Celebrity


Written by Ms Cele





Credit:Cele Gabar

၅ကြိမ်မြောက် ဘိုးဘွားများ ကို စောင့်ရှောက် ကြပါစို့ မျှဝေကြပါစို့ အစီအစဉ်ရဲ့ ကံထူးရှင် အဘွားကို ကူညီခဲ့တဲ့ နေဒွေး

ပရိသတ်ကြီးရေ မင်းသားချောလေး နေဒွေး ကတော့ သူ့ရဲ့ ချစ်ရတဲ့ Fans(Naymily)လေးတွေနဲ့အတူ လစဉ် လတိုင်း ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့ အစီအစဉ်အတွက် သက်ကြီး ဘိုးဘွားတွေကို လိုက်လံလှူဒါန်းမှုတွေပြုလုပ်လျက် ရှိတာပါ ။ ဒီဇင်ဘာလအတွက်လှူဒါန်းမှုနဲ့ဆို ”ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့/မျှဝေကြပါစို့” ဆိုတဲ့ အလှူလေးက (၅) အကြိမ်မြောက် ဖြစ်ခဲ့ပါပြီ ။

နေဒွေး တစ်ယောက် ၅ကြိမ်မြောက် ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့ အစီအစဉ်ရဲ့ ကံထူးရှင်အဘွား အတွက် ဒီနေ့ ဒီဇင်ဘာလ (၂)ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။ လှူဒါန်းခံရတဲ့ အဘွားက ယာဉ်တိုက်မှုကြောင့် ခါးရိုးအဆစ်လွဲ ထားတာ ဖြစ်ပြီး တနေ့တာ ဝမ်းစာအတွက် ဒီအချိန် ဒီရောဂါကြားမှာ ရေသန့်ဘူးကောက်ပြီး ဝမ်းရေးဖြေရှင်းနေ ရတာဖြစ်လို့ ဒီအလှူလေး ကတော့ တကယ်ကို ကြည်နူးစရာ ဖြစ်သွားခဲ့ရပါတယ် ပရိသတ်ကြီးရေ ..။

ဒီအဘွားကိုလှူချင် သူများထပ်ရှိခဲ့ရင်လည်း အဘွားရဲ့နေရပ်လိပ်စာကို လာရောက်မေးမြန်းနိုင် ပါတယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ နေဒွေးကိုချစ်တဲ့ ချစ်ပရိသတ်ကြီး အတွက် (၅) ကြိမ်မြောက် အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်လေး တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment