Celebrity


Written by Ms Cele





Credit:CeleGabar
Source – Ei Chaw Po – စူစူ

ကြည်နူးဖွယ်ကောင်းလွန်းပြီး သီချင်းလေးနဲ့ အညီ မြန်မာဆန်စွာ လိုက်ဖက်ညီအောင် ရိုက်ကူးထားခဲ့တဲ့ အိချောပိုရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပို ကတော့ ပရိသတ်တွေရဲ့ အားပေးဖြစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ မြန်မာဆန်လွန်းလှပြီး အချိုးအစား လှပလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားကာ အိချောပိုကိုယ်တိုင် ကလည်း မြန်မာဝတ်စုံတွေကို အမြတ်တနိုးနဲ့ တန်ဖိုးထားပြီး ဝတ်ဆင်လေ့ရှိပါတယ်။

လတ်တလော မှာလည်း အိချောပိုက မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ နာမည်ကြီး အဆိုတော်ကြီး ဖြစ်တဲ့ တေးရေးဆရာ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ထူးအိမ်သင်ရဲ့ နာမည်ကြီး သီချင်းနှစ်ပုဒ်ကိုနောက်ခံထားပြီး ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ခေါင်းလောင်းလေးတွေမြည်နေပြီ” နဲ့ “တနေ့နေ့တော့ချစ်၍လာလိမ့်မည်” သီချင်း(၂)ပုဒ်ကို Cover ပြန်လည်သီဆိုထားတဲ့ သီချင်းလေးနဲ့ လိုက်ဖက်ညီစွာရိုက်ကူးထားခဲ့တာပါ။

သီချင်းလေးနဲ့ အညီ မြန်မာဆန်စွာ လိုက်ဖက် ညီအောင် ရိုက်ကူးထားခဲ့တဲ့ အိချောပိုရဲ့ ဗီဒီယိုလေး ကတော့ ကြည့်ရှုရတဲ့ သူတွေအတွက် အေးချမ်းပြီး ကြည်နူးဖွယ်ကောင်းလွန်း လှတာကြောင့် လူကြီးလူငယ်ပရိသတ်မရွေးက သဘောကျနှစ်သက်နေ ခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ကြည့်ရှုသူတိုင်း ချီးကျူးနေခဲ့ရတဲ့ အိချောပိုရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေဖော်ပြ လိုက်ပါတယ်။

Credit:CeleGabar
Source – Ei Chaw Po – စူစူ

About the author

Ms Cele

Leave a Comment