Celebrity


Written by Ms Cele





Credit:CeleGabar
Source – Burmese Ghouls

ပြိုင်ဘက် အသင်းတွေကို အကြိတ်အနယ်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ဖိုင်နယ်ပွဲစဉ်ကို တက်လှမ်းသွားတဲ့ Burmese Ghouls အသင်း

ပရိသတ်ကြီးရေ စင်ကာပူနိုင်ငံမှာ လက်ခံကျင်းပနေ ခဲ့တဲ့ M2 World Championship ပြိုင်ပွဲကြီး ကိုတော့ မြန်မာ့ကိုယ်စားပြု အသင်းအနေနဲ့ Burmese Ghouls အသင်း ကတော့ သွားရောက်ယှဉ်ပြိုင်နေခဲ့ပါတယ်။Burmese Ghouls အသင်းကတော့ Esport လောကမှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးဖြစ်တဲ့ ကမ္ဘာချန်ပီယံဆုကြီးကို ပေးအပ်တဲ့ M2 ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံရဲ့တစ်သင်းတည်းသော အသင်းအဖြစ်နဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။

ဒီနေ့မှာတော့ Burmese Ghouls အသင်းဟာ မြန်မာ့ Esport သမိုင်းရဲ့ ပထမဆုံးစံချိန်တစ်ခုအနေနဲ့ M2 World Championship ပြိုင်ပွဲကြီးရဲ့ Grand Final ကို ရှုံးပွဲမရှိဆိုတဲ့ ရလဒ်နဲ့အတူ ဂုဏ်ယူစွာနဲ့ တက်လှမ်းသွားနိုင် ခဲ့ပါတယ်။ ပြိုင်ဘက် အသင်းတွေကို အကြိတ်အနယ်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ထိုက်ထိုက်တန်တန်နဲ့ကို စံချိန်အသစ်နဲ့ တက်ရောက်သွား ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံတကာကလာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ဘက်အသင်းတွေကြားထဲမှာ ရှုံးပွဲမရှိရလဒ်ကို ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့ Burmese Ghouls အသင်းရဲ့ စွမ်းရည်တွေကတော့ တကယ်မှကြောက်ခမန်းလိလိပါပဲ။

Champion ဆုကြီးကို အရယူဖို့ ရည်ရွယ်ချက်ထားကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Burmese Ghouls အသင်းရဲ့ စွမ်းဆောင်ရည်တွေက တကယ်ကိုပဲစွမ်းရည်ပြည့်ဝ လွန်းလှတာကြောင့် မြန်မာပရိသတ်တွေကလည်း ဂုဏ်ယူမဆုံးဖြစ်နေ ခဲ့ရပါတယ်။ မြန်မာပရိသတ်တွေ ကလည်း မြန်မာကိုယ်စားပြုအသင်းဖြစ်တဲ့ Burmese Ghouls အသင်းကို Final ပွဲစဉ်မှာလည်း အားပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီနော်။

Credit:CeleGabar
Source – Burmese Ghouls

About the author

Ms Cele

Leave a Comment