Celebrity

(၅၄) ႏွစ္ျပည့္ ေမြးေန႔မွာ ဧရာဝတီ ကိုဗစ္ ကုသေရး စင္တာကို ေငြက်ပ္သိန္း(၂၀၀) လႉဒါန္း ခဲ့တဲ့ ရန္ေအာင္

Written by Ms Cele

(၅၄) ႏွစ္ျပည့္ ေမြးေန႔မွာ ဧရာဝတီ ကိုဗစ္ ကုသေရး စင္တာကို ေငြက်ပ္သိန္း(၂၀၀) လႉဒါန္း ခဲ့တဲ့ ရန္ေအာင္

ႏိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ ရန္ေအာင္ ကေတာ့ အႏုပညာ သက္တမ္း ႏွစ္သုံးဆယ္ေက်ာ္ အတြင္း ေအာင္ျမင္မႈ အရွိန္အဟုန္ လုံးဝက်ဆင္းသြားျခင္း မရွိပဲ ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြကို လႊမ္းမိုးထားႏိုင္ဆဲ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ပါတယ္။ “မယ္သီတာလို မိန္းကေလး”၊ “ပုဂံမွာ သာတဲ့လ”၊ “အလင္းေဖ်ာ့ေကာင္းကင္”၊ “ညမင္းသား”၊ “ေမာဟမ်ဥ္းၿပိဳင္မ်ား”၊ “ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ” စတဲ့ ရုပ္ရွင္္ဇာတ္ကားၾကီးေတြနဲ့ အကယ္ဒမီဆု (၆) ဆုတိတိရရိွထားတဲ့ ရန္ေအာင္က တစ္ကိုယ္တည္း လူပ်ိဳၾကီးအျဖစ္ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၁၄) ရက္ေန့ ကေတာ့ တစ္နုိင္ငံလံုးက ပရိသတ္ ေတြခ်စ္ၾကတဲ့ အကယ္ဒမီမ်ားရွင္ ရန္ေအာင္ရဲ့ အသက္ (၅၄) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ရန္ေအာင္က သူ့ရဲ့ ေမြးေန့မွာ ဧရာဝတီကိုဗစ္ကုသေရးစင္တာကို ေငြက်ပ္သိန္း(၂၀၀) လႉဒါန္းခဲ့ေၾကာင္း အခုလိုေျပာျပလာပါတယ္။ “”မဂၤလာပါ” ခ်စ္သူ ခင္သူ ျမတ္ႏိုးသူမ်ားေရ..💙💙💙 ဒီေန႔ ကြၽန္ေတာ့္ရဲ႕ “၅၄”ႏွစ္ျပည့္ေမြးေန႔ေပါ့..🎂🎂🎂ေမြးေန႔ေရာက္တိုင္း ပထမဆုံးသတိရမိတာ အေမ့ကိုပါ။ ဒီႏွစ္ေတာ့ အေမ့ အတြက္ ေ႐ႊပုတီး📿(စိပ္ပုတီး)ေလးကန္ေတာ့မလို႔ ေအာ္ဒါမွာထားလိုက္တယ္။ (အေမကေတာ့ပီတိေတြျဖစ္လို႔ေပါ့)🥰🥰🥰🥰🥰”

“ဒီႏွစ္ လႉရလို႔ စိတ္ထဲ ေပ်ာ္မိတာ ေနာက္တစ္ခုက အခုျဖစ္ေနတဲ့Covid-19 တိုက္ဖ်က္ေရး အတြက္ ဧရာဝတီစင္တာ မွာ ေလာေလာ လတ္လတ္ Live Sale အလုပ္လုပ္ရင္း လႉဖို႔စုထားတဲ့ ေငြေလး လႉလိုက္ရလို႔ပါပဲ။ အဲ့လိုလႉႏိုင္ေအာင္ အလုပ္ေတြ အပ္ၾကတဲ့ စိန္ေ႐ႊရတနာ ကုန္ပစၥည္းပိုင္ရွင္ မ်ားေရာ ၾကည့္ရႈ,ဝယ္ယူၾကသူ ရတနာခ်စ္သူ အားလုံးေရာ၊ အားေပးၾကည့္ရႈၾကသူ ပရိသတ္ အေပါင္းႏွင့္ WE LOVE YAN AUNG အဖြဲ႕မွ ခ်စ္သူမ်ားေရာ၊ ကြၽန္ေတာ့ကို ထာဝရအားေပးၾကတဲ့ အႏုပညာ ခ်စ္ပရိသတ္မ်ား အားလုံးရဲ႕ကုသိုလ္အလႉ ဆိုလည္းမမွားပါဘူးခင္ဗ်ာ။ ဒါေၾကာင့္ ယေန႔ေစတနာသုံး တန္ျဖင့္ ႏွစ္ႏွစ္ကာကာ လႉဒါန္းတဲ့ အလႉအတြက္ ၃၁ ဘုံမွာရွိရွိ သမွ် လူ နတ္ ျဗမၼာ သတၱဝါ အေပါင္းကို အမွ်ေပးေဝပါတယ္။ မရသူ မရွိ ရၾကပါေစဗ်ာ။ ” ဆိုျပီး မွ်ေဝေပး လာပါတယ္။

ရန္ေအာင္ ကေတာ့ သူ့ရဲ့ အသက္ (၅၄) နွစ္ျပည့္ေမြးေန့မွာ လူ့ေလာကၾကီးထဲကို ေရာက္ရိွ လာေအာင္ ေမြးဖြားေပးခဲ့တဲ့ မိခင္ၾကီး အတြက္ ေရႊစိပ္ပုတီးနဲ့ သူစုေဆာင္းထားတဲ့ ေငြေၾကးေတြနဲ့ ဧရာဝတီကိုဗစ္ကုသေရးစင္တာကို ေငြက်ပ္သိန္း(၂၀၀) လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ရန္ေအာင္ရဲ့ ကုသိုလ္ေလးကို ထပ္တူဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

(၅၄) နှစ်ပြည့် မွေးနေ့မှာ ဧရာဝတီ ကိုဗစ် ကုသရေး စင်တာကို ငွေကျပ်သိန်း(၂၀၀) လှူဒါန်း ခဲ့တဲ့ ရန်အောင်

နိုင်ငံကျော် အကယ်ဒမီများရှင် ရန်အောင် ကတော့ အနုပညာ သက်တမ်း နှစ်သုံးဆယ်ကျော် အတွင်း အောင်မြင်မှု အရှိန်အဟုန် လုံးဝကျဆင်းသွားခြင်း မရှိပဲ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကို လွှမ်းမိုးထားနိုင်ဆဲ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ “မယ်သီတာလို မိန်းကလေး”၊ “ပုဂံမှာ သာတဲ့လ”၊ “အလင်းဖျော့ကောင်းကင်”၊ “ညမင်းသား”၊ “မောဟမျဉ်းပြိုင်များ”၊ “ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ” စတဲ့ ရုပ်ရှင််ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆု (၆) ဆုတိတိရရှိထားတဲ့ ရန်အောင်က တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ ကတော့ တစ်နိုင်ငံလုံးက ပရိသတ် တွေချစ်ကြတဲ့ အကယ်ဒမီများရှင် ရန်အောင်ရဲ့ အသက် (၅၄) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရန်အောင်က သူ့ရဲ့ မွေးနေ့မှာ ဧရာဝတီကိုဗစ်ကုသရေးစင်တာကို ငွေကျပ်သိန်း(၂၀၀) လှူဒါန်းခဲ့ကြောင်း အခုလိုပြောပြလာပါတယ်။ “”မင်္ဂလာပါ” ချစ်သူ ခင်သူ မြတ်နိုးသူများရေ..💙💙💙 ဒီနေ့ ကျွန်တော့်ရဲ့ “၅၄”နှစ်ပြည့်မွေးနေ့ပေါ့..🎂🎂🎂မွေးနေ့ရောက်တိုင်း ပထမဆုံးသတိရမိတာ အမေ့ကိုပါ။ ဒီနှစ်တော့ အမေ့ အတွက် ရွှေပုတီး📿(စိပ်ပုတီး)လေးကန်တော့မလို့ အော်ဒါမှာထားလိုက်တယ်။ (အမေကတော့ပီတိတွေဖြစ်လို့ပေါ့)🥰🥰🥰🥰🥰”

“ဒီနှစ် လှူရလို့ စိတ်ထဲ ပျော်မိတာ နောက်တစ်ခုက အခုဖြစ်နေတဲ့Covid-19 တိုက်ဖျက်ရေး အတွက် ဧရာဝတီစင်တာ မှာ လောလော လတ်လတ် Live Sale အလုပ်လုပ်ရင်း လှူဖို့စုထားတဲ့ ငွေလေး လှူလိုက်ရလို့ပါပဲ။ အဲ့လိုလှူနိုင်အောင် အလုပ်တွေ အပ်ကြတဲ့ စိန်ရွှေရတနာ ကုန်ပစ္စည်းပိုင်ရှင် များရော ကြည့်ရှု,ဝယ်ယူကြသူ ရတနာချစ်သူ အားလုံးရော၊ အားပေးကြည့်ရှုကြသူ ပရိသတ် အပေါင်းနှင့် WE LOVE YAN AUNG အဖွဲ့မှ ချစ်သူများရော၊ ကျွန်တော့ကို ထာဝရအားပေးကြတဲ့ အနုပညာ ချစ်ပရိသတ်များ အားလုံးရဲ့ကုသိုလ်အလှူ ဆိုလည်းမမှားပါဘူးခင်ဗျာ။ ဒါကြောင့် ယနေ့စေတနာသုံး တန်ဖြင့် နှစ်နှစ်ကာကာ လှူဒါန်းတဲ့ အလှူအတွက် ၃၁ ဘုံမှာရှိရှိ သမျှ လူ နတ် ဗြမ္မာ သတ္တဝါ အပေါင်းကို အမျှပေးဝေပါတယ်။ မရသူ မရှိ ရကြပါစေဗျာ။ ” ဆိုပြီး မျှဝေပေး လာပါတယ်။

ရန်အောင် ကတော့ သူ့ရဲ့ အသက် (၅၄) နှစ်ပြည့်မွေးနေ့မှာ လူ့လောကကြီးထဲကို ရောက်ရှိ လာအောင် မွေးဖွားပေးခဲ့တဲ့ မိခင်ကြီး အတွက် ရွှေစိပ်ပုတီးနဲ့ သူစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ဧရာဝတီကိုဗစ်ကုသရေးစင်တာကို ငွေကျပ်သိန်း(၂၀၀) လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရန်အောင်ရဲ့ ကုသိုလ်လေးကို ထပ်တူဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment