Celebrity


Written by Ms Cele





Credit:Swelsone News

ခြိမ့်ကေကို လွတ်မြောက်လာပြီ ဖြစ်ကြောင်း ပြောပြလာတဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ.. ဒိန်းဒေါင်လို့ ဆိုလိုက်တာနဲ့ ရယ်စရာ ဟာသလေးတွေနဲ့ ပရ်သတ်တွေကို အမြဲရယ်မောစေ သလို ပရဟိတအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင်ကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။ဟာသလူရွှင်တော် တစ်ယောက်အဖြစ် ဇာတ်သဘင် လောကအပြင် သရုပ်ဆောင် အဖြစ်လည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ ဒိန်းဒေါင်ကတော့ အနုပညာလောက မှာလည်း ပရိသတ်အချစ်တွေနဲ့အတူ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူပါ..။

ဒီနေ့ညမှာ ဒိန်းဒေါင်ဟာ အချုပ်ကျခံ နေရတဲ့ ခြိမ့်ကေကိုနဲ့ ပတ်သက်ပြီး ဝမ်းသာ စကားလေးပြောပြလာတာပဲဖြစ်ပါတယ်။ခြိမ့်ကေကို ဟာ မြစ်သားမြို့နယ်မှာ ကိုဗစ်ဥပဒေ စည်ကမ်းချိုးဖောက်မှုနဲ့ အမှုဖွင့်ခံရပြီး နောက် တိမ်းရှောင်နေခဲ့ရာမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ တာဖြစ်ပြီး အချုပ်ကျခဲ့ တာဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် ညပိုင်းမှာတော့ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်းက သူ့ရဲ့လူမှုကွန်ရက်မှ တဆင့် “ဌက်ပျောသီး အပြင်ပြန်ရောက်ပါပြီတာဝန်ရှိသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်ခင်ဗျာ” ဆိုတဲ့ စာသား ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီး အတွက် အချုပ်ကနေလွတ်လာပြီ ဖြစ်တဲ့ ခြိမ့်ကေကို အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီး အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment