Celebrity


Written by Ms Cele





Credit:CELELUCKY

၄၄နှစ်ပြည့်မွေးနေ့ကို ယခင်နှစ်တွေကလို ကျင်းပခွင့်မရဘဲ အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်ကြီးရေ မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ၅၀၅(က) ဖြင့် တရားစွဲဆို ခံရပြီး နောက်တွင် အဖမ်းခံခဲ့ ရတာပါနော်။ နှစ်လကျော်လောက် ဘေးကင်းစွာတိမ်းရှောင်နေတာကို စစ်ကောင်စီမှ သူမရဲ့ သားနဲ့သမီးကို ဓားစာခံ အဖြစ် ဖမ်းမယ်လို့ ခြိမ်းခြောက်ခံ ခဲ့ရတာကြောင့် နေအိမ်သို့လာရောက် အဖမ်းခံခဲ့တာပါနော်။

ဒီနေ့ဟာလည်း ပြည်သူတွေ ချစ်ကြတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့လေးပါနော်။ သူမကို ချစ်ကြတဲ့ မင်းသား၊ မင်းသမီးတွေနဲ့ ပရိသတ်တွေကလည်း ရွှေမင်းသမီးလေးရဲ့ မွေးနေ့ကို ဆုတောင်းစာလေးတွေ ရေးသားထားကြတာပါနော်။ မွေးနေ့ ရောက်တိုင်း အိန္ဒြာကျော်ဇင် တစ်ယောက် အလှူအတန်းတွေ ပြုလုပ်လေ့ရှိသူဖြစ်တာကြောင့် ဒီနေ့မွေးနေ့မှာ ယောက္ခမက ကိုယ်စားလုပ်ပေး ခဲ့ပါတယ်နော်။

ပရိသတ် တွေလည်း ချစ်ရတဲ့ မင်းသမီးလေး အမြန်ဆုံး လွတ်ဖို့ ဆုတောင်းပေးနေကြ တာပါနော်။ ဒီနှစ်မွေးနေ့ကတော့ အိန္ဒြာကျော်ဇင်ရဲ့ စိတ်မကောင်းစရာမွေးနေ့ ရက်လေးပါပဲနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment