Celebrity

(၄) ႏွစ္ျပည့္ ခ်စ္သူႏွစ္ပတ္လည္ေလးမွာ ၾကည္ႏူးစရာ ပုံရိပ္ေလးေတြကို ပရိသတ္ေတြဆီမွ်ေ၀လာတဲ့ ဧၿငိမ္းျဖဴ

Written by Ms Cele

(၄) ႏွစ္ျပည့္ ခ်စ္သူႏွစ္ပတ္လည္ေလးမွာ ၾကည္ႏူးစရာ ပုံရိပ္ေလးေတြကို ပရိသတ္ေတြဆီမွ်ေ၀လာတဲ့ ဧၿငိမ္းျဖဴ

အခ်စ္ဆိုတာဘယ္ေတာ့မွ ေသဆုံးမသြားဘဲ အျမဲတမ္းခံစားခ်က္ အသစ္ေတြနဲ႔ အစက ျပန္ျပန္ၿပီး ခ်စ္ေနရတာမ်ိဳးပါ။ ရဲရင့္ေအာင္နဲ႔ ဧၿငိမ္းျဖဴတို႔စုံတြဲေလးဟာ မၾကာခဏဆိုသလို စကားမ်ားၾကေပမယ့္ တကယ္တမ္း မွာေတာ့ ေဝးကြာမသြားဘဲ ပိုပိုၿပီးနီးစပ္လာခဲ့ပါ တယ္။ ပိုၿပီးရန္ျဖစ္တဲ့ စုံတြဲေတြဟာ ပိုၿပီးခ်စ္ၾကတဲ့စုံတြဲေတြပါပဲ။ ရန္ျဖစ္ၿပီးရင္ ျပန္ခ်စ္ၾကတဲ့ အခိုက္အတန႔္ေလးဟာ ခ်စ္သူတိုင္းအတြက္ေတာ့ ၾကည္ႏူးစရာအေကာင္းဆုံးပါပဲ။

အတူတူလက္တြဲ လာခဲ့တာ (၄) ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္တဲ့ ရဲရင့္ေအာင္နဲ႔ ဧၿငိမ္းျဖဴတို႔ဟာ ႏွစ္ေယာက္သားရဲ့ ရိုဆန္ဆန္ပုံေလး ေတြကို လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။ အေကာင္းအဆိုးေတြကို အတူတူရင္ဆိုင္ ေက်ာ္ျဖတ္လာခဲ့တာ (၄) ႏွစ္ရွိခဲ့ၿပီျဖစ္ၿပီး ဒီသံေယာဇဥ္အတိုင္းအတာဟာလည္း အေတာ္ေလးကိုခိုင္ျမဲေနခဲ့ပါၿပီ။ တစ္ေယာက္ရဲ့ ေပ်ာ္ရႊင္မႈကို တစ္ေယာက္ကလိုလားတာဟာ လည္း အခ်စ္ပါပဲ။

(၄) ႏွစ္ျပည့္ ခ်စ္သူႏွစ္ပတ္လည္ေလးမွာ ဧၿငိမ္းျဖဴက သူမတို႔ႏွစ္ေယာက္ရဲ့ ၾကည္ႏူးစရာ ပုံရိပ္ေလးေတြကို ” ကုကုနဲ႔ကေလးငယ္ (၄) ႏွစ္ျပည့္ Anniversary ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမၽွခဲ့ ပါတယ္။ ရန္တစ္ခါျဖစ္ၿပီးရင္ တစ္ဆပိုတိုးလို႕ ခ်စ္ၿပီး သက္ဆုံးတိုင္ေပ်ာ္ရႊင္ တဲ့ မိသားစုဘဝေလးကို အျမန္ဆုံး တည္ေဆာက္နိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

Credit:Cele Zone
Source:A Nyein Phyu

(၄) နှစ်ပြည့် ချစ်သူနှစ်ပတ်လည်လေးမှာ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပရိသတ်တွေဆီမျှဝေလာတဲ့ ဧငြိမ်းဖြူ

အချစ်ဆိုတာဘယ်တော့မှ သေဆုံးမသွားဘဲ အမြဲတမ်းခံစားချက် အသစ်တွေနဲ့ အစက ပြန်ပြန်ပြီး ချစ်နေရတာမျိုးပါ။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးဟာ မကြာခဏဆိုသလို စကားများကြပေမယ့် တကယ်တမ်း မှာတော့ ဝေးကွာမသွားဘဲ ပိုပိုပြီးနီးစပ်လာခဲ့ပါ တယ်။ ပိုပြီးရန်ဖြစ်တဲ့ စုံတွဲတွေဟာ ပိုပြီးချစ်ကြတဲ့စုံတွဲတွေပါပဲ။ ရန်ဖြစ်ပြီးရင် ပြန်ချစ်ကြတဲ့ အခိုက်အတန့်လေးဟာ ချစ်သူတိုင်းအတွက်တော့ ကြည်နူးစရာအကောင်းဆုံးပါပဲ။

အတူတူလက်တွဲ လာခဲ့တာ (၄) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ နှစ်ယောက်သားရဲ့ ရိုဆန်ဆန်ပုံလေး တွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ အကောင်းအဆိုးတွေကို အတူတူရင်ဆိုင် ကျော်ဖြတ်လာခဲ့တာ (၄) နှစ်ရှိခဲ့ပြီဖြစ်ပြီး ဒီသံယောဇဉ်အတိုင်းအတာဟာလည်း အတော်လေးကိုခိုင်မြဲနေခဲ့ပါပြီ။ တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို တစ်ယောက်ကလိုလားတာဟာ လည်း အချစ်ပါပဲ။

(၄) နှစ်ပြည့် ချစ်သူနှစ်ပတ်လည်လေးမှာ ဧငြိမ်းဖြူက သူမတို့နှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ” ကုကုနဲ့ကလေးငယ် (၄) နှစ်ပြည့် Anniversary ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ ပါတယ်။ ရန်တစ်ခါဖြစ်ပြီးရင် တစ်ဆပိုတိုးလို့ ချစ်ပြီး သက်ဆုံးတိုင်ပျော်ရွှင် တဲ့ မိသားစုဘဝလေးကို အမြန်ဆုံး တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Credit:Cele Zone
Source:A Nyein Phyu

About the author

Ms Cele

Leave a Comment