Celebrity

ၿခိမ္းေျခာက္မႈေတြ စြတ္စြဲမႈေတြ ထပ္မံေပၚထြက္လာတဲ့အတြက္ ပရိသတ္ေတြကို အကူအညီတစ္ခုေတာင္းလိုက္တဲ့ ေမပန္းခ်ီ

Written by Ms Cele

ၿခိမ္းေျခာက္မႈေတြ စြတ္စြဲမႈေတြ ထပ္မံေပၚထြက္လာတဲ့အတြက္ ပရိသတ္ေတြကို အကူအညီတစ္ခုေတာင္းလိုက္တဲ့ ေမပန္းခ်ီ

ပရိတ္သတ္ႀကီးေရ…ျပည္သူခ်စ္ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေမပန္းခ်ီဟာဆိုရင္ ႐ုပ္ရွင္ဇာတ္ေကာင္းေပါင္း မ်ားစြာကို ရိုက္ကူးထားတဲ့အျပင္ဗီဒီယို ဇာတ္ကားေတြကိုလည္း က်ရာဇၾတ္႐ုပ္မွာပီျပင္ပိုင္နိုင္စြာသ႐ုပ္ေဆာင္နိုင္တဲ့ အႏုပညာရွင္ေကာင္း တစ္ေယာက္ပဲျဖစ္ ပါတယ္ေနာ္..။ခႏၶာကိုယ္အခ်ိဴးအစား မိမိုက္လြန္း တဲ့ေမပန္းခ်ီက ေယာက်ာ္းေလးပရိတ္သတ္မ်ားစြာရဲ့အားေပး ခ်စ္ခင္မႈကိုရရွိထားတဲ့အျပင္ မိန္းကေလးပရိတ္သတ္ေတြကပါ သူမရဲ့ခႏၶာကိုယ္ အခ်ိဳးအစားေျပျပစ္မႈကိုအားက်ေနၾကတာပဲျဖစ္ပါတယ္ေနာ္။

ေမပန္းခ်ီက အခုလက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ျပည္သူလူထုနဲ႔အတူ ဓမၼဘက္ကရပ္တည္ခဲ့တဲ့သူ တစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္။သူမက ေႏြဦးေတာ္လွန္ေရးရဲ့လူထုလႈပ္ရွားမွာလည္း တက္တက္ႂကြႂကြပါဝင္ခဲ့တဲ့အတြက္ ပရိတ္သတ္ေတြကလညး္ဂုဏ္ယူေနခဲ့တာပဲျဖဟ္ပါတယ္။ခုလက္ရွိမွာဆိုရင္လည္း ေမပန္းခ်ီကို မသာမာသူတစ္ခ်ိဳ႕ရဲ့ၿခိမ္းေျခာက္ စာပို႔တာေတြကို ခံေနရတဲ့အတြက္ ပရိတ္သတ္ေတြကသူမရဲ့ လုံျခဳံေရးကိုအထူး စိုးရိမ္ေနၾကတာပဲျဖစ္ပါတယ္။ သူမကိုဖမ္းမိပါက မေတာ္မတရား ေစာ္ကားမယ္ဆိုၿပီးေျခာက္စာေတြပို႔ခဲ့တာကိုလည္း ခံခဲ့ရပါေသးတယ္ေနာ္။။။

အဲ့ဒီလိုေတြေၾကုံေတြေနရတဲ့ ေမပန္းခ်ီမွာ ပရိတ္သတ္ေတြ မသိေသးတဲ့ ၿခိမ္းေျခာက္မႈေတြအျပင္ လုပ္ႀကံနာမည္ဖ်က္တာေတြ အစြပ္စြဲခံရတာကိုလည္း ေန႔စဥ္ဆက္တိုက္ၾကဳံေတြ႕ေနရတာပဲျဖစ္ပါတယ္ေနာ္။ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ပန္းခ်ီကပရိတ္သတ္ႀကီးကို သူမၾကဳံေတြေနရတဲ့အေၾကာင္းအရာေတြကို အခုလိုရင္ဖြင့္ေျပာျပထားၿပီးအကူအညီလည္းေတာင္းထားပါေသးတယ္ေနာ္။

အဲ့ဒါကေတာ့ “ကၽြန္မ အၿခိမ္းေျခာက္ခံထား ရပါတယ္ ရွင့္ ထို႔ေၾကာင့္ ဒီရက္ ပိုင္း လုပ္ႀကံ S S ေတြ လုပ္ႀကံ ပိုစ့္ ေတြ လုပ္ႀကံၿပီးနာမည္ဖ်တ္တာေတြ ျပည္သူေတြအထင္လႊဲေအာင္ လုပ္မွာေတြ ရွိေကာင္းရွိလာပါလိမ့္မယ္ ထို႔ေၾကာင့္ တစ္စုံတစ္ရာ အထင္လႊဲစရာမ်ားရွိခဲ့ပါ က ၿခိမ္းေျခာက္ ထားတဲ့ အသံေတြ က်မ တင္ပါ့မယ္ထို႔ေနာက္ ကိုယ္နဲ႔မဆိုင္ပဲ ျပန႔္ေနတဲ့တျခားသူရဲ့ သတင္းေတြ အေပၚမွာလဲ ကၽြန္မ လုပ္ပါတယ္လို႔အစြပ္ဆြဲခံ ထားရပါတယ္ ဒါေၾကာင့္ (၇)ရက္သားသမီးမ်ားအား ႀကိဳတင္အသိေပးထားတာပါ ထို႔ေၾကာင့္ တစ္ခုခု ျဖစ္ခဲ့ရင္ ဓမၼသာ အနိုင္ရပါေစ 🙏🏼🙏🏼🙏🏼🙏🏼🙏🏼ျဖစ္နိုင္ရင္ အမ်ားျပည္သူေတြပါ သိထားရေအာင္ share ေပးထားပါရွင့္ ျပည္သူေတြကို ဒီတစ္ခါပဲ အကူအညီေတာင္းတာပါ ပန္းခ်ီအေကာင့္ အပိတ္ခံထားရလို႔ပါ ” ဆိုၿပီး သူမရဲ့ Page ကေနတစ္ဆင့္ပရိတ္သတ္ကို အကူအညီေတာင္းထားတာပဲျဖဟ္ပါတယ္ေနာ္…။ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီၚကိုအထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။

Source ; May Panche Facebook Page
Credit ; Celebrity Platforms

ခြိမ်းခြောက်မှုတွေ စွတ်စွဲမှုတွေ ထပ်မံပေါ်ထွက်လာတဲ့အတွက် ပရိသတ်တွေကို အကူအညီတစ်ခုတောင်းလိုက်တဲ့ မေပန်းချီ

ပရိတ်သတ်ကြီးရေ…ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် ရုပ်ရှင်ဇာတ်ကောင်းပေါင်း များစွာကို ရိုက်ကူးထားတဲ့အပြင်ဗီဒီယို ဇာတ်ကားတွေကိုလည်း ကျရာဇတြ်ရုပ်မှာပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ပဲဖြစ် ပါတယ်နော်..။ခန္ဓာကိုယ်အချိူးအစား မိမိုက်လွန်း တဲ့မေပန်းချီက ယောကျာ်းလေးပရိတ်သတ်များစွာရဲ့အားပေး ချစ်ခင်မှုကိုရရှိထားတဲ့အပြင် မိန်းကလေးပရိတ်သတ်တွေကပါ သူမရဲ့ခန္ဓာကိုယ် အချိုးအစားပြေပြစ်မှုကိုအားကျနေကြတာပဲဖြစ်ပါတယ်နော်။

မေပန်းချီက အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ ဓမ္မဘက်ကရပ်တည်ခဲ့တဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်နော်။သူမက နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေကလညး်ဂုဏ်ယူနေခဲ့တာပဲဖြဟ်ပါတယ်။ခုလက်ရှိမှာဆိုရင်လည်း မေပန်းချီကို မသာမာသူတစ်ချို့ရဲ့ခြိမ်းခြောက် စာပို့တာတွေကို ခံနေရတဲ့အတွက် ပရိတ်သတ်တွေကသူမရဲ့ လုံခြုံရေးကိုအထူး စိုးရိမ်နေကြတာပဲဖြစ်ပါတယ်။ သူမကိုဖမ်းမိပါက မတော်မတရား စော်ကားမယ်ဆိုပြီးခြောက်စာတွေပို့ခဲ့တာကိုလည်း ခံခဲ့ရပါသေးတယ်နော်။။။

အဲ့ဒီလိုတွေကြေုံတွေနေရတဲ့ မေပန်းချီမှာ ပရိတ်သတ်တွေ မသိသေးတဲ့ ခြိမ်းခြောက်မှုတွေအပြင် လုပ်ကြံနာမည်ဖျက်တာတွေ အစွပ်စွဲခံရတာကိုလည်း နေ့စဉ်ဆက်တိုက်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်နော်။ဒီအကြောင်းနဲ့ပတ်သက်ပြီး ပန်းချီကပရိတ်သတ်ကြီးကို သူမကြုံတွေနေရတဲ့အကြောင်းအရာတွေကို အခုလိုရင်ဖွင့်ပြောပြထားပြီးအကူအညီလည်းတောင်းထားပါသေးတယ်နော်။

အဲ့ဒါကတော့ “ကျွန်မ အခြိမ်းခြောက်ခံထား ရပါတယ် ရှင့် ထို့ကြောင့် ဒီရက် ပိုင်း လုပ်ကြံ S S တွေ လုပ်ကြံ ပိုစ့် တွေ လုပ်ကြံပြီးနာမည်ဖျတ်တာတွေ ပြည်သူတွေအထင်လွှဲအောင် လုပ်မှာတွေ ရှိကောင်းရှိလာပါလိမ့်မယ် ထို့ကြောင့် တစ်စုံတစ်ရာ အထင်လွှဲစရာများရှိခဲ့ပါ က ခြိမ်းခြောက် ထားတဲ့ အသံတွေ ကျမ တင်ပါ့မယ်ထို့နောက် ကိုယ်နဲ့မဆိုင်ပဲ ပြန့်နေတဲ့တခြားသူရဲ့ သတင်းတွေ အပေါ်မှာလဲ ကျွန်မ လုပ်ပါတယ်လို့အစွပ်ဆွဲခံ ထားရပါတယ် ဒါကြောင့် (၇)ရက်သားသမီးများအား ကြိုတင်အသိပေးထားတာပါ ထို့ကြောင့် တစ်ခုခု ဖြစ်ခဲ့ရင် ဓမ္မသာ အနိုင်ရပါစေ 🙏🏼🙏🏼🙏🏼🙏🏼🙏🏼ဖြစ်နိုင်ရင် အများပြည်သူတွေပါ သိထားရအောင် share ပေးထားပါရှင့် ပြည်သူတွေကို ဒီတစ်ခါပဲ အကူအညီတောင်းတာပါ ပန်းချီအကောင့် အပိတ်ခံထားရလို့ပါ ” ဆိုပြီး သူမရဲ့ Page ကနေတစ်ဆင့်ပရိတ်သတ်ကို အကူအညီတောင်းထားတာပဲဖြဟ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီါ်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source ; May Panche Facebook Page
Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment