International News

(၅)မိနစ္ အတြင္း ဘဏ္ အႏုၾကမ္း စီးၿပီး ေဒၚလာ တစ္သိန္းေက်ာ္ လုသြား တဲ့ ဆယ္လီ ႐ူးမေလး

Written by Ms Cele

(၅)မိနစ္ အတြင္း ဘဏ္ အႏုၾကမ္း စီးၿပီး ေဒၚလာ တစ္သိန္းေက်ာ္ လုသြား တဲ့ ဆယ္လီ ႐ူးမေလး

ဗီယက္နမ္ ဆယ္လီမေလး တစ္ေယာက္ ကေတာ့ သူမရဲ့ဘဝ ခုတ္ရာတျခား၊ ရွရာတလြဲ ျဖစ္လာတဲ့ အခ်ိန္မွာ အေႂကြးႏြံနစ္ေနတဲ့ ဒဏ္ကို ေျဖရွင္းဖို႔ အတြက္ ဘဏ္ အႏုၾကမ္းစီးဖို႔ ဆုံးျဖတ္လိုက္ ပါတယ္။ အသက္(၂၄)ႏွစ္အရြယ္ သာရွိေသးတဲ့ အဆိုပါ ေကာင္မေလးရဲ့အမည္ကိုေတာ့ Kang Pi လို႔ သိရ ပါတယ္။ သူမဟာ Kang Pi ( Phùng Thị Thắng ) အမည္ရ YouTube ခ်န္နယ္မွာ ဗြီဒီယို ေတြ တင္ထားပါတယ္။

ဒါေပမယ့္ သူမရဲ့ခ်န္နယ္မွာ Sub လုပ္သူ (၁၀၀)ဦးေတာင္ မရွိေသးပါဘူး။ သူမဟာ သ႐ုပ္ေဆာင္ နဲ႔ ေဖ်ာ္ေျဖေရးနယ္ပယ္ကို ဝင္ေရာက္ခ်င္တဲ့ အတြက္ အဆိုၿပိဳင္ပြဲေတြ၊ ဂိမ္းရွိုးေတြ၊ တယ္လီေဗးရွင္းအစီအစဥ္ေတြကို ေငြကုန္ေၾကးက်ခံၿပီး ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ သူမကို ဘယ္သူကမွ အႏုပညာနယ္ပယ္ ထဲကို လက္တြဲေခၚယူခ်င္သူ မရွိဘဲ၊ ေငြကုန္သံျပာဘဝနဲ႔ လုံးလည္လိုက္ေနခဲ့ပါတယ္။

အဆိုဘက္မွာ ေသခ်ာ ေလ့က်င့္ရင္ လမ္းေၾကာင္း တစ္ခု ျဖစ္လာနိုင္တယ္လို႔ ဝါရင့္အဆို ေက်ာ္ႀကီးက မွတ္ခ်က္ခ် ခံရဘူးတဲ့ သူမဟာ ဗီယက္နမ္ရဲ့နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြ နဲ႔လည္း တစ္ခန္း တဒဂၤမၽွ အတူတူ သ႐ုပ္ေဆာင္ ဖူးပါတယ္။ ဒါေပမယ့္ နာမည္ႀကီးဖို႔ ပါရမီကံနည္းပါးလြန္းလွတဲ့ သူမအတြက္ေတာ့ ႀကိဳစားသမၽွက အရာမထင္ခဲ့ပါဘူး။ ေနာက္ဆုံး အေႂကြးႏြံနစ္ေနတာကို ဘဏ္အႏုၾကမ္းစီးတာနဲ႔ ေျဖရွင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။

Kang Pi ဟာ ဟိုခ်ီမင္းၿမိဳ႕က TECHCOM ဘဏ္ကို သြားေရာက္ၿပီး ေငြေတြလု ယူခဲ့တာပါ။ သူမမွာ ေပါက္ကြဲေစနိုင္တဲ့ အရာဝတၳဳ ပါလာေၾကာင္း၊ ေငြေတြကို ထည့္မေပးရင္ စနက္တံ ကို ျဖဳတ္လိုက္မယ္လို႔ ေျပာခဲ့ပါတယ္။ ဘဏ္ဝန္ထမ္းေတြ ကလည္း ေၾကာက္ေၾကာက္ လန႔္လန႔္နဲ႔ ေငြေတြ ထည့္ေပးခဲ့ရာ၊ ဗီယက္နမ္ေဒါင္ (၂.၁)ဘီလီယံ အထိ ပါသြားခဲ့ပါတယ္။ တန္ဖိုးအားျဖင့္ ကန္ေဒၚလာ (၁၂၃၀၀၀)အထိ ရွိပါတယ္။

Kang ဟာ အသင့္ငွား ထားတဲ့ တကၠစီနဲ႔ ေဝးရာကိုေျပးကာ အဝတ္အစား ေတြ လဲလွယ္ၿပီး ဟန္မပ်က္ ေနထိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ျပစ္မႈ က်ဴးလြန္ၿပီး (၃)နာရီေလာက္ အၾကာမွာပဲ သူမကို ထိန္းသိမ္းနိုင္ ခဲ့တာပါ။ ေပါက္ကြဲေစနိုင္တယ္ ဆိုတဲ့ ပစၥည္းကို ဘဏ္ကေန ဖယ္ရွားခဲ့ပါတယ္။ ေသခ်ာ စစ္ေဆးၾကည့္ေတာ့ ဂက္စ္ဘူးေလး(၅)ခု ကို ပူးခ်ည္ထားၿပီး၊ LED မီးအနီႀကိဳးတြဲလ်က္နဲ႔ ပတ္ထား ပါတယ္။ ေနာက္ မီးျခစ္တစ္လုံးကိုလည္း ဓာတ္ဆီဘူးငယ္တစ္ခုနဲ႔ ပူးခ်ည္ထားပါေသးတယ္။

Kang ကို ဖမ္းဆီးၿပီးေနာက္ စစ္ေဆး တဲ့အခါ သူမ ရယူခဲ့တဲ့ပိုက္ဆံ ေတြထက္ အေႂကြးက ပိုမ်ားေနေသး တယ္လို႔ ေျပာပါတယ္။ သူမအေနနဲ႔ ဘာမွ ေရြးခ်ယ္စရာ မရွိေတာ့လို႔ ႀကံမိႀကံရာ လုပ္မိတာလို႔ ေျပာပါတယ္။ ဗီယက္နမ္ ရဲတပ္ဖြဲ႕အေနနဲ႔ တကၠစီဆရာ ကိုလည္း ဖမ္းဆီးစစ္ေဆး ေနပါတယ္။ သူကေတာ့ Kang ေသြးရိုးသားရိုး ေငြထုတ္မယ္ အထင္နဲ႔ လိုက္လာခဲ့ မိတာလို႔ ေျပာပါတယ္။ အမႈကို စစ္ေဆးေနဆဲပါ။

(၅)မိနစ် အတွင်း ဘဏ် အနုကြမ်း စီးပြီး ဒေါ်လာ တစ်သိန်းကျော် လုသွား တဲ့ ဆယ်လီ ရူးမလေး

ဗီယက်နမ် ဆယ်လီမလေး တစ်ယောက် ကတော့ သူမရဲ့ဘဝ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်လာတဲ့ အချိန်မှာ အကြွေးနွံနစ်နေတဲ့ ဒဏ်ကို ဖြေရှင်းဖို့ အတွက် ဘဏ် အနုကြမ်းစီးဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အသက်(၂၄)နှစ်အရွယ် သာရှိသေးတဲ့ အဆိုပါ ကောင်မလေးရဲ့အမည်ကိုတော့ Kang Pi လို့ သိရ ပါတယ်။ သူမဟာ Kang Pi ( Phùng Thị Thắng ) အမည်ရ YouTube ချန်နယ်မှာ ဗွီဒီယို တွေ တင်ထားပါတယ်။

ဒါပေမယ့် သူမရဲ့ချန်နယ်မှာ Sub လုပ်သူ (၁၀၀)ဦးတောင် မရှိသေးပါဘူး။ သူမဟာ သရုပ်ဆောင် နဲ့ ဖျော်ဖြေရေးနယ်ပယ်ကို ဝင်ရောက်ချင်တဲ့ အတွက် အဆိုပြိုင်ပွဲတွေ၊ ဂိမ်းရှိုးတွေ၊ တယ်လီဗေးရှင်းအစီအစဉ်တွေကို ငွေကုန်ကြေးကျခံပြီး ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူမကို ဘယ်သူကမှ အနုပညာနယ်ပယ် ထဲကို လက်တွဲခေါ်ယူချင်သူ မရှိဘဲ၊ ငွေကုန်သံပြာဘဝနဲ့ လုံးလည်လိုက်နေခဲ့ပါတယ်။

အဆိုဘက်မှာ သေချာ လေ့ကျင့်ရင် လမ်းကြောင်း တစ်ခု ဖြစ်လာနိုင်တယ်လို့ ဝါရင့်အဆို ကျော်ကြီးက မှတ်ချက်ချ ခံရဘူးတဲ့ သူမဟာ ဗီယက်နမ်ရဲ့နာမည်ကျော် သရုပ်ဆောင်တွေ နဲ့လည်း တစ်ခန်း တဒင်္ဂမျှ အတူတူ သရုပ်ဆောင် ဖူးပါတယ်။ ဒါပေမယ့် နာမည်ကြီးဖို့ ပါရမီကံနည်းပါးလွန်းလှတဲ့ သူမအတွက်တော့ ကြိုစားသမျှက အရာမထင်ခဲ့ပါဘူး။ နောက်ဆုံး အကြွေးနွံနစ်နေတာကို ဘဏ်အနုကြမ်းစီးတာနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

Kang Pi ဟာ ဟိုချီမင်းမြို့က TECHCOM ဘဏ်ကို သွားရောက်ပြီး ငွေတွေလု ယူခဲ့တာပါ။ သူမမှာ ပေါက်ကွဲစေနိုင်တဲ့ အရာဝတ္ထု ပါလာကြောင်း၊ ငွေတွေကို ထည့်မပေးရင် စနက်တံ ကို ဖြုတ်လိုက်မယ်လို့ ပြောခဲ့ပါတယ်။ ဘဏ်ဝန်ထမ်းတွေ ကလည်း ကြောက်ကြောက် လန့်လန့်နဲ့ ငွေတွေ ထည့်ပေးခဲ့ရာ၊ ဗီယက်နမ်ဒေါင် (၂.၁)ဘီလီယံ အထိ ပါသွားခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ (၁၂၃၀၀၀)အထိ ရှိပါတယ်။

Kang ဟာ အသင့်ငှား ထားတဲ့ တက္ကစီနဲ့ ဝေးရာကိုပြေးကာ အဝတ်အစား တွေ လဲလှယ်ပြီး ဟန်မပျက် နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြစ်မှု ကျူးလွန်ပြီး (၃)နာရီလောက် အကြာမှာပဲ သူမကို ထိန်းသိမ်းနိုင် ခဲ့တာပါ။ ပေါက်ကွဲစေနိုင်တယ် ဆိုတဲ့ ပစ္စည်းကို ဘဏ်ကနေ ဖယ်ရှားခဲ့ပါတယ်။ သေချာ စစ်ဆေးကြည့်တော့ ဂက်စ်ဘူးလေး(၅)ခု ကို ပူးချည်ထားပြီး၊ LED မီးအနီကြိုးတွဲလျက်နဲ့ ပတ်ထား ပါတယ်။ နောက် မီးခြစ်တစ်လုံးကိုလည်း ဓာတ်ဆီဘူးငယ်တစ်ခုနဲ့ ပူးချည်ထားပါသေးတယ်။

Kang ကို ဖမ်းဆီးပြီးနောက် စစ်ဆေး တဲ့အခါ သူမ ရယူခဲ့တဲ့ပိုက်ဆံ တွေထက် အကြွေးက ပိုများနေသေး တယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ဘာမှ ရွေးချယ်စရာ မရှိတော့လို့ ကြံမိကြံရာ လုပ်မိတာလို့ ပြောပါတယ်။ ဗီယက်နမ် ရဲတပ်ဖွဲ့အနေနဲ့ တက္ကစီဆရာ ကိုလည်း ဖမ်းဆီးစစ်ဆေး နေပါတယ်။ သူကတော့ Kang သွေးရိုးသားရိုး ငွေထုတ်မယ် အထင်နဲ့ လိုက်လာခဲ့ မိတာလို့ ပြောပါတယ်။ အမှုကို စစ်ဆေးနေဆဲပါ။

About the author

Ms Cele

Leave a Comment