာနိုင္ငံမွာျဖစ္သြားခဲ့တဲ့ အာဏာသိမ္းတဲ့လုပ္ရပ္ေနာက္ပိုင္း မွာေတာ့ စကစဘက္ကအလိုရွိေနတဲ့ ေက်ာ္ၾကားတဲ့ လူထဲမွာ ေမာင္ေမာင္ေအးလဲ အပါအဝင္ပဲျဖစ္ပါတယ္။ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီရဲ့ျပစ္မွတ္ ထားမႉေၾကာင့္ ျပည္ပသို႔ထြက္ေျပးခဲ့ရပါတယ္။ ေမာင္ေမာင္ေအးက ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ေပၚပင္စာေလးေတြကိုေရးသား တတ္သူျဖစ္တာေၾကာင့္ အျမင္မတူသူေတြရဲ့ ေဝဖန္ျခင္းကို ခံရသူလည္း ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းကျဖစ္သြားခဲ့တဲ့ လူငယ္ ၅ ဦးတိုက္ေပၚက ခုန္ခ်ခဲ့တဲ့အေၾကာင္းနဲ႔ ပက္သက္လို႔ ခုလိုပဲေရးသား လာခဲ့တာ ျဖစ္ပါတယ္။

ဘယ္ႏွစ္နာရီမဆိုရဲ့ ၄၄ မိနစ္ ေရာက္ခ်ိန္တိုင္းမွာ …အံ ၅ ခါ ႀကိတ္မယ္…. ေတာက္ ၅ ခါ ေခါက္မယ္….လက္သီးက်စ္က်စ္ တင္းတင္း ၅ ႀကိမ္ ဆုပ္မယ္….အသက္ေတာင္ေပးခဲ့ရဲတဲ့ ….ၾကယ္ေတြအတြက္ ….ငါ ……ဒီေလာက္ေတာ့ လုပ္ေနနိုင္ရမယ္….ငါ….ဒီထက္အမ်ားႀကီး ပိုလုပ္နိုင္ပါေစသား… လို႔ ေရးတင္ခဲ့တာ ျဖစ္ပါတယ္.သူေရးထားတဲ့ပို႔စ္ေအာက္မွာေတာ့ အျမင္တူသူ မတူသူမ်ားနဲ႔ စည္ကားလို႔ ေနျပန္ပါတယ္။ ပရိသတ္ႀကီးလည္း ေမာင္ေမာင္ေအးရဲ့ ႏွိုးေဆာ္စာအတြက္ ဘယ္လိုျမင္ လဲေဝဖန္ေပးခဲ့ၾကပါအုံးေနာ္.

Credit

၄၄လမ်းက တိုက်ပေါ်ကခုန်ချပြီး ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေအတွက် သူကိုယ်တိုင်ကြိုးစားပြီး လုပ်ပေးမယ့်အရာတစ်ခုကို ပြောပြလာတဲ့ မောင်မောင်အေး

မောင်မောင်အေးလို့ ဆိုလိုက်ရင်တော့ ကတုံးနဲ့အသံပါဝါ အားကောင်းကောင်းနဲ့ လူတိုင်းကငေးနေ ရလောက်အောင် စကားပြောကောင်းတဲ့လူပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တဲ့ အစီစဉ်တင်ဆက်သူ မောင်မောင်အေးကတော့ သရုပ်ဆောင်သိပ်မ လုပ်ပေမယ့်လည်း ပရိသတ်တိုင်းနဲ့မစိမ်းတဲ့ဆယ်လီ တစ်ယောက်ပါပဲ။ထို့အပြင် မောင်မောင်အေး ကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်နေခဲ့သူပါ။

သူကိုယ်တိုင်လည်း ပြည်သူနဲ့ အတူ လှူကြမယ်အစီအစဉ်၊ We Love Yangon အဖွဲ့ ၊Quarantine ဝင်နေတဲ့ လူနာတွေကို သွားရောက်ဖျော်ဖြေရေးစတာတွေမှာ ကိုယ်ကျိုးမဖက်ဘဲ ရှိသမျှအချိန်ပေးပြီး ဦးဆောင်လုပ်ကိုင်နေသူပါ။ မြန်မာနိုင်ငံမှာဖြစ်သွားခဲ့တဲ့ အာဏာသိမ်းတဲ့လုပ်ရပ်နောက်ပိုင်း မှာတော့ စကစဘက်ကအလိုရှိနေတဲ့ ကျော်ကြားတဲ့ လူထဲမှာ မောင်မောင်အေးလဲ အပါအဝင်ပဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ပြစ်မှတ် ထားမှူကြောင့် ပြည်ပသို့ထွက်ပြေးခဲ့ရပါတယ်။ မောင်မောင်အေးက ဖေ့ဘုတ်စာမျက်နှာထက်မှာ ပေါ်ပင်စာလေးတွေကိုရေးသား တတ်သူဖြစ်တာကြောင့် အမြင်မတူသူတွေရဲ့ ဝေဖန်ခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကဖြစ်သွားခဲ့တဲ့ လူငယ် ၅ ဦးတိုက်ပေါ်က ခုန်ချခဲ့တဲ့အကြောင်းနဲ့ ပက်သက်လို့ ခုလိုပဲရေးသား လာခဲ့တာ ဖြစ်ပါတယ်။

ဘယ်နှစ်နာရီမဆိုရဲ့ ၄၄ မိနစ် ရောက်ချိန်တိုင်းမှာ …အံ ၅ ခါ ကြိတ်မယ်…. တောက် ၅ ခါ ခေါက်မယ်….လက်သီးကျစ်ကျစ် တင်းတင်း ၅ ကြိမ် ဆုပ်မယ်….အသက်တောင်ပေးခဲ့ရဲတဲ့ ….ကြယ်တွေအတွက် ….ငါ ……ဒီလောက်တော့ လုပ်နေနိုင်ရမယ်….ငါ….ဒီထက်အများကြီး ပိုလုပ်နိုင်ပါစေသား… လို့ ရေးတင်ခဲ့တာ ဖြစ်ပါတယ်.သူရေးထားတဲ့ပို့စ်အောက်မှာတော့ အမြင်တူသူ မတူသူများနဲ့ စည်ကားလို့ နေပြန်ပါတယ်။ ပရိသတ်ကြီးလည်း မောင်မောင်အေးရဲ့ နှိုးဆော်စာအတွက် ဘယ်လိုမြင် လဲဝေဖန်ပေးခဲ့ကြပါအုံးနော်.

Credit

About the author

Ms Cele

Leave a Comment