Celebrity


Written by Ms Cele





Credit: Cele Zone
Source:Nay Win

ကြည်နူးစရာကောင်းပြီး လှပတဲ့ ရှုခင်းတွေကို နောက်ခံထားကာ အမိုက်စားရိုဆန်ဆန်ပုံလေးတွေကို ရိုက်ကူးထားတဲ့ နေဝင်းတို့စုံတွဲ

ပရိသတ်တွေ အားကျနေရတဲ့ စံပြစုံတွဲလေး ကတော့ အဆိုတော် နေဝင်းနဲ့ Travel Blogger အိမ့်ချစ်ချောတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သာယာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နေဝင်းတို့ စုံတွဲဟာ နှစ်တွေအကြာကြီးတွဲခဲ့ပြီး ဆယ်နှစ်အကြာမှာ လက်ထက်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းကို ချစ်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို အတူတူ ဖန်တီးတည်ဆောက် ထားကြတာလည်း ဖြစ်ပါတယ်။

အိမ့်ချစ်ချောတို့ဇနီး မောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမကြပြီး အေးအတူပူအမျှလက်တွဲ နေထိုင်နေကြတာပါ ။နေဝင်းကလည်း သူ့ထက် အများကြီးငယ်တဲ့ ဇနီးချောလေးကို အလိုလိုက်ပြီး ကြင်နာယုယပေး တာဖြစ်ပါတယ်။မကြာခဏဆိုသလို ခရီးတွေ အတူတူထွက်ကာ ပျော်ရွှင်စရာ အမှတ်တရလေးတွေကိုလည်း ဖန်တီးတတ်ပါသေးတယ်။

လတ်တလောမှာလည်း အရမ်းလှတဲ့ တောင်တန်းရှုခင်းတွေကို နောက်ခံထားကာ ရိုဆန်ဆန်ပုံလေးတွေကို ရိုက်ကူးထားတဲ့ အမိုက်စားပုံလေးတွေကို ဝေမျှထားပြန်ပါတယ်။ ပုံတိုင်းက အပျော်တွေကူးစက် သွားရလောက်အောင် ကြည်နူးအားကျစရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit: Cele Zone
Source:Nay Win

About the author

Ms Cele

Leave a Comment