Celebrity

(၆) ရက္တာခရီးစဥ္ကို ဇိမ္ခံသေဘၤာႀကီးေပၚမွာ အတူတူ ေပ်ာ္ရႊင္စြြာ ျဖတ္သန္းၾကမယ့္ ေမာင္နဲ႕ ရီရီပြင့္ျဖဴ

Written by Ms Cele

(၆) ရက္တာခရီးစဥ္ကို ဇိမ္ခံသေဘၤာႀကီးေပၚမွာ အတူတူ ေပ်ာ္ရႊင္စြြာ ျဖတ္သန္းၾကမယ့္ ေမာင္နဲ႕ ရီရီပြင့္ျဖဴ

အတူတူခ်စ္လာခဲ့တဲ့ (၇) ႏွစ္ေက်ာ္အတြင္းမွာ နားလည္မႈေတြက ေျပာစမရာလိုေလာက္ေအာင္ ျပည့္စုံေနၾကၿပီျဖစ္တဲ့ စိန္ၿဖိဳးလွိုင္နဲ႔ ရီရီပြင့္ျဖဴတို႔ဟာ ႏွစ္ေယာက္သားရဲ့ သြားလာလႈပ္ရွားမႈ ေတြကို Blog ေလး လုပ္ၿပီးပရိသတ္ေတြကို ျပန္လည္တင္ဆက္တတ္ၾကပါ တယ္။ ဒီတစ္ေခါက္မွာလည္း ႏွစ္ေယာက္သား ဇိမ္ခံသေဘၤာႀကီးနဲ႔ (၆) ရက္တာခရီးထြက္မယ့္ အေပ်ာ္ပုံရိပ္ေလးေတြကို ေဝမၽွခဲ့ပါတယ္။

ႏွစ္ေယာက္သားရဲ့အေျပာအဆိုေတြကအစ တကယ့္ကိုရင္းႏွီးပြင့္လင္းၿပီး ခ်စ္ခင္တယ္ဆိုတာ ဗီဒီယိုေလးေတြက သက္ေသပါပဲ။ တစ္ခ်ိဳ႕ပရိသတ္ေတြက စိန္ၿဖိဳးရဲ့ပြင့္လင္းတဲ့ အေျပာအဆိုေတြကို ေထာက္ျပေပမယ့္ စိန္ၿဖိဳးကေတာ့ ရီရီ့ကိုသိပ္ခ်စ္တဲ့အေၾကာင္းနဲ႔ ဒီလိုပြင့္ပြင့္လင္းလင္းေျပာဆိုတာဟာ ႏွစ္ေယာက္ၾကားမွာ အက်င့္ပါေနၿပီျဖစ္လို႔ နားလည္ေပးဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္။

အတူတူေပ်ာ္ေနၾကတဲ့ပုံရိပ္ေတြကိုေတာ့ ” တကယ့္ကို Super Luxury ပါပဲ ဒီသေဘၤာႀကီးနဲ႔ (၆) ရက္ ခရီးသြားမယ္ ” ဆိုၿပီး တင္ထားၾကတာပဲျဖစ္ပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ခရီးေတြကို ႏွစ္ေတြအၾကာႀကီး အတူတူထပ္ၿပီးသြားနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit: Cele Zone
Source: Sein Phyo & Yi

(၆) ရက်တာခရီးစဉ်ကို ဇိမ်ခံသင်္ဘောကြီးပေါ်မှာ အတူတူ ပျော်ရွှင်စွွာ ဖြတ်သန်းကြမယ့် မောင်နဲ့ ရီရီပွင့်ဖြူ

အတူတူချစ်လာခဲ့တဲ့ (၇) နှစ်ကျော်အတွင်းမှာ နားလည်မှုတွေက ပြောစမရာလိုလောက်အောင် ပြည့်စုံနေကြပြီဖြစ်တဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ဟာ နှစ်ယောက်သားရဲ့ သွားလာလှုပ်ရှားမှု တွေကို Blog လေး လုပ်ပြီးပရိသတ်တွေကို ပြန်လည်တင်ဆက်တတ်ကြပါ တယ်။ ဒီတစ်ခေါက်မှာလည်း နှစ်ယောက်သား ဇိမ်ခံသင်္ဘောကြီးနဲ့ (၆) ရက်တာခရီးထွက်မယ့် အပျော်ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။

နှစ်ယောက်သားရဲ့အပြောအဆိုတွေကအစ တကယ့်ကိုရင်းနှီးပွင့်လင်းပြီး ချစ်ခင်တယ်ဆိုတာ ဗီဒီယိုလေးတွေက သက်သေပါပဲ။ တစ်ချို့ပရိသတ်တွေက စိန်ဖြိုးရဲ့ပွင့်လင်းတဲ့ အပြောအဆိုတွေကို ထောက်ပြပေမယ့် စိန်ဖြိုးကတော့ ရီရီ့ကိုသိပ်ချစ်တဲ့အကြောင်းနဲ့ ဒီလိုပွင့်ပွင့်လင်းလင်းပြောဆိုတာဟာ နှစ်ယောက်ကြားမှာ အကျင့်ပါနေပြီဖြစ်လို့ နားလည်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

အတူတူပျော်နေကြတဲ့ပုံရိပ်တွေကိုတော့ ” တကယ့်ကို Super Luxury ပါပဲ ဒီသင်္ဘောကြီးနဲ့ (၆) ရက် ခရီးသွားမယ် ” ဆိုပြီး တင်ထားကြတာပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ခရီးတွေကို နှစ်တွေအကြာကြီး အတူတူထပ်ပြီးသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit: Cele Zone
Source: Sein Phyo & Yi

About the author

Ms Cele

Leave a Comment