Celebrity

ၿငိမ္းခ်မ္းစြာဆႏၵျပရင္း အသက္ဆုံးရႈံးသြားတဲ့ ျမသြဲ႕သြဲ႕ခိုင္အတြက္ ေနျပည္ေတာ္ထိလိုက္ၿပီး ဈာပနအခမ္းအနား ျပင္ဆင္ေပးခဲ့တဲ့ ေက်ာ္သူရဲ့ နာေရးကူညီမႈအသင္း

Written by Ms Cele

ၿငိမ္းခ်မ္းစြာဆႏၵျပရင္း အသက္ဆုံးရႈံးသြားတဲ့ ျမသြဲ႕သြဲ႕ခိုင္အတြက္ ေနျပည္ေတာ္ထိလိုက္ၿပီး ဈာပနအခမ္းအနား ျပင္ဆင္ေပးခဲ့တဲ့ ေက်ာ္သူရဲ့ နာေရးကူညီမႈအသင္း

လက္ရွိ ျမန္မာ့ျပည္တြင္းမွာ ျဖစ္ေနတဲ့ ဆႏၵျပပြဲေတြကေတာ့ တစ္ေန႔ထက္ တစ္ေန႔ အရွိန္အဟုန္ျမင့္ လာသလို ျပည္သူေတြမွာလည္း ေသဆုံးမႈေတြ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ေနျပည္ေတာ္ ဆႏၵျပပြဲမွာ ဦးေခါင္းကို က်ည္ထိမွန္ခဲ့တဲ့ (၁၉) ႏွစ္အရြယ္ မိန္းကေလး ျမသြဲ႕သြဲ႕ခိုင္ကလည္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ (၁၉) ရက္ေန႔မွာ ဒဏ္ရာေၾကာင့္ ဆုံးပါးသြားခဲ့ၿပီ ျဖစ္ပါတယ္။

ျမသြဲ႕သြဲ႕ခိုင္ အတြက္ ျပည္သူ တစ္ရပ္လုံးက ဝမ္းနည္းၾက သလို ပရဟိတ မင္းသားႀကီး ဦးေက်ာ္သူတို႔ရဲ့ နာေရးကူညီမႈအသင္း (ရန္ကုန္)ကလည္း စိတ္ထိခိုက္ေၾကကြဲရကာ ျမသြဲ႕သြဲ႕ခိုင္ရဲ့ ေနာက္ဆုံးခရီးကို အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ေပးခဲ့ၾကပါတယ္။

ျမသြဲ႕သြဲ႕ခိုင္ရဲ့ ဈာပန အခမ္းအနားကို ဒီကေန႔ ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႔ မွာ ေနျပည္ေတာ္ရွိ ေကြ႕ႀကီး သုႆန္မွာ ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ဦးေက်ာ္သူရဲ့ နာေရးကူညီမႈ အသင္း (ရန္ကုန္) အသင္းသားမ်ားက ေနျပည္ေတာ္ထိလိုက္ၿပီး ရတနာကိုးသြယ္ ကၽြန္းအေခါင္းႀကီး ျဖင့္ ဂုဏ္ျပဳသၿဂႋဳလ္မႈျပဳခဲ့ၾကတာကို ေတြ႕ရပါတယ္။

ျမသြဲ႕သြဲ႕ခိုင္ ကေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပရင္း အသက္ဆုံးရႈံး ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ အာဇာနည္ သမီးငယ္ မျမသြဲ႕သြဲ႕ခိုင္ ေကာင္းရာ သုဂတိလားပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: နာေရးကူညီမႈအသင္း-ရန္ကုန္’s fb
Credit:Cele Connections

ငြိမ်းချမ်းစွာဆန္ဒပြရင်း အသက်ဆုံးရှုံးသွားတဲ့ မြသွဲ့သွဲ့ခိုင်အတွက် နေပြည်တော်ထိလိုက်ပြီး ဈာပနအခမ်းအနား ပြင်ဆင်ပေးခဲ့တဲ့ ကျော်သူရဲ့ နာရေးကူညီမှုအသင်း

လက်ရှိ မြန်မာ့ပြည်တွင်းမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကတော့ တစ်နေ့ထက် တစ်နေ့ အရှိန်အဟုန်မြင့် လာသလို ပြည်သူတွေမှာလည်း သေဆုံးမှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နေပြည်တော် ဆန္ဒပြပွဲမှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တဲ့ (၁၉) နှစ်အရွယ် မိန်းကလေး မြသွဲ့သွဲ့ခိုင်ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ ဒဏ်ရာကြောင့် ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

မြသွဲ့သွဲ့ခိုင် အတွက် ပြည်သူ တစ်ရပ်လုံးက ဝမ်းနည်းကြ သလို ပရဟိတ မင်းသားကြီး ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကလည်း စိတ်ထိခိုက်ကြေကွဲရကာ မြသွဲ့သွဲ့ခိုင်ရဲ့ နောက်ဆုံးခရီးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးခဲ့ကြပါတယ်။

မြသွဲ့သွဲ့ခိုင်ရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ မှာ နေပြည်တော်ရှိ ကွေ့ကြီး သုဿန်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်း (ရန်ကုန်) အသင်းသားများက နေပြည်တော်ထိလိုက်ပြီး ရတနာကိုးသွယ် ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှုပြုခဲ့ကြတာကို တွေ့ရပါတယ်။

မြသွဲ့သွဲ့ခိုင် ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း အသက်ဆုံးရှုံး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဇာနည် သမီးငယ် မမြသွဲ့သွဲ့ခိုင် ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: နာရေးကူညီမှုအသင်း-ရန်ကုန်’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment