Celebrity

ၿပိဳေနတဲ့ အိမ္ေလး ထဲမွာေန ရတဲ့ ေျမးအဖိုး ႏွစ္ေယာက္ အတြက္ အိမ္ေလး တစ္လုံးေဆာက္ ေပးသြားမယ့္ လင္းလင္း နဲ႔ ခ်စ္သုေဝ

Written by Ms Cele

ၿပိဳေနတဲ့ အိမ္ေလး ထဲမွာေန ရတဲ့ ေျမးအဖိုး ႏွစ္ေယာက္ အတြက္ အိမ္ေလး တစ္လုံးေဆာက္ ေပးသြားမယ့္ လင္းလင္း နဲ႔ ခ်စ္သုေဝ

ျမန္မာနိုင္ငံရဲ့အေရးကိစၥတိုင္းအတြက္ ေခတ္သစ္ ေဖာင္ေဒးရွင္းကေန တဆင့္ လိုအပ္လာတိုင္း လက္မေႏွးကူညီေန သူေတြျဖစ္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ဇနီးေမာင္ႏွံ ကေတာ့ ျမန္မာနိုင္ငံမွာ ကိုဗစ္စတင္ျဖစ္ပြား ကတည္းကေန ယေန႔အခ်ိန္ထိ သိန္း(၄၀၀၀) နီးပါးလႉဒါန္းေပး နိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ကိုဗစ္အလႉေတြ သာမက အျခားလိုအပ္ေနတဲ့ေနရာ ေတြကိုလည္း ဆက္တိုက္ဆိုသလို ကူညီေနပါေသးတယ္။

ဒီေန႔မွာေတာ့ ၿပိဳေနတဲ့အိမ္ေလးထဲမွာ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေန ေနရတဲ့ ေျမးအဖိုးႏွစ္ေယာက္ အတြက္ အိမ္ေလးတစ္လုံးေဆာက္လုပ္လႉဒါန္း သြားမယ္လို႔ သိရပါတယ္။ အဖိုးျဖစ္သူက အသက္(၇၀) ေက်ာ္ေနၿပီျဖစ္ၿပီး ဝမ္းစာအတြက္ ကုန္စိမ္းေရာင္းခ် အသက္ေမြးေနရသူပါ။ သူတို႔ရဲ့အိမ္ေလးကေတာ့ ၿပိဳက်ေနတာၾကာ ၿပီျဖစ္ေပမယ့္ ေန႔စဥ္စားေသာက္ဖို႔ အေရးသာ အာ႐ုံစိုက္ေနရတာမို႔ ၿပိဳက်ေနတဲ့ အိမ္ေလးထဲမွာပဲ ေျမးအဖိုး(၂) ေယာက္ ျဖစ္သလို ေနေနရတာျဖစ္ပါတယ္။ ဒါ့အျပင္ အဘိုးတို႔ေနတဲ့ ရပ္ကြက္က ေခ်ာင္းနဲ႔နီးတဲ့ ရပ္ကြက္ျဖစ္ေနတာမို႔ မိုးမ်ားၿပီး ေရတက္ လာတိုင္း ညအခ်ိန္ မေတာ္လည္း အိမ္ထဲကထြက္ၿပီး ေရလြတ္ရာ လမ္းမႀကီး ဘက္ကို သြားေနရင္း ဒီအိမ္ေလးနဲ႔ပဲ ျဖစ္သလို ေနထိုင္ေနရပါတယ္တဲ့ ပရိသတ္ႀကီးေရ…

ခ်စ္သုေဝကေတာ့ မိတ္ေဆြ တစ္ေယာက္ရဲ့ ေျပာျပမႈေၾကာင့္ အဘိုးတို႔ ေျမးအဘိုးႏွစ္ေယာက္ ရဲ့အိမ္ေလးကို ကိုယ္တိုင္ သြားၾကည့္ခဲ့ၿပီးေနာက္ မွာေတာ့ အဘိုးတို႔ ေျမးအဘိုး အတြက္ အိမ္ေလး တစ္လုံးေဆာက္လုပ္ လႉဒါန္းေပးသြားမွာ ျဖစ္ပါတယ္။ လင္းလင္းကေတာ့ အခုလို လိုအပ္ေနတဲ့ သူေတြကို သိရွိၿပီး လႉဒါန္းေပးနိုင္ဖို႔ဆိုတာ ျပည္သူလူထုထဲထိသြားၿပီး တဆင့္ျပန္ေျပာေပးတဲ့သူေတြရွိလို႔သာ လႉေပးနိုင္တာျဖစ္ေၾကာင္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ေျမးအဘိုးႏွစ္ေယာက္အတြက္ တကယ္လိုအပ္ေနတဲ့အရာေလးတစ္ခုကို လႉဒါန္းေပးခဲ့တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ့အလႉေလးအတြက္ သာဓုေခၚေပးခဲ့ၾကပါဦးေနာ္။

Credit: Rainbow- Cele Gabar

ပြိုနေတဲ့ အိမ်လေး ထဲမှာနေ ရတဲ့ မြေးအဖိုး နှစ်ယောက် အတွက် အိမ်လေး တစ်လုံးဆောက် ပေးသွားမယ့် လင်းလင်း နဲ့ ချစ်သုဝေ

မြန်မာနိုင်ငံရဲ့အရေးကိစ္စတိုင်းအတွက် ခေတ်သစ် ဖောင်ဒေးရှင်းကနေ တဆင့် လိုအပ်လာတိုင်း လက်မနှေးကူညီနေ သူတွေဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွား ကတည်းကနေ ယနေ့အချိန်ထိ သိန်း(၄၀၀၀) နီးပါးလှူဒါန်းပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်အလှူတွေ သာမက အခြားလိုအပ်နေတဲ့နေရာ တွေကိုလည်း ဆက်တိုက်ဆိုသလို ကူညီနေပါသေးတယ်။

ဒီနေ့မှာတော့ ပြိုနေတဲ့အိမ်လေးထဲမှာ ချို့ချို့တဲ့တဲ့နေ နေရတဲ့ မြေးအဖိုးနှစ်ယောက် အတွက် အိမ်လေးတစ်လုံးဆောက်လုပ်လှူဒါန်း သွားမယ်လို့ သိရပါတယ်။ အဖိုးဖြစ်သူက အသက်(၇၀) ကျော်နေပြီဖြစ်ပြီး ဝမ်းစာအတွက် ကုန်စိမ်းရောင်းချ အသက်မွေးနေရသူပါ။ သူတို့ရဲ့အိမ်လေးကတော့ ပြိုကျနေတာကြာ ပြီဖြစ်ပေမယ့် နေ့စဉ်စားသောက်ဖို့ အရေးသာ အာရုံစိုက်နေရတာမို့ ပြိုကျနေတဲ့ အိမ်လေးထဲမှာပဲ မြေးအဖိုး(၂) ယောက် ဖြစ်သလို နေနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အဘိုးတို့နေတဲ့ ရပ်ကွက်က ချောင်းနဲ့နီးတဲ့ ရပ်ကွက်ဖြစ်နေတာမို့ မိုးများပြီး ရေတက် လာတိုင်း ညအချိန် မတော်လည်း အိမ်ထဲကထွက်ပြီး ရေလွတ်ရာ လမ်းမကြီး ဘက်ကို သွားနေရင်း ဒီအိမ်လေးနဲ့ပဲ ဖြစ်သလို နေထိုင်နေရပါတယ်တဲ့ ပရိသတ်ကြီးရေ…

ချစ်သုဝေကတော့ မိတ်ဆွေ တစ်ယောက်ရဲ့ ပြောပြမှုကြောင့် အဘိုးတို့ မြေးအဘိုးနှစ်ယောက် ရဲ့အိမ်လေးကို ကိုယ်တိုင် သွားကြည့်ခဲ့ပြီးနောက် မှာတော့ အဘိုးတို့ မြေးအဘိုး အတွက် အိမ်လေး တစ်လုံးဆောက်လုပ် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ လင်းလင်းကတော့ အခုလို လိုအပ်နေတဲ့ သူတွေကို သိရှိပြီး လှူဒါန်းပေးနိုင်ဖို့ဆိုတာ ပြည်သူလူထုထဲထိသွားပြီး တဆင့်ပြန်ပြောပေးတဲ့သူတွေရှိလို့သာ လှူပေးနိုင်တာဖြစ်ကြောင်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ မြေးအဘိုးနှစ်ယောက်အတွက် တကယ်လိုအပ်နေတဲ့အရာလေးတစ်ခုကို လှူဒါန်းပေးခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Credit: Rainbow- Cele Gabar

About the author

Ms Cele

Leave a Comment